ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ တာဝန္ယူမယ့္ ဒီခ်ဳပ္ရဲ႕ ေအာင္ႏိုင္ေရးေကာ္မတီကို ဖြဲ႕စည္း

NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္တဲ့ ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ အတြက္ ဒီခ်ဳပ္ ရဲ႕ေအာင္ႏိုင္ေရး ေကာ္မတီကို ဒီေန႔ ထုတ္ျပန္လိုက္ပါတယ္။ အဲဒီေအာင္ႏိုင္ေရး ေကာ္မတီမွာ ဦးတင္ဦးက ဂုဏ္ထူးေဆာင္နာယက၊ ေဒၚေအာင္ဆန္းစုၾကည္က ဥကၠ႒၊ ႏိုင္ငံေတာ္သမၼတဦးဝင္ျမင့္က အတြင္းေရးမႉးနဲ႔ ဒုတိယသမၼတဦးဟန္နရီဗန္ထီးယူက အဖြဲ႕ဝင္အျဖစ္ပါဝင္လာခဲ့တာပါ။ ဒါ့အျပင္ သမၼတေဟာင္း ဦးထင္ေက်ာ္ ကလည္း အဖြဲ႕ဝင္အျဖစ္ ပါဝင္လာခဲ့သလို အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ဦးမန္းဝင္းခိုင္သန္းနဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြလည္း ပါဝင္လာပါတယ္။ အခုႏွစ္ေ႐ြးေကာက္ပြဲမွာ က်န္းမာေရးအေျခအေနေၾကာင့္ ဝင္မၿပိဳင္ေတာ့ဘဲ အနားယူေတာ့မယ္ ဆိုတဲ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းလည္း ပါဝင္လာၿပီး ၿငိမ္းခ်မ္းေရးေကာ္မရွင္ဥကၠ႒ ေဒါက္တာတင္မ်ိဳးဝင္းလည္း အဖြဲ႕ဝင္အျဖစ္ပါဝင္လာခဲ့ပါတယ္။

ေအာင္ႏိုင္ေရးေကာ္မတီစာရင္းမွာ ပါဝင္သူစုစုေပါင္းကေတာ့ ဦးတင္ဦး၊ ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္၊ ဦးထင္ေက်ာ္၊ ဦးဟင္နရီဗန္ထီးယူ၊ ဦးမန္းဝင္းခိုင္သန္း၊ ေဒါက္တာေဇာ္ျမင့္ေမာင္၊ ဦးဉာဏ္ဝင္း၊ ဦးဟံသာျမင့္၊ ေဒါက္တာ ေအာင္မိုးညိဳ၊ ဦးထြန္းထြန္းဟိန္၊ ေဒါက္တာေမဝင္းျမင့္၊ ေဒၚနန္းခင္ေထြးျမင့္၊ ဦးညီပုတို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒါက္တာမ်ိဳးေအာင္၊ ဦးၿဖိဳးမင္းသိန္း၊ ေဒါက္တာမ်ိဳးၫြန႔္၊ ဦးသိန္းဦး၊ ဦးအင္ထုံခါးေနာ္ဆမ္၊ ဦးတင္ထြဋ္ဦး၊ ေဒါက္တာျမင့္ႏိုင္၊ ဦးေအာင္ၾကည္ၫြန႔္၊ ေဒါက္တာတင္မ်ိဳးဝင္း၊

ေဒၚၾကဴၾကဴသန္း၊ ေဒၚလဲ့လဲ့၊ ေဒၚမိုးဆန္းစုၾကည္၊ ဦးဘမ်ိဳးသိန္း၊ ဦးေက်ာ္ေထြး၊ ဦးေက်ာ္ဝဏၰ၊ ဦးေက်ာ္ရင္ျမင့္၊ ဦးစိုင္းရွန္တစ္လုံတို႔လည္း ပါဝင္ပါတယ္။ အဲဒီေအာင္ႏိုင္ေရးေကာ္တီ ကို ဇူလိုင္လ(၂၁)ရက္မွာ က်င္းပျပဳလုပ္တဲ့ ဗဟိုအလုပ္မႈေဆာင္အဖြဲ႕အစည္းအေဝး ဆုံးျဖတ္ခ်က္အရ ဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။

Photo : Chair NLD
#Omedia #Election #NLD #KHA

unicode

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဒီချုပ်ရဲ့ အောင်နိုင်ရေးကော်မတီကို ဖွဲ့စည်း

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် ဒီချုပ် ရဲ့အောင်နိုင်ရေး ကော်မတီကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအောင်နိုင်ရေး ကော်မတီမှာ ဦးတင်ဦးက ဂုဏ်ထူးဆောင်နာယက၊ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတဦးဝင်မြင့်က အတွင်းရေးမှူးနဲ့ ဒုတိယသမ္မတဦးဟန်နရီဗန်ထီးယူက အဖွဲ့ဝင်အဖြစ်ပါဝင်လာခဲ့တာပါ။ ဒါ့အပြင် သမ္မတဟောင်း ဦးထင်ကျော် ကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သလို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေလည်း ပါဝင်လာပါတယ်။ အခုနှစ်ရွေးကောက်ပွဲမှာ ကျန်းမာရေးအခြေအနေကြောင့် ဝင်မပြိုင်တော့ဘဲ အနားယူတော့မယ် ဆိုတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း ပါဝင်လာပြီး ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းလည်း အဖွဲ့ဝင်အဖြစ်ပါဝင်လာခဲ့ပါတယ်။

အောင်နိုင်ရေးကော်မတီစာရင်းမှာ ပါဝင်သူစုစုပေါင်းကတော့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူ၊ ဦးမန်းဝင်းခိုင်သန်း၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ အောင်မိုးညို၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးညီပုတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါက်တာမျိုးအောင်၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာမျိုးညွန့်၊ ဦးသိန်းဦး၊ ဦးအင်ထုံခါးနော်ဆမ်၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာမြင့်နိုင်၊ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာတင်မျိုးဝင်း၊

ဒေါ်ကြူကြူသန်း၊ ဒေါ်လဲ့လဲ့၊ ဒေါ်မိုးဆန်းစုကြည်၊ ဦးဘမျိုးသိန်း၊ ဦးကျော်ထွေး၊ ဦးကျော်ဝဏ္ဏ၊ ဦးကျော်ရင်မြင့်၊ ဦးစိုင်းရှန်တစ်လုံတို့လည်း ပါဝင်ပါတယ်။ အဲဒီအောင်နိုင်ရေးကော်တီ ကို ဇူလိုင်လ(၂၁)ရက်မှာ ကျင်းပပြုလုပ်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Photo : Chair NLD
#Omedia #Election #NLD #KHA

Add a Comment

Your email address will not be published. Required fields are marked *

4 × five =