မသန္မစြမ္းသား ျဖစ္သူကို သြားတဲ့ေနရာတိုင္း အၿမဲေခၚေဆာင္ကာ ေရခဲျခစ္ေရာင္းစားေနရၿပီး အၿပဳံးမပ်က္တဲ့ ဦးေလးႀကီးအျဖစ္

လူတိုင္းကေတာ့ ကိုယ့္ရဲ႕ဘဝကို လြတ္လြတ္ လပ္လပ္ျဖတ္သန္းခ်င္ၾကေပမဲ့လည္း သားသမီးရွိလာၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕သားသမီးအတြက္ ငဲ့ညာေပးၾကရမွာ သဘာဝပါပဲေလ ။ ထို႔အတူပါပဲ ဒီတစ္ေခါက္ေဖာ္ျပမဲ့ အန္ကယ္ Dam ဆိုတဲ့ ဦးေလးႀကီးဟာလည္း သူေရာင္းေနတဲ့ ေရခဲျခစ္ဟာ ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕မွာဆိုလွ်င္ အေတာ္ေလး လူႀကိဳက္မ်ားေနလ်က္ရွိတဲ့အျပင္ သူ၏ဘဝ ေနာက္ခံအေၾကာင္းအရာမွာလည္း အေတာ္ေလးကိုဝမ္းနည္ေၾကကြဲဖို႔ေကာင္းတဲ့အျပင္ ခြန္အားမ်ားလည္းရေစပါတယ္ ။

အန္ကယ္ Dam ရဲ႕သားျဖစ္သူဟာ 8လသား အ႐ြယ္ေရာက္မွ မသန္မစြမ္းကေလးငယ္တစ္ေယာက္ျဖစ္ေနခဲ့တာကို သိရွိခဲ့ရၿပီးေနာက္ ဇနီးျဖစ္သူဟာ အန္ကယ္ Dam ႏွင့္ သားျဖစ္သူတို႔ကို စြန႔္ပစ္ခဲ့ပါေတာ့တယ္ ။ အဆိုပါအျဖစ္အပ်က္ေၾကာင့္ အန္ကယ္Dam ဟာ ယူက်ဳံးမရ၊ ဝမ္းနည္ေၾကကြဲခဲ့ရၿပီး ကိုယ့္ကိုအဆုံးစီရင္လိုက္ဖို႔အထိေတာင္ ျဖစ္ပ်က္ ခဲ့ရပါတယ္ ။

သို႔ေပမဲ့လည္း အန္ကယ္ Dam ဟာ ကိုယ့္ကို ျပန္ထိန္းၿပီး သားျဖစ္သူရဲ႕ေဆးဝါးကုသစရိတ္အတြက္ ကိုယ္ပိုင္စီးပြားေရးစၿပီလုပ္ကိုင္ခဲ့ပါတယ္ ။ ” ကြၽန္ေတာ္က လက္ရွိအခ်ိန္ကိုသာ အာ႐ုံစိုက္ၿပီး ဘဝကိုျဖတ္သန္းပါတယ္ ၊ ၿပီးေတာ့ ကိုယ့္ရဲ႕အေၾကာင္းျပခ်က္ေတြနဲ႔ပဲ ေပ်ာ္႐ႊင္ေအာင္ေနတယ္ ၊အတိတ္က အတိတ္မွာက်န္ရစ္ခဲ့ၿပီ ၊ ကြၽန္ေတာ္တို႔ လက္ရွိ အခ်ိန္မွာ အေပ်ာ္႐ႊင္ဆုံးရွိေနသင့္တယ္ ၊ အနာဂတ္ကလည္ ႀကိဳၿပီးခန႔္မွန္းလို႔မရဘူး ၊ အဲ့ေၾကာင့္လည္း အဲ့အတြက္ အမ်ားႀကီးစိုးရိမ္မေနပါဘူး ” ဆိုၿပီး သူ႔ဘဝရပ္တည္ေနခဲ့တဲ့ပုံစံကို ေျပာျပခဲ့ပါတယ္ ။

