အေျခ ခံ ပညာေက်ာင္းမ်ား သင္ၿပီးသေလာက္ သာ စာေမး ပြဲ စစ္ မည္ (၁၀)ရက္စာ သင္ရရင္ (၁၀) ရက္စာပဲ စစ္မည္ ဟုဆို

ေက်ာင္း ဖြင့္ ခ်ိန္ ေနာက္က်၍ အေျခခံပညာေက်ာင္း မ်ားတြင္ စာေမးပြဲစစ္ေဆးျခင္း မ်ားကို စာသင္ၾကားသေလာက္ သာ စစ္ေဆးေမးျမန္းမည္ ျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ သိရပါတယ္။

“စာေမးပြဲဆိုတာ ဒီေခတ္ မွာေတာ့ အေရးမႀကီးေတာ့ ပါဘူး။ စာေမးပြဲထက္စာလို႔ရွိရင္ ကေလးက တကယ္တတ္သြားတဲ့ဟာကိုပဲ လိုခ်င္တာေပါ့။ မတတ္ဘဲ နဲ႔ စာေမးပြဲေအာင္ဖို႔ပဲ လုပ္ခဲ့တာဟာ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့တဲ့ အခါၾကေတာ့ မလိုလားအပ္ဘဲနဲ႔က်ဴရွင္ ေတြဘာေတြအမ်ားႀကီးျဖစ္သြား တာေပါ့။ ဒါေၾကာင့္ ဒီေနာက္ပိုင္း ပညာေရးစနစ္က က်ဴရွင္စနစ္မလိုေလာက္ေအာင္ ေပးထားတဲ့ ပညာေရးစနစ္ျဖစ္တာေပါ့။ စာေမးပြဲကိုဦးမတည္ပါဘူး။ ေက်ာင္းသူ၊ ေက်ာင္းသားေတြကို C ေလးလုံးေပါ့။၂၁ရာစု ကြၽမ္းက်င္မႈေတြပဲရေအာင္ သြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ ေက်ာင္းဖြင့္တာ ေနာက္က်လည္းပဲ ဘာမွပူစရာမလိုဘူး။ အဓိကေတာ့ ၁ ရက္ သင္ခြင့္ရ ရင္ကိုပဲ ၁ ရက္ ကေလးေတြအတြက္ အက်ိဳးရွိတယ္ေလ။

အဲဒီသေဘာမ်ိဳးနဲ႔သြားတာျဖစ္ပါတယ္။ စာေမးပြဲကေတာ့ ဆယ္ရက္ စာသင္ရင္ ဆယ္ရက္စာပဲ ေမးမွာေပါ့။ တစ္လ စာသင္ရင္ တစ္လစာပဲ ေမးမွာေပါ့”လို႔ ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာန မွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကေျပာသည္။ အေျခခံပညာေက်ာင္းမ်ားတြင္ ေက်ာင္းတြင္း စာေမးပြဲစစ္ေဆးျခင္းကို တစ္ႏွစ္လွ်င္ ေလးႀကိမ္ စစ္ေဆးေမးျမန္းၿပီး အထက္တန္း အဆင့္ သင္ယူၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးရာတြင္ စာေမးပြဲေလးႀကိမ္ ျပည့္မွီေအာင္ေျဖဆိုထားရန္ လိုအပ္ေၾကာင္းသိရပါတယ္။

လက္ရွိတြင္ အေျခခံပညာအထက္တန္း အဆင့္ေက်ာင္းေပါင္း ၃၀၀၀ ေက်ာ္ဖြင့္လွစ္ရန္ က်န္ရွိေနၿပီး စက္တင္ဘာလ အတြင္းတြင္ အေျခခံပညာအလယ္တန္း အဆင့္ေက်ာင္း မ်ားကို အစိုးရသက္မွတ္ခ်က္ covid 19ကပ္ေရာဂါ ကာကြယ္ေရး အခ်က္ ၈၀ ျပည့္မွီကိုက္ညီမွသာဖြင့္လွစ္ ခြင့္ေပးမည္ျဖစ္ေၾကာင္းသိရပါတယ္။ ျမန္မာႏိုင္ငံတြင္ အေျခခံ ပညာေက်ာင္းေပါင္း ေလးေသာင္းေက်ာ္ ဆရာ၊ဆရာမ ေလးသိန္းေက်ာ္ရွိေၾကာင္းသိရပါတယ္။

unicode

အခြေ ခံ ပညာကျောင်းများ သင်ပြီးသလောက် သာ စာမေး ပွဲ စစ် မည် (၁၀)ရက်စာ သင်ရရင် (၁၀) ရက်စာပဲ စစ်မည် ဟုဆို

