ပရိသတ်တွေကြား ပွဲဆူပြီး မကျေနပ်မှုများကာဝေဖန်ခံနေရတဲ့ ယခုနှစ် “မိသားစုပြိုင်ပွဲ”

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ Channel 7 ရုပ်သံလိုင်း ကနေ စနေနဲ့ တနင်္ဂနွေနေ့ တွေမှာ ညစဥ် ထုတ်လွှင့်ပြသပြီး တစ်နိုင်ငံလုံးက လူကြီး၊ လူငယ် သာမက ကလေးတွေပါ နှစ်သက်သဘောကျ ကြရတဲ့ ပရိသတ် အားလုံးရဲ့ အားပေးမှုကို ရရှိထားတဲ့ ”မိသားစုပြိုင်ပွဲ” အစီအစဉ်ဟာ ဆိုရင် ပရိသတ်ကြီးတို့ အားလုံး သိရှိပြီးသား ဖြစ်သည့်အတိုင်း အမေရိကန် နာမည်ကြီး ဂိမ်းရှိုးတစ်ခု ဖြစ်တဲ့ Family Feud ကို ကူးယူထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

ဒီမိသားစုပြိုင်ပွဲ အစီအစဥ်ဟာ ပရိသတ်ပြည်သူတွေ အတွက် စိတ်အပန်းပြေစေသလို မိသားစုအတူတူ ကြည့်ကာ စိတ်ချမ်းမြေ့ရတဲ့ အစီအစဥ်ကောင်း တစ်ခုလည်းပဲ ဖြစ်ပါတယ်။ “မိသားစုပြိုင်ပွဲ” အစီအစဉ်ကို ပရိသတ်ပြည်သူတွေ ကလည်း လာရောက် ယှဉ်ပြိုင်ကြသလို နာမည်ကြီး အနုပညာရှင်တွေလည်း မကြာမကြာဆိုသလို လာရောက်ပါဝင်ယှဉ်ပြိုင် ကြတဲ့အတွက် ပရိသတ်များ သဘောကျ နှစ်သက်ကာ မမေ့မလျော့ စောင့်ကြည့်ကြရတဲ့အထိ အောင်မြင်နေတဲ့ အစီအစဥ်တစ်ခုလည်းဖြစ် ပါတယ်။

ပရိတ်သတ်တွေ တစ်ခဲနက်ဆိုသလို အားပေးခဲ့ကြ ရတဲ့ ” မိသားစုပြိုင်ပွဲ” အစီအစဉ်ရဲ့ ပင်တိုင် တင်ဆက်သူဟာဆိုရင် နိုင်ငံကျော် အစီအစဥ် တင်ဆက်သူ တစ်ဦးအဖြစ် နာမည်ကြီးကာ လူကြိုက်များသော ပရိသတ်အချစ်တော် အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်ပဲ ဖြစ်ပါတယ်နော်။ မိသားစုပြိုင်ပွဲ စတင်ထဲက နှစ်အတော်ကြာအောင်ကောင်းထက်ဇော်ကပဲ ပင်တိုင်တင်ဆက် လာတဲ့အတွက် ပရိတ်သတ်တွေရဲ့စိတ်ထဲမှာလည်း ”မိသားစုပြိုင်ပွဲ” အစီအစဉ်ဆိုရင် ကိုကောင်းကြီး (ခ) ကောင်းထက်ဇော်နဲ့ပဲ တွဲမြင်နေကြတာလည်း ဖြစ်ပါတယ်နော်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်ကစပြီး ” မိသားစုပြိုင်ပွဲ” အစီအစဉ်ဟာ ပုံစံအသစ် တမျိုးအဖြစ် ပြောင်းလဲ သွားခဲ့ပြီး အစီအစဉ်တင်ဆက်သူနေရာ မှာလည်း ကောင်းထက်ဇော် အစား ဂျီဟော့သူမှာ တော်မီ နေရာမှ သရုပ်ဆောင်ခဲ့ကာ လူသိများလာသော သရုပ်ဆောင် စိုးထွန်းဝင်းက ပြောင်းလဲ တင်ဆက်လာခဲ့တာကို တွေ့မြင် ရပါတယ်။

ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့

မိသားစု ပြိုင်ပွဲကို အစဥ်တစိုက် အားပေးလာခဲ့ကြတဲ့ ပရိသတ်ပြည်သူတွေ ကတော့ နှစ်ပေါင်းများစွာ ကြည့်ရှုလာခဲ့တဲ့ မိသားစုပြိုင်ပွဲအစီအစဉ်ကို သူတို့ချစ်ကြသော မြင်နေကြဖြစ်သော ကောင်းထက်ဇော် တင်ဆက်တာကိုပဲ ပိုမိုသဘောကျ နေခဲ့ကြပြီး စိုးထွန်းဝင်း တင်ဆက်တဲ့ “မိသားစုပြိုင်ပွဲ”အစီအစဉ် ကိုတော့ စိတ်တိုင်း မကျမှုတွေ ရှိနေကာ ပရိသတ်အပေါ် ဆွဲဆောင်နိုင်မှု အားနည်းတယ် ဆိုပြီး ဝေဖန်သံတွေ မှတ်ချက်ပြုသံတွေ စီစီညံအောင် ထွက်ပေါ်လျှက် ရှိတာကို တွေ့ရပါတယ်။ Channel7 နှင့် မိသားစုပြိုင်ပွဲပေ့ချ်မှာလည်း ပရိသတ်တွေက အရင်အစီအစဥ် အရင်ပုံစံနဲ့ပဲ ကိုကောင်းကြီး(ခ) ကောင်းထက်ဇော်နဲ့ ဆက်လက် လုပ်ကိုင်ပေးဖို့ တောင်းဆိုတဲ့အထိကို ပွဲဆူနေလျှက် ရှိတာကို တွေ့ရပါတယ်။

တချို့သော ပရိသတ်များက ကောင်းထက်ဇော်(ခ) ကိုကောင်းကြီးသာလျှင် အလိုက်ဖက်ဆုံး ဖြစ်တဲ့အတွက် ကို​ကောင်းကြီးနဲ့ပဲ ဆက်လက် လုပ်ကိုင်ဖို့ တိုက်တွန်းနေသလို၊ အချို့သောပရိသတ်များ ကတော့ စိုးထွန်းဝင်း(ခ) ကိုစိုးကြီး တင်ဆက်ပုံဟာလည်း ကောင်းသော်လည်း မူလပင်တိုင် တင်ဆက်သူဖြစ်သော ကောင်းထက်ဇော်ကိုသာ ပြန်လည် ခန့်အပ်ဖို့ တိုက်တွန်းနေကြတာကို တွေ့မြင် ရပါတယ်။ ဖတ်ရှု့အားပေးနေကြသော ပရိသတ်ကြီးတို့ထဲမှာလည်း မိသားစုပြိုင်ပွဲအစီအစဥ်ကို အားပေးကြည့်ရှု့ကြသော ပရိသတ်များ ပါဝင်လျှက်ရှိမည်ဆိုပါက ယခင်မိသားစုပြိုင်ပွဲနှင့် ယခုမိသားစုပြိုင်ပွဲ အစီအစဥ်၊ ယခင်တင်ဆက်သူ ကောင်းထက်ဇော် နှင့် ယခု တင်ဆက်သူ စိုးထွန်းဝင်း တို့မှာ မည်သည့်အစီအစဥ်နှင့် တင်ဆက်သူမည်သူကို ပိုမို သဘောကျ နှစ်သက်ကြောင်း မှတ်ချက်များ ရေးသားကာ ပြောကြား ပေးခဲ့ ကြပါအုံး နော်။

crd