(AP,6.8.2020) အေးယုနိုင်
unicode
အဝလွန်သူများတွင် Covid ကြောင့် သေဆုံးနိုင် ခြေ ၉၀ ရာခိုင် နှုန်း ပိုများ
အဝလွန်သူ တွေမှာ COVID-19 ကြောင့် သေဆုံးနိုင်ခြေ ၉၀ ရာခိုင်နှုန်းပို များတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြပါ ရှိပါတယ်။ Public Health England ရဲ့သုတေသနကြောင့် ဗြိတိန်နိုင်ငံမှာ အဝလွန်သူတွေကို ကိုယ်အလေးချိန်လျှော့ဖို့ တိုက်တွန်းနိှုးဆော်နေပြီဖြစ်ပါတယ်။
ကျန်းမာရေး ကောင်းတယ် လို့သတ်မှတ် ထားတဲ့ကိုယ်အလေးချိန်ထက် BMI ပိုများသူ တွေမှာ ရောဂါကူးစက်ခံရမယ်ဆိုရင် ဆေးရုံတင်ရနိုင်ခြေ၊ ICU ကို ပို့ဆောင်ရနိုင်ခြေနဲ့သေဆုံးနိုင်ခြေပိုများစေပါတယ်။
COVID-19 မှာ ကုသစရာဆေး မရှိသေးပေမယ့် အဝလွန်တာ ကတော့ ဖြေရှင်းလို့ရနိုင်တဲ့အတွက် ဗြိတိန်အစိုးရက တစ်နိုင် ငံလုံးအတိုင်းအတာနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့အထိ လုပ် ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဗြိတိန်မှာ အရွယ်ရောက်ပြီးလူကြီး သုံးပုံနှစ်ပုံလောက်က အဝလွန်သူတွေဖြစ်တယ်လို့ သိရပါတယ်။
(AP,6.8.2020) အေးယုနိုင်
Add a Comment
Your email address will not be published. Required fields are marked *
one × 4 =