




unicode

ကိုယ်လုံးသေးသေးလေး ရဲ့ အလှပေါ်လွင်နေတဲ့ အသားကပ်၀တ်စုံလေး ၀တ်ဆင်ကာ gymကစားနေတဲ့ ခင်သဇင်

ချစ်ပရိသတ်ကြီးရေ….. လေယာဉ်မယ် ဘ၀ကနေ အနုပညာ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာခဲ့တဲ့ သူလေးဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေးခင်သဇင်ကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အချင်းတွေကြောင့် ပရိသတ် အားပေးလက်ခံမှုကို အပြည့်အ၀ရရှိထားတဲ့သူပဲဖြစ်ပါတယ်နော်။

ခင်သဇင်က အနုပညာလှုပ်ရှားမှုအပြင် ပရဟိတ လုပ်ငန်းတွေမှာလည်း စိတ်အား ထက်သန်စွာ ကူညီလုပ်ကိုင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေတာပါ။ သူမရဲ့ကျစ်လျစ်လှပတဲ့ ဘော်ဒီအမိုက်စားလေးဟာလည်း ပုရိသပရိသတ်တွေသာမက မိန်းကလေးချင်းပါ အားကျရတဲ့သူလေးဖြစ်ပါတယ်နော်။

ခင်သဇင်ဟာ သူမရဲ့ဘော်ဒီ အချိုးအစားနဲ့ပက်သက်ပြီးလည်း အမြဲလိုလို ဂရုစိုက်နေလေ့ရှိပြီး gymကစားတဲ့သူလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ “Gym ဆိုတဲ့ သဘောက မလာရင်လည်း လုံးဝ မလာချင်ဘူး..ရောက်ပြီ ဆိုလည်း မပြန်ချင်တော့ဘူး … Gym မလာတာ ၅ လပြည့် အမှတ်တရ ဗိုက်ခေါက်လေးတွေတော့ သည်းခံကြည့်ပေးနော်” ဆိုပြီးရေးသားထားပါတယ်။ ကဲ….ပရိသတ်တွေအတွက် ခင်သဇင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khin Thazin’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

eighteen − 7 =