အန္ကယ္Dam ဟာ ဘန္ေကာက္ၿမိဳ႕ထဲမွာေနထိုင္သူ မဟုတ္ဘဲ ၿမိဳ႕အစြန္ဖက္မွာေနထိုင္သူျဖစ္ေသာေၾကာင့္ လက္ရွိမွာေတာ့ ေဈးေရာင္းခ်မည့္ေနရာသို႔ သားျဖစ္သူကိုလည္း ေခၚေဆာင္လာကာ အၿမဲ 6km ခန႔္ လမ္းေလွ်ာက္ေနခဲ့ရတာျဖစ္ေၾကာင္း သိရွိရပါတယ္ ။ လက္ရွိမွာေတာ့ အန္ကယ္ Dam ဟာ Rat Burana ေနရာမွာ ေရခဲျခစ္ေရာင္းေနလ်က္ရွိပါတယ္ ။

အန္ကယ္ Dam ရဲ႕ေရခဲျခစ္ဟာ အေတာ္ေလး ကို အရသာေကာင္းလြန္းၿပီး ၊ အရသာမ်ိဳးစုံလည္းရရွိကာ နာမည္ႀကီး လူႀကိဳက္မ်ားလ်က္ရွိေၾကာင္းသိရွိရပါတယ္ ။ အစပိုင္းမွာေတာ့ သားရဲ႕ေဆးကုသစရိတ္အတြက္ ေရခဲျခစ္တစ္ခြက္ကို 15 Baht နဲ႔ ေရာင္းခ်ခဲ့ေပမဲ့လည္း ေဈးဝယ္မ်ားက ေဈးႀကီးလြန္းေၾကာင္း ေျပာဆိုခဲ့ၾက၍ ယခုခ်ိန္မွာေတာ့ ေရခဲျခစ္တစ္ခြက္ကို 10 Baht ႏွင့္သာ ေရာင္းခ်ေနလ်က္ရွိေၾကာင္း သိရွိရပါတယ္ ။ သားျဖစ္သူရဲ႕ ေဆးကုသစရိတ္အတြက္ ပိတ္ရက္မရွိဘဲ အၿမဲေရာင္းခ်ေနေသာေၾကာင့္ ေဈးဝယ္မ်ားအခိုင္အမာရရွိထားသူျဖစ္ေၾကာင္းလည္း
သိရွိရပါတယ္ ။

source : Jasmine (Mckzone Daily)

unicode

မသန်မစွမ်းသား ဖြစ်သူကို သွားတဲ့နေရာတိုင်း အမြဲခေါ်ဆောင်ကာ ရေခဲခြစ်ရောင်းစားနေရပြီး အပြုံးမပျက်တဲ့ ဦးလေးကြီးအဖြစ်

လူတိုင်းကတော့ ကိုယ့်ရဲ့ဘဝကို လွတ်လွတ် လပ်လပ်ဖြတ်သန်းချင်ကြပေမဲ့လည်း သားသမီးရှိလာပြီဆိုရင်တော့ ကိုယ့်ရဲ့သားသမီးအတွက် ငဲ့ညာပေးကြရမှာ သဘာဝပါပဲလေ ။ ထို့အတူပါပဲ ဒီတစ်ခေါက်ဖော်ပြမဲ့ အန်ကယ် Dam ဆိုတဲ့ ဦးလေးကြီးဟာလည်း သူရောင်းနေတဲ့ ရေခဲခြစ်ဟာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာဆိုလျှင် အတော်လေး လူကြိုက်များနေလျက်ရှိတဲ့အပြင် သူ၏ဘဝ နောက်ခံအကြောင်းအရာမှာလည်း အတော်လေးကိုဝမ်းနည်ကြေကွဲဖို့ကောင်းတဲ့အပြင် ခွန်အားများလည်းရစေပါတယ် ။

