စိန္ အလုံးေပါင္း ၃၆၀၀ နဲ႔ စီျခယ္ ထားတဲ့ ကမာၻ႔တန္ဖိုးအႀကီးဆုံး Mask

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ စတင္ လာခ်ိန္ကစလို႔ လူမႈဘဝ ပုံစံသစ္နဲ႔ အသားက်လာတဲ့ ေန႔စဥ္ဘဝမွာ ႏွာေခါင္းစည္း Mask ကလည္း မရွိမျဖစ္ အသုံးျပဳရမယ့္ပစၥည္း ျဖစ္လာခဲ့ပါၿပီ။ တခါသုံး Mask ကေန ကိုယ္တိုင္ ဒီဇိုင္းထြင္ခ်ဳပ္ထားတာအဆုံး တျဖည္းျဖည္းနဲ႔ က်ယ္ျပန႔္လာပါတယ္။သူ႔ထက္ငါ ဆန္းျပားေအာင္ ထြင္လာတဲ့ေနရာမွာ အစၥေရးႏိုင္ငံ အေျခစိုက္၊ ေဂ်႐ုဆလင္ၿမိဳ႕က လက္ဝတ္ရတနာ ကုမၸဏီတခုကေန ကမာၻ႔ေဈးအႀကီးဆုံး Mask ကို ျပဳလုပ္ေပးေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ လာေရာက္ အပ္ႏွံထားသူဟာ အမည္မသိ စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္တယ္လို႔ နီးစပ္သူေတြၾကားမွာ သတင္းထြက္ေနပါတယ္။Yvel လက္ဝတ္ရတနာ အမွတ္တံဆိပ္ကေန ေ႐ႊျဖဴနဲ႔ စိန္စီထားတဲ့ အေမရိကန္ေဒၚလာ ၁ ဒႆမ ၅ သန္းတန္ဖိုး ရွိ Mask ကို ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။ ကမာၻ႔တန္ဖိုးအႀကီးဆုံး စိန္အလုံးေပါင္း ၃,၆၀၀ နဲ႔ စီျခယ္ထားတဲ့ Mask ကို COVID-19 ေရာဂါ ကာကြယ္ဖို႔အျပင္ အဆိုပါ စီးပြားေရးလုပ္ငန္းရွင္က သူ႔ရဲ႕ႂကြယ္ဝ ခ်မ္းသာမႈကိုပါ ျပခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ အပ္ႏွံထားတာ ျဖစ္ပါတယ္။

Parts and a model of a mask is displayed in the Israeli jewelry company Yvel in Motza near Jerusalem, Sunday, Aug. 9, 2020. An Israeli jewelry company is working on what it says will be the world’s most expensive coronavirus mask, a gold, diamond-encrusted face covering with a price tag of $1. 5 million. (AP Photo/Sebastian Scheiner)

Mask ဒီဇိုင္နာလည္းျဖစ္၊ Yvel လက္ဝတ္ရတနာ အမွတ္တံဆိပ္ ပိုင္ရွင္လည္းျဖစ္တဲ့ Isaac Levy က သူ႔ေဖာက္သည္အတြက္ ကမာၻ႔တန္ဖိုးအႀကီးဆုံးျဖစ္လာမယ့္ Mask ကို ဒီႏွစ္အကုန္ပိုင္းေလာက္မွာ အၿပီးသတ္ဖို႔ ရည္႐ြယ္ထားသလို၊ အဆိုပါ Mask ကို စိန္အျဖဴနဲ႔ အမည္း အလုံးေပါင္း ၃၆၀၀ နဲ႔ ၁၈ ကာရက္ရွိ ေ႐ႊျဖဴကိုအေျခခံ ျပဳလုပ္ထားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။တန္ဖိုးအႀကီးဆုံး Mask မွာယူထားသူကို ဘယ္သူဘယ္ဝါလို႔ ထုတ္ေဖာ္မေျပာေပမယ့္ အေမရိကန္ႏိုင္ငံမွာ ေနထိုင္တဲ့ တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္တဦး ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ စိန္ေတြနဲ႔ စီျခယ္ထားတဲ့ Mask ဟာ ျမင္လိုက္သူတိုင္းကို အေရာင္အဝါ ေတာက္ပမႈေတြ ျမင္ေတြ႕ႏိုင္မွာ ျဖစ္သလို၊ တကယ့္ေဆး႐ုံသုံး Mask ေတြအတိုင္း ဗိုင္းရပ္စ္ မဝင္ေအာင္ filter ေတြနဲ႔ စစ္ထုတ္ေပးထားမွာပါ။

