unicode
တစ်သက်လုံး အသုံး ဝင် တဲ့ မြန်မာ့ ရိုးရာ ဆေးနည်းပေါင်းစုံ ရှယ်သွားနော် တစ်ချိန် မဟုတ် တစ်ချိန် အသုံးဝင်မှာ သေချာပါတယ်
တစ်သက်လုံး အသုံးဝင်တဲ့ မြန်မာ့ရိုးရာ ဆေးနည်းပေါင်း စုံရှယ်သွားနော် တစ်ချိန်မဟုတ် တစ်ချိန် အသုံးဝင်မှာ သေချာပါတယ် ချောင်းဆိုးလျှင်….ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ … ရင်ပြည့်ရင်ကယ်….ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ –ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှ အသာအယာသပ်ချပါ … နှာပိတ်သော်…..ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့် ဆွဲပေးပါ … တက်လျှင်….ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် …ရေငတ်ဝမ်းကျ …..ဆီးသီးအစေ့အတွင်းမှအဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့် ရောပြီး စားပေးပါ … ကင်းထိုးသော်…….ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ …ကြို့ထိုးလျှင်……ကြက်သွန်းနီကိုထန်းလျှက်နှင့် နိုင်းချင်း ကြိတ်၍စား …ခရုသင်း…..ကျည်းသီးဆန်ကိုဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာ စားရပါသည် …ခြေတုန်လက်တုန်ဖြစ်လျှင်….ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏
ခါးနာ ခါးကိုက်……ညောင်ခြေထောက်ပင် ၏ နို့စေးရည် လိမ်းပေးပါ …ငှက်ဖျားထလျှင်…..မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။ခံတွင်းပျက်လျှင်…..ကြိတ်မှန် ရွက်ယိုထိုးစားပေးပါ …ခေါင်းတခြမ်းကိုက်လျှင်….ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။စကားထစ်လျှင်. . နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ … စအိုယားနာ….ကြိတ်မှန်ရွက် အရည်ညှစ်၍စအိုဝတွင် သုံးလေးကြိမ် သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိမ့်မည် …ဆီးချုပ်လျှင်….ငုပင်၏ အနှစိုကိုသွေး၍ ချက်အောက်မကြာခဏ လိမ်းပေးပါ …ဆီးတစက်စက်ကျလျှင်…ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ …
ဆီးချုပ်လျှင် ……ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ဆီးအောင့်ကျောက်တည်လျှင်……ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ …ဆီးချိုဖြစ်လျှင်….ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကျို၍ သောက်ပါ …ဆီးအနှစ်ကျလျှင်…..သင်္ဘော ရွက် သုံးရွက်ကိုထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊ သုံးခွက် တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ဆီးပူလျှင်…..ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ် …ဆံပင်ပြန်ပေါက်ဆေး……သံပုရာစေ့ကိုရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏ …တင်းတိပ်….နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ …ဓာတ်ချုပ်လျှင် ……ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ …
နားကိုက်လျှင်…..ကြက်သွန်နီကိုမီးဖုတ် ၊ အရည်နွေးနွေးနားထဲထည့် နားကိုက်ခြင်းပျောက်၏ …နားအူ နားလေထွက်လျှင်….သဘောင်္ရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ …နားပြည်ယိုလျှင်….ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ကြက်တောင်နှင့် ကျပ်ပေးပါ …နားအတွင်းပိုးကောင်ဝင်လျှင်….ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့်နားကို ကျပ်ပေးပါ …
နို့ကြောင်းပိတ်လျှင်….ကြိတ်မှန်ရွက်ကို ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ …နို့လှိုင်လှိုင်ထွက်ဆေး……စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏ …နှလုံးရောဂါဖြစ်လျှင်.. ခရေပင်၏ အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက် ၏ ။နှခေါင်းသွေးလျှံလျှင်……ငှက်ပျောပင်မှ ထွက်သော အစေး ကို ရှူပေးပါ …နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. … ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ …
ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူယူမျှဝေသည် …။ ။
Credit ချစ်ညီလေး…ညာဏ်ကြွယ်
Add a Comment
Your email address will not be published. Required fields are marked *
1 × three =