အန်ကယ် Dam ရဲ့သားဖြစ်သူဟာ 8လသား အရွယ်ရောက်မှ မသန်မစွမ်းကလေးငယ်တစ်ယောက်ဖြစ်နေခဲ့တာကို သိရှိခဲ့ရပြီးနောက် ဇနီးဖြစ်သူဟာ အန်ကယ် Dam နှင့် သားဖြစ်သူတို့ကို စွန့်ပစ်ခဲ့ပါတော့တယ် ။ အဆိုပါအဖြစ်အပျက်ကြောင့် အန်ကယ်Dam ဟာ ယူကျုံးမရ၊ ဝမ်းနည်ကြေကွဲခဲ့ရပြီး ကိုယ့်ကိုအဆုံးစီရင်လိုက်ဖို့အထိတောင် ဖြစ်ပျက် ခဲ့ရပါတယ် ။

သို့ပေမဲ့လည်း အန်ကယ် Dam ဟာ ကိုယ့်ကို ပြန်ထိန်းပြီး သားဖြစ်သူရဲ့ဆေးဝါးကုသစရိတ်အတွက် ကိုယ်ပိုင်စီးပွားရေးစပြီလုပ်ကိုင်ခဲ့ပါတယ် ။ ” ကျွန်တော်က လက်ရှိအချိန်ကိုသာ အာရုံစိုက်ပြီး ဘဝကိုဖြတ်သန်းပါတယ် ၊ ပြီးတော့ ကိုယ့်ရဲ့အကြောင်းပြချက်တွေနဲ့ပဲ ပျော်ရွှင်အောင်နေတယ် ၊အတိတ်က အတိတ်မှာကျန်ရစ်ခဲ့ပြီ ၊ ကျွန်တော်တို့ လက်ရှိ အချိန်မှာ အပျော်ရွှင်ဆုံးရှိနေသင့်တယ် ၊ အနာဂတ်ကလည် ကြိုပြီးခန့်မှန်းလို့မရဘူး ၊ အဲ့ကြောင့်လည်း အဲ့အတွက် အများကြီးစိုးရိမ်မနေပါဘူး ” ဆိုပြီး သူ့ဘဝရပ်တည်နေခဲ့တဲ့ပုံစံကို ပြောပြခဲ့ပါတယ် ။

အန်ကယ်Dam ဟာ ဘန်ကောက်မြို့ထဲမှာနေထိုင်သူ မဟုတ်ဘဲ မြို့အစွန်ဖက်မှာနေထိုင်သူဖြစ်သောကြောင့် လက်ရှိမှာတော့ ဈေးရောင်းချမည့်နေရာသို့ သားဖြစ်သူကိုလည်း ခေါ်ဆောင်လာကာ အမြဲ 6km ခန့် လမ်းလျှောက်နေခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။ လက်ရှိမှာတော့ အန်ကယ် Dam ဟာ Rat Burana နေရာမှာ ရေခဲခြစ်ရောင်းနေလျက်ရှိပါတယ် ။

အန်ကယ် Dam ရဲ့ရေခဲခြစ်ဟာ အတော်လေး ကို အရသာကောင်းလွန်းပြီး ၊ အရသာမျိုးစုံလည်းရရှိကာ နာမည်ကြီး လူကြိုက်များလျက်ရှိကြောင်းသိရှိရပါတယ် ။ အစပိုင်းမှာတော့ သားရဲ့ဆေးကုသစရိတ်အတွက် ရေခဲခြစ်တစ်ခွက်ကို 15 Baht နဲ့ ရောင်းချခဲ့ပေမဲ့လည်း ဈေးဝယ်များက ဈေးကြီးလွန်းကြောင်း ပြောဆိုခဲ့ကြ၍ ယခုချိန်မှာတော့ ရေခဲခြစ်တစ်ခွက်ကို 10 Baht နှင့်သာ ရောင်းချနေလျက်ရှိကြောင်း သိရှိရပါတယ် ။ သားဖြစ်သူရဲ့ ဆေးကုသစရိတ်အတွက် ပိတ်ရက်မရှိဘဲ အမြဲရောင်းချနေသောကြောင့် ဈေးဝယ်များအခိုင်အမာရရှိထားသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

source : Jasmine (Mckzone Daily)

Add a Comment

Your email address will not be published. Required fields are marked *

one × 1 =