ကျောင်း ဖွင့် ချိန် နောက်ကျ၍ အခြေခံပညာကျောင်း များတွင် စာမေးပွဲစစ်ဆေးခြင်း များကို စာသင်ကြားသလောက် သာ စစ်ဆေးမေးမြန်းမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရပါတယ်။

“စာမေးပွဲဆိုတာ ဒီခေတ် မှာတော့ အရေးမကြီးတော့ ပါဘူး။ စာမေးပွဲထက်စာလို့ရှိရင် ကလေးက တကယ်တတ်သွားတဲ့ဟာကိုပဲ လိုချင်တာပေါ့။ မတတ်ဘဲ နဲ့ စာမေးပွဲအောင်ဖို့ပဲ လုပ်ခဲ့တာဟာ နှစ်ပေါင်းများစွာကြာခဲ့တဲ့ အခါကြတော့ မလိုလားအပ်ဘဲနဲ့ကျူရှင် တွေဘာတွေအများကြီးဖြစ်သွား တာပေါ့။ ဒါကြောင့် ဒီနောက်ပိုင်း ပညာရေးစနစ်က ကျူရှင်စနစ်မလိုလောက်အောင် ပေးထားတဲ့ ပညာရေးစနစ်ဖြစ်တာပေါ့။ စာမေးပွဲကိုဦးမတည်ပါဘူး။ ကျောင်းသူ၊ ကျောင်းသားတွေကို C လေးလုံးပေါ့။၂၁ရာစု ကျွမ်းကျင်မှုတွေပဲရအောင် သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းဖွင့်တာ နောက်ကျလည်းပဲ ဘာမှပူစရာမလိုဘူး။ အဓိကတော့ ၁ ရက် သင်ခွင့်ရ ရင်ကိုပဲ ၁ ရက် ကလေးတွေအတွက် အကျိုးရှိတယ်လေ။

အဲဒီသဘောမျိုးနဲ့သွားတာဖြစ်ပါတယ်။ စာမေးပွဲကတော့ ဆယ်ရက် စာသင်ရင် ဆယ်ရက်စာပဲ မေးမှာပေါ့။ တစ်လ စာသင်ရင် တစ်လစာပဲ မေးမှာပေါ့”လို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။ အခြေခံပညာကျောင်းများတွင် ကျောင်းတွင်း စာမေးပွဲစစ်ဆေးခြင်းကို တစ်နှစ်လျှင် လေးကြိမ် စစ်ဆေးမေးမြန်းပြီး အထက်တန်း အဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရာတွင် စာမေးပွဲလေးကြိမ် ပြည့်မှီအောင်ဖြေဆိုထားရန် လိုအပ်ကြောင်းသိရပါတယ်။

လက်ရှိတွင် အခြေခံပညာအထက်တန်း အဆင့်ကျောင်းပေါင်း ၃၀၀၀ ကျော်ဖွင့်လှစ်ရန် ကျန်ရှိနေပြီး စက်တင်ဘာလ အတွင်းတွင် အခြေခံပညာအလယ်တန်း အဆင့်ကျောင်း များကို အစိုးရသက်မှတ်ချက် covid 19ကပ်ရောဂါ ကာကွယ်ရေး အချက် ၈၀ ပြည့်မှီကိုက်ညီမှသာဖွင့်လှစ် ခွင့်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံတွင် အခြေခံ ပညာကျောင်းပေါင်း လေးသောင်းကျော် ဆရာ၊ဆရာမ လေးသိန်းကျော်ရှိကြောင်းသိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

7 + 16 =