







လေးစားစွာဖြင့်#ပေသီး#

unicode

ပေါ့ဆနေတဲ့ မြန်မာပြည်ကြီး ကို (၂၆)နှစ် အရွယ် CB ဘဏ် ဝန်ထမ်း ကိုဗစ်လူနာက လှုပ်နှိုးလိုက်ပီ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ပြည်တွင်း ကူးစက်ခံရသော ကိုဗစ်လူနာ တစ်ဦးတွေ့ရှိရကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက မနေ့ည ၈ နာရီတွင်သတင်းထုတ်ပြန်သည်။

ကိုဗစ်လူနာအမှတ်စဉ် ၃၇၅ သည် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကိုဗစ်လူနာနှင့်ထိတွေ့ခြင်းမရှိသကဲ့သို့၊ ခရီးသွားရာဇဝင်လည်းမရှိကြောင်း

စောင့်ကြည့်လူနာအဖြစ်မှ ကိုဗစ်စိစစ်တွေ့ရှိ ရခြင်းဖြစ်ပြီး စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူစေမည်ဖြစ်ကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကိုဗစ်လူနာအမျိုးသမီးသည် ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးဖြစ်ပြီး သူသွားလာလှုပ်ရှားခဲ့တဲ့နေရာတွေကတော့ ပုံထဲသာ ဖတ်ကြည့်ကြတော့ဗျာ..။

အဲ့ဒီအမျိုးသမီး သွားလာခဲ့တဲ့နေရာကလူတွေ ထိတွေ့ ခဲ့တဲ့လူတွေ သိရှိဆင်ခြင်နိုင်အောင် များများလေး မျှဝေပေးကြပါအုံး။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၇၅) ဦး ရှိပြီး သေဆုံးသူ ၆ ဦးရှိနေပြီဖြစ်သည်။

မြန်မာပြည်ကြီးနဲ့အတူ တကမ္ဘာလုံး ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေ။

လေးစားစွာဖြင့်#ပေသီး#

Add a Comment

Your email address will not be published. Required fields are marked *

16 − 8 =