ဆရာ တစ်ယောက် ဆယ်ယူခဲ့သော အမှိုက်ပုံပေါ် က အနာဂတ် ၏ အလင်းတန်းတစ်ခု

ဆရာ တစ်ယောက် ဆယ်ယူခဲ့သော အမှိုက်ပုံပေါ် က အနာဂတ် ၏ အလင်းတန်းတစ်ခု

အနာဂတ်ကြယ် တစ်ပွင့်ကို အမှိုက်ပုံပေါ်က ကောက်ယူ ခဲ့တဲ့ ဆရာမ

မဟာဘောဂလမ်း(ရဲစခန်းဝန်း)ရှေ့ ပလက်ဖောင်းပေါ်ကမြင်ကွင်းလေး၊ အမှိုက်ခြင်း အမှိုက်ပုံပေါင်းစုံက ရှာဖွေကောက်ယူလာဟန်ရှိသော ဘူးခွံပုလင်းခွံများကို ပီနန်အိတ်ဖြင့် ထမ်းလျက် ၁၂နှစ်ခန့်အရွယ် ကလေးငယ်တဦး

သူ့ရှေ့ မှာတော့ ဖြူစိမ်းဝတ်စုံဖြင့် ပညာရေးဌာန မှ ဆရာမကြီးတဦးကရပ်လျက် ဆိုင်ကယ် ကိုရပ် ဘေးနားအပြေးကပ် စပ်စပ်စုစုကျွန်တော် ခလေးကကျောင်းမနေဘူးလား သုံးတန်းထိနေဘူးပါတယ်ဘယ်မှာနေလဲဘာလို့ကျောင်း ဆက်မတက်တာလဲ

ရွှေတောင်စုဧရာနိုင်မှာနေတယ် ညီမလေး ကကျောင်းတက်တယ် ကျွန်တော်အဖွားကိုပိုက်ဆံပေးဖို့ ပုလင်းခွံဘူးခွံတွေလိုက်ကောက်ရတယ် မင်းအဖေကအဖေမရှိတော့ဘူး သေပြီ

မင်းအမေကော သေပြီ မင်းညီမလေးက ဘယ်ကျောင်း မှာတက်လဲ ရွှေတောင်စုကျောင်းမှာ နှစ်တန်း တက်နေတယ်

ဆရာမကြီးက ခလေးငယ်၏ မိသားစု ဘဝကိုသဘောပေါက်စွာဖြင့် မင်းကျောင်းဆက်တက်မလား? ဟင့်အင်း

ခလေးကခါးခါး သည်းသည်းငြင်းသည် ဆရာမကြီး ကလည်းအလျှော့မပေး စာအုပ်တွေလည်းပေးမယ်ဝတ်တွေလည်းပေးမယ် ကျောင်းမှာမုန့်တွေလဲကျွေးတယ်

ခလေးငယ်က စိတ်ဝင်စားဟန်ဖြင့် ဆရာမကြီးမျက်နှာကိုမော့ကြည့်ကာ တစုံတရာ ကိုစဉ်းစားနေပုံရသည်

ဆရာမကြီးက ခလေးငယ် စဉ်းစားနေသည့်အချက်ကို သဘောပေါက်သွားပြီး

ဒီလိုကွာ ခလေးရာ မနက်ပိုင်း နဲ့နေ့လည်ပိုင်းမှာ မင်းလုပ်နေကျအလုပ်တွေလုပ်ပြီး ညနေ(၄)နာရီလောက်ကျမှ မင်းကိုစာသင်ပေးမှာ တနေ့ကိုတနာရီသာသာလောက်ပဲသင်မှာ ပြီးရင် မင်းကို စတုတ္ထတန်းအောင်လက်မှတ်ထုတ်ပေးမှာ မင်းအဖွားကိုလဲ အိမ်အထိဆရာမကြီးတို့လိုက်ပြောပေးမယ် အဲဒါဆို မင်းကျောင်းဆက်တက်မယ်မလား

ဟုတ်ကဲ့အမှိုက်ပုံထဲကဆယ်ယူနိုင်ခဲ့တဲ့ ကြယ်တပွင့် အတွက်ဆရာမကြီးမျက်နှာမှာတော့ ပီတိအပြုံးတွေဝေနေသလို.. ပွဲစဉ်တလျှောက် စိတ်ဝင်စားစွာရပ်ကြည့်နေခဲ့တဲ့ ကျွန်တော်လည်း ဆရာမကြီးပီတိနဲ့ထပ်တူထပ်မျှပါဘဲဗျာ

ဘဝပေးနုံချာလို့လမ်းပေါ်ရောက်နေကြတဲ့ကျောင်းနေရွယ် ကလေးငယ်များကို ကျောင်းပြင်ပ မူလတန်းပညာရေး NFPEကျောင်းများ သို့အရောက်ပို့ကြပါစို့။

လေးစားစွာဖြင့် ခရက်ဒစ်ပေး ပါတယ်ခင်ဗျာ

Add a Comment

Your email address will not be published. Required fields are marked *

3 × two =