မျှော်လင့် ရင်ခုန်စွာ. .ကုန်းတစ်တန်. . လေတစ်တန် ခရီးနှင်ခဲ့ပြီး အွန်လိုင်းချစ်သူ နဲ့ အတွေ့ ငုတ်တုတ်မေ့ တုန်လှုပ် ခဲ့ရတဲ့ အဖြစ်

ယနေ့ခေတ်ကာလမှာ လူမှုကွန်ယက် အွန်လိုင်း သုံးစွဲမှုဟာ ကမ္ဘာတလွှားက လူတိုင်းအတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှာ ရှိနေပြီဖြစ်ပါတယ်။ အွန်လိုင်း သုံးစွဲကြပြီး မိတ်ဆွေ အပေါင်းအသင်း တိုးကာ ဘဝအတွက် အထောက်အကူတွေရပြီး အလုပ်အကိုင် အဆင်ပြေချောမွေ့သူတွေ ရှိလာကြသလို

အွန်လိုင်းသုံးပြီး လူမှု ကွန်ယက်မျိုးစုံက အသိပညာ ဗဟုသုတ သတင်း သုတ ရသတွေ ဖတ်ရှုပြီး နိုင်ငံတကာရဲ့ အထွေထွေသုတတွေကို သိရှိလာနိုင်ခဲ့ကြပါတယ်။ ထို့အတူပဲ လူမှုကွန်ယက်မှာ ခင်မင်ခဲ့ကြရာမှ စပြီး ချစ်ခင်နှစ်သက်မိခဲ့ကြကာ ဘဝလက်တွေဖေါ် အဖြစ် ရပ်တည်လာခဲ့ကြတဲ့ စုံတွဲတွေလည်း များပြားစွာ ရှိလာခဲ့ပါတယ်

အင်တာနက် လူမှု ကွန်ယက်များမှာ အသိအမြင် ဗဟုသုတ များစွာရစေသလို အပေါင်းအသင်း မိတ်ဆွေတွေ တိုးနိုင်သကဲ့သို့ ချစ်ခင်ရသူ လက်တွဲဖေါ်နဲ့လည်း တွေ့နိုင်တယ် ဆိုပေမယ့်. . . အဆိုးအကောင်းဟာ အမြဲဒွန်တွဲနေတတ်ကြတာ ဓမ္မတာ သဘာဝပေပဲမို လူမူကွန်ယက်အင်တာနက် အွန်လိုင်းပေါ်က အလိ မ်အညာတွေ မိခဲ့ကြသူတွေလည်း ကမ္ဘာအနှံ့မှာ လူပေါင်းများစွာမှ တကယ့်ကို အများအပြားပဲ ရှိနေခဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်က မိတ်ဆွေတု မိတ်ဆွေယောင်တွေကို မိတ်ဆွေစစ် မိတ်ဆွေမှန်ဟု ယူဆ ပေါင်းသင်း ချေးငှားယုံကြည်မိခဲ့ရာမှ ဘဝပျက်ခဲ့ရသူတွေ ဒုနဲ့ဒေး ဖြစ်နေ ကြတာလည်း ရှိပါတယ် ထို့အတူ အွန်လိုင်းပေါ်မှာ စွဲလမ်းနှစ်သက်ခဲ့ရတဲ့ ချစ်သူဟာ အလိမ်အညာဖြစ်နေလို့ အသည်းကွဲ ဘဝပျက်ကာ အသက်ပါ ဆုံးရှုံးခဲ့ရသူတွေ၊ အမှုအခင်းဖြစ်ခဲ့ကြရသူတွေလည်း တစ်နေ့ထက် တစ်နေ့ ပို၍ ပို၍ များပြားလာခဲ့ကြပါတယ်။

ထို့ကြောင့် အွန်လိုင်းလူမှုကွန်ယက်ကို သုံးစွဲကြရာမှာ အသိ သတိနဲ့ အတု အစစ်ကို ဆင်ခြင်ဝေဖန် ပိုင်းခြား အထူးတလည် ဂရုစိုက်ကြပြီး အယုံမလွယ်ကြဖို့ လိုအပ်ပါတယ် ယခုလည်း ချစ်လှစွာသော ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ် ထုတ်နုတ် တင်ပြလိုက်ပါတယ်။ ဒီဖြစ်စဉ်ကတော့ ယခု လူမှုကွန်ယက်မှာ နာမည်ကြီး ဟော့ဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ အင်တာနက်ထဲက ချစ်သူနဲ့တွေ့ဖို့ ကုန်းတစ်တန်လေတစ်တန်လာပြီးမှ စိတ်ပျက်ခဲ့ရတဲ့အမျိုးသားလေး တစ်ဦး အကြောင်းပါ

