ထက္ထက္မိုးဦး ႐ုတ္တရက္ ဆုံးပါးသြား ခဲ့ၿပီဆိုတဲ့ သတင္း အေပၚ ေျဖရွင္းလာတဲ့ ဒီဇိုင္နာ မ်ိဳးမင္းစိုး

ႏိုင္ငံေက်ာ္ မင္းသမီးေခ်ာ ထက္ထက္မိုးဦး ကေတာ့ အခုဆိုရင္ အသက္ငါးဆယ္နီးပါးအ႐ြယ္ကို ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးက က်န္းမာေရးခ်ဴခ်ာတာေၾကာင့္ မၾကာခဏဆိုသလို ေဆး႐ုံ၊ ေဆးခန္း တက္ရေလ့ရွိၿပီး သူမရဲ႕ ခႏၶာကိုယ္ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားကိုလည္း ခြဲစိတ္ထားရတာပဲ ျဖစ္ပါတယ္။ ဒီကေန႔ ၾသဂုတ္လ (၁၇) ရက္ေန႔ ညေနပိုင္း မွာေတာ့ ထက္ထက္မိုးဦးတစ္ေယာက္ ႐ုတ္တရက္ကြယ္လြန္သြားခဲ့ၿပီဆိုၿပီး လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာ ပ်ံ႕ႏွံ႔ေနတာပဲ ျဖစ္ပါတယ္။

ထိုသတင္းနဲ႔ ပက္သတ္ၿပီး ထက္ထက္မိုးဦးနဲ႔ အနီးကပ္ ခင္မင္ရင္းႏွီးသူ တစ္ေယာက္ျဖစ္တဲ့ ဒီဇိုင္နာ မ်ိဳးမင္းစိုးက သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေနၿပီး “ထက္ထက္မိုးဦးဆုံးၿပီဆိုတာသတင္းအမွားပါခင္ဗ်ာ။ က်န္ေတာ္ဆီဖုန္းေတြဆက္ေမးၾကလို႔ပါ။ ထက္ထက္တစ္ေယာက္ ေနေကာင္းက်န္းမာစြာနဲ႔ ရန္ကုန္မွ ာအေဖကိုျပဳစုရင္း အႏုပညာ အလုပ္ေတြလုပ္ေနပါတယ္တဲ့။ ထက္ထက္ရဲ႕ပရိတ္သတ္ေတြမစိုးရိမ္ၾကပါနဲ႔လို႔” ဆိုၿပီး ေျဖရွင္းေပးထားတာပဲ ျဖစ္ပါတယ္။

ထက္ထက္မိုးဦးကေတာ့ ကြယ္လြန္သြား ၿပီဆိုတဲ့ သတင္းေတြနဲ႔ မၾကာခဏ တိုက္ခိုက္ခံရေလ့ရွိတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း သတင္းမွားေတြကို ခ်င့္ခ်ိန္ၿပီးမွ ယုံၾကပါလို႔ တိုက္တြန္းပါရေစေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Myo Minn Soe’s fb
Credit – Cele Connections

unicode

နိုင်ငံကျော် မင်းသမီးချော ထက်ထက်မိုးဦး ကတော့ အခုဆိုရင် အသက်ငါးဆယ်နီးပါးအရွယ်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက ကျန်းမာရေးချူချာတာကြောင့် မကြာခဏဆိုသလို ဆေးရုံ၊ ဆေးခန်း တက်ရလေ့ရှိပြီး သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတော်တော်များများကိုလည်း ခွဲစိတ်ထားရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၁၇) ရက်နေ့ ညနေပိုင်း မှာတော့ ထက်ထက်မိုးဦးတစ်ယောက် ရုတ်တရက်ကွယ်လွန်သွားခဲ့ပြီဆိုပြီး လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတာပဲ ဖြစ်ပါတယ်။

ထိုသတင်းနဲ့ ပက်သတ်ပြီး ထက်ထက်မိုးဦးနဲ့ အနီးကပ် ခင်မင်ရင်းနှီးသူ တစ်ယောက်ဖြစ်တဲ့ ဒီဇိုင်နာ မျိုးမင်းစိုးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး “ထက်ထက်မိုးဦးဆုံးပြီဆိုတာသတင်းအမှားပါခင်ဗျာ။ ကျန်တော်ဆီဖုန်းတွေဆက်မေးကြလို့ပါ။ ထက်ထက်တစ်ယောက် နေကောင်းကျန်းမာစွာနဲ့ ရန်ကုန်မှ ာအဖေကိုပြုစုရင်း အနုပညာ အလုပ်တွေလုပ်နေပါတယ်တဲ့။ ထက်ထက်ရဲ့ပရိတ်သတ်တွေမစိုးရိမ်ကြပါနဲ့လို့” ဆိုပြီး ဖြေရှင်းပေးထားတာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ ကွယ်လွန်သွား ပြီဆိုတဲ့ သတင်းတွေနဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း သတင်းမှားတွေကို ချင့်ချိန်ပြီးမှ ယုံကြပါလို့ တိုက်တွန်းပါရစေနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Myo Minn Soe’s fb
Credit – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

eight − three =