သူ႔အေလးခ်ိန္က ၂၇၀ ဂရမ္ရွိလို႔ ပုံမွန္တခါသုံး Mask ေတြထက္ အဆ ၁၀၀ ေလးတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ပုံမွန္ တပ္ေနက် Mask လိုေတာ့ သက္ေသာင့္သက္သာ မရွိေပမယ့္ ပိုင္ဆိုင္မႈကို ႂကြားဝါခ်င္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္က ပိုမ်ားေနပါတယ္။“ေငြက အရာတိုင္း မဝယ္ႏိုင္ေပမယ့္ COVID-19 ကာကြယ္ဖို႔အတြက္ တန္ဖိုးအႀကီးဆုံး Mask ဝယ္ႏိုင္ တယ္ဆိုရင္ အဲ့ဒါကို ဝတ္ၿပီး လမ္းေပၚေလွ်ာက္ၾကည့္လိုက္ေလ။ လူတိုင္းရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ၿပီေပါ့။ ဒီတခ်က္တည္းနဲ႔တင္ သူေပ်ာ္႐ႊင္ရတာပဲေလ” လို႔ လက္ဝတ္ရတနာဆိုင္ပိုင္ရွင္ Levy က ေျပာျပပါတယ္။လတ္တေလာမွာ Levy ဖန္တီးေပးေနတဲ့ တန္ဖိုးအႀကီးဆုံး Mask တခုတည္း အသံ ထြက္ေနတာ မဟုတ္ပါဘူး။ အရင္လက ဂ်ပန္ႏိုင္ငံမွာလည္း နည္းပညာျမင့္ Mask တမ်ိဳးဟာ တပ္ဆင္ထားတဲ့သူ ေျပာလိုက္တဲ့စကားကို ဘာသာ ၉ မ်ိဳးထိ ဘာသာျပန္ေပးႏိုင္တဲ့ Mask လည္း လူေျပာမ်ားေနပါတယ္။

Credit irrawaddy
Ref: AP

unicode

စိန် အလုံးပေါင်း ၃၆၀၀ နဲ့ စီခြယ် ထားတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး Mask

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင် လာချိန်ကစလို့ လူမှုဘဝ ပုံစံသစ်နဲ့ အသားကျလာတဲ့ နေ့စဉ်ဘဝမှာ နှာခေါင်းစည်း Mask ကလည်း မရှိမဖြစ် အသုံးပြုရမယ့်ပစ္စည်း ဖြစ်လာခဲ့ပါပြီ။ တခါသုံး Mask ကနေ ကိုယ်တိုင် ဒီဇိုင်းထွင်ချုပ်ထားတာအဆုံး တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာပါတယ်။သူ့ထက်ငါ ဆန်းပြားအောင် ထွင်လာတဲ့နေရာမှာ အစ္စရေးနိုင်ငံ အခြေစိုက်၊ ဂျေရုဆလင်မြို့က လက်ဝတ်ရတနာ ကုမ္ပဏီတခုကနေ ကမ္ဘာ့ဈေးအကြီးဆုံး Mask ကို ပြုလုပ်ပေးနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လာရောက် အပ်နှံထားသူဟာ အမည်မသိ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တယ်လို့ နီးစပ်သူတွေကြားမှာ သတင်းထွက်နေပါတယ်။Yvel လက်ဝတ်ရတနာ အမှတ်တံဆိပ်ကနေ ရွှေဖြူနဲ့ စိန်စီထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ သန်းတန်ဖိုး ရှိ Mask ကို ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်အလုံးပေါင်း ၃,၆၀၀ နဲ့ စီခြယ်ထားတဲ့ Mask ကို COVID-19 ရောဂါ ကာကွယ်ဖို့အပြင် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က သူ့ရဲ့ကြွယ်ဝ ချမ်းသာမှုကိုပါ ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ အပ်နှံထားတာ ဖြစ်ပါတယ်။

