မွေးနေ့လေး မှာ အမှတ်တရအဖြစ် ချစ်စဖွယ် အမူအရာလေးတွေ နဲ့ ပိုစ့်ပေးဓာတ် ဖမ်းထားတဲ့ ပုံလေးတွေကို မျှဝေလာတဲ့ ရတနာမိုင်

ချစ်ပရိသတ်ကြီးရေ အဆိုတော် မိုင်ရဲ့ တစ်ဦးတည်းသော သမီးလေး ဖြစ်တဲ့ ရတနာမိုင်ကတော့ မိခင်ဖြစ်သူရဲ့အနုပညာ အမွေကို ထိုက်တန်စွာဆက်ခံထားတာလည်းဖြစ်ပါတယ်။ ရတနာမိုင်က မိခင်ဖြစ်သူရဲ့ လမ်းညွှန်ပြသမှုတွေကြောင့် အနုပညာ လောကမှာ အောင်မြင်စွာရပ်တည်နေပြီး ပရိသတ်အချစ်တွေကို သိမ်းပိုက်ရရှိထားသူပါ။ ရတနာမိုင်က သာယာချိုမြတဲ့ အသံလေးကို ပိုင်ဆိုင် ထားပြီး အချစ်သီချင်းတွေကို အများဆုံး သီဆိုလေ့ရှိတာကြောင့် သူမရဲ့ သီချင်းတွေ ကလည်း လူငယ်တွေကြား ရေပန်းစားလူကြိုက်များနေတာကိုလည်း တွေ့ရပါတယ်။

ကိုယ်ပိုင်ရေးသားထားတဲ့ တေးသီချင်းတွေ နဲ့ တစ်ကိုယ်တော် အယ်ဘမ်လ်တွေကို ထွက်ရှိထားတဲ့ ရတနာမိုင်က မြန်မာနိုင်ငံ ရဲ့ နာမည်ကြီး အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ အသံလေးက ကောင်းမွန်ရုံသာမကပဲ ရုပ်ရည်လေးကလည်း မြင်သူငေးရအောင် ချစ်စရာကောင်းလွန်းနေတာကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်း ကိုလည်း အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပါ။ ရတနာမိုင်က လတ်တလော မှာတော့ အနုပညာလှုပ်ရှားမှုလေးတွေကို ရပ်နားထားတာလည်းတွေရပါတယ်။

ယနေ့ ဩဂုတ်လ ၁၇ရက်နေ့လေးကတော့ ပရိသတ် အချစ်တော်မလေး အဆိုတော် ရတနာမိုင်ရဲ့ မွေးနေ့ရက် မြတ်လေးပဲ ဖြစ်ပါတယ်။ ကျရောက် တဲ့ မွေးနေ့လေးကို ချစ်ရသူတွေနဲ့အတူ ဖြတ်သန်းနေပြီး အမှတ်တရအဖြစ် Photo shootingလေးကိုလည်း ရိုက်ကူးနေတာပါ။ ချစ်စရာအမူအရာလေးတွေနဲ့ အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးနေခဲ့တာဖြစ် လို့ ချစ်ပရိသတ်ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည် တင်ဆက်ပေး လိုက်ပါတယ်နော်….။

Source -Yadanar My (ရတနာမိုင်)’s FB page

Add a Comment

Your email address will not be published. Required fields are marked *

one + 2 =