တရုတ်လူမှုကွန်ယက်က ဗကာင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ ခုခေတ်မှာ အွန်လိုင်းမှာတွေ့ . အွန်လိုင်းမှာချစ်ကြတဲ့ဇာတ်လမ်းတွေ များပြားလာပါတယ်။အဆင်ပြေတာလည်းရှိကြပေမယ့် အများစုကတော့ မပြေကြပါဘူး အခု လူငယ်လေးဟာဆိုရင်လည်း သူ့ရဲ့အွန်လိုင်းက ကောင်မလေးကို တွေ့ဖို့ ခရီးအဝေးကြီးကနေ လေဆိပ်ထိ ကားစီးပြီး ခရီးနှင်ကာ တစ်ခါမှာ မရောက်ဖူးတဲ့ အွန်လိုင်းချစ်သူရှိရာသို့ လေယာဉ်စီးပြီး ဆက်လက် လာခဲ့တာမှာ တကယ်တွေ့ရတော့ သူ ထင်တာနဲ့ တလွဲ စိတ်ပျက်သွားခဲ့ရပါတယ်

တွေ့ခွင့်ရတော့မယ် ဆိုပြီး ပျော်မြူးကာ ခရီးစဉ်တလျှောက် ရင်ဖိုကာ စိတ်လှုပ်ရှား ၊ ချစ်ကြည်နူးပြီး ပြောဖို့ စကားတွေ တွေးရင်း မျှော်လင့်ခဲ့ရသမျှ ချစ်ရသော ကောင်မလေးနဲ့ အတွေ့မှာ ကမ္ဘာတစ်ခုလုံး ပြိုကျ စိတ်ကူးအိပ်မက်တွေ ပြာကျခဲ့ရပါတော့တယ် အကြောင်းကတော့ အဲ့ဒီ့မိန်းကလေးရဲ့အွန်လိုင်းက ရုပ်ရည်ကအပြင် ရုပ်ရည်နဲ့ ဘာမှကို မဆိုင်၊ အွန်လိုင်းမှာ တင်သမျှ စွဲလမ်းခဲ့ရတဲ့ သူမရဲ့ ရုပ်ပုံလွှာလေးဟာ အပြင်လောကမှာ အစစ်အမှန် မဖြစ်ပဲ. . . မိတ်ကပ်နဲ့ အဖက်စ် ပေါင်းစုံ သုံး ပြုပြင်ကာ တင်ထားသော ဂျင်းရုပ်လွှာသာ ဖြစ်တယ် ဆိုတာကို အပြင်လက်တွေ့ဘဝမှာ ချစ်သူနဲ့ တွေ့တွေ့ချင်း အံ့သြ မင်သက် မထင်မှတ်ပဲ သိလိုက်ရပါတော့တယ်

တကယ့်ကိုပဲ ကောင်မလေးရဲ့ အပြင်ရုပ်ရည်နဲ့ အွန်လိုင်းမှာ တင်ထားတဲ့ ပုံဟာ အကွာခြားကြီး ကွာခြားနေသဖြင့် မိုင်ထောင်ချီ ခရီးနှင်လာခဲ့ရတဲ့ မျှော်လင့်ချက်ဟာ တစ်စစီ ကျိုးပဲ့ကာ ကောင်လေးခမျာ ရူးကြောင်ကြောင် ဖြစ်ပြီး ကြေကွဲငိုရှိုက် အသိကင်းလွတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ် ကောင်လေးခမျာ သူဟာ နဂိုရှိရင်းစွဲ ချောမောတဲ့ ရုပ်ရည်အတိုင်း အွန်လိုင်း အသုံးပြု ခဲ့သလို သူရဲ့ အွန်လိုင်းချစ်သူ မိန်းမချောလေးဟာလည်း နဂိုပုံစံ အရှိအတိုင်းသာပဲလို့ ထင်မှတ်ခဲ့ရှာတာပါ

နောက်ဆုံးမှာတော့ ကောင်လေးလည်း မျက်ရည်နဲ့ မျက်ခွဲ လာရာလမ်း ခရီးအဝေးကြီးကို စိတ်ပျက်လက်ပျက်ပဲ ပြန်သွားခဲ့ရသလို ကောင်မလေးမှာလည်း ရုပ်ရည်ကို ပြုပြင် လိမ်ညာမိခဲ့တဲ့ အပြစ်နဲ့ ချစ်ရသူနဲ့ ကွေ့ကွင်းကာ လေဆိပ်မှာပဲ အရူးတစ်ပိုင်း အသည်းဟက်တတ်ကွဲကာ ကျန်နေရစ်ခဲ့ရ ရှာပါတော့တယ် ဒီကြေကွဲစရာ အဖြစ် အပျက်လေးကို နမူနာယူပြီး လူမှုကွန်ယက် အွန်လိုင်းပေါ်က အရာရာကို အသိ သတိလေးနဲ့ ဆင်ခြင်သတိထားပြီး စစ်မှန်သော အရှိတရားတွေကိုသာ ရယူပိုင်ဆိုင်တိုင်ကြစေဖို့ စေတနာစကားနဲ့ ဆင်ခြင်သတိထားဖို့ အမှာစကားဆို လိုက်ပါတယ် ချစ်မိတ်ဆွေတို့

crd

Add a Comment

Your email address will not be published. Required fields are marked *

16 + nineteen =