Parts and a model of a mask is displayed in the Israeli jewelry company Yvel in Motza near Jerusalem, Sunday, Aug. 9, 2020. An Israeli jewelry company is working on what it says will be the world’s most expensive coronavirus mask, a gold, diamond-encrusted face covering with a price tag of $1. 5 million. (AP Photo/Sebastian Scheiner)

Mask ဒီဇိုင်နာလည်းဖြစ်၊ Yvel လက်ဝတ်ရတနာ အမှတ်တံဆိပ် ပိုင်ရှင်လည်းဖြစ်တဲ့ Isaac Levy က သူ့ဖောက်သည်အတွက် ကမ္ဘာ့တန်ဖိုးအကြီးဆုံးဖြစ်လာမယ့် Mask ကို ဒီနှစ်အကုန်ပိုင်းလောက်မှာ အပြီးသတ်ဖို့ ရည်ရွယ်ထားသလို၊ အဆိုပါ Mask ကို စိန်အဖြူနဲ့ အမည်း အလုံးပေါင်း ၃၆၀၀ နဲ့ ၁၈ ကာရက်ရှိ ရွှေဖြူကိုအခြေခံ ပြုလုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။တန်ဖိုးအကြီးဆုံး Mask မှာယူထားသူကို ဘယ်သူဘယ်ဝါလို့ ထုတ်ဖော်မပြောပေမယ့် အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ စိန်တွေနဲ့ စီခြယ်ထားတဲ့ Mask ဟာ မြင်လိုက်သူတိုင်းကို အရောင်အဝါ တောက်ပမှုတွေ မြင်တွေ့နိုင်မှာ ဖြစ်သလို၊ တကယ့်ဆေးရုံသုံး Mask တွေအတိုင်း ဗိုင်းရပ်စ် မဝင်အောင် filter တွေနဲ့ စစ်ထုတ်ပေးထားမှာပါ။

သူ့အလေးချိန်က ၂၇၀ ဂရမ်ရှိလို့ ပုံမှန်တခါသုံး Mask တွေထက် အဆ ၁၀၀ လေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပုံမှန် တပ်နေကျ Mask လိုတော့ သက်သောင့်သက်သာ မရှိပေမယ့် ပိုင်ဆိုင်မှုကို ကြွားဝါချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်က ပိုများနေပါတယ်။“ငွေက အရာတိုင်း မဝယ်နိုင်ပေမယ့် COVID-19 ကာကွယ်ဖို့အတွက် တန်ဖိုးအကြီးဆုံး Mask ဝယ်နိုင် တယ်ဆိုရင် အဲ့ဒါကို ဝတ်ပြီး လမ်းပေါ်လျှောက်ကြည့်လိုက်လေ။ လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ပြီပေါ့။ ဒီတချက်တည်းနဲ့တင် သူပျော်ရွှင်ရတာပဲလေ” လို့ လက်ဝတ်ရတနာဆိုင်ပိုင်ရှင် Levy က ပြောပြပါတယ်။လတ်တလောမှာ Levy ဖန်တီးပေးနေတဲ့ တန်ဖိုးအကြီးဆုံး Mask တခုတည်း အသံ ထွက်နေတာ မဟုတ်ပါဘူး။ အရင်လက ဂျပန်နိုင်ငံမှာလည်း နည်းပညာမြင့် Mask တမျိုးဟာ တပ်ဆင်ထားတဲ့သူ ပြောလိုက်တဲ့စကားကို ဘာသာ ၉ မျိုးထိ ဘာသာပြန်ပေးနိုင်တဲ့ Mask လည်း လူပြောများနေပါတယ်။

Credit irrawaddy
Ref: AP

Add a Comment

Your email address will not be published. Required fields are marked *

seventeen − 5 =