ေမသန္းႏု နဲ႔ အိမ္ေထာင္ကြဲ ခဲ့ၿပီးေနာက္ပိုင္း တစ္ကိုယ္တည္း ဘဝကိုျဖတ္သန္း ခဲ့ရတဲ့ အဓိကအေၾကာင္းအရင္း ကို ဖြင့္ဟလာတဲ့ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္

ယခု သတင္းသည္ Shwe Yaung Myanmar မွ ေရးသား ထားေသာ သတင္း ျဖစ္သည္။

ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္ ကေတာ့ အကယ္ဒမီဆုေတြ သိမ္းပိုက္ႏိုင္ခဲ့တဲ့ နာမည္ေက်ာ္ ဒါ႐ိုက္တာ တစ္ေယာက္ျဖစ္သလိုယခုထက္တိုင္ ႐ုပ္ရွင္ေလာကမွာေလးစားရတဲ့ဒါ႐ိုက္တာတစ္ဦးအျဖစ္တည္ရွိေနတဲ့ သူတစ္ဦးပါ။သ႐ုပ္ေဆာင္ေမသန္းႏုနဲ႔အိမ္ေထာင္ကြဲခဲ့ေပမယ့္သားျဖစ္သူမင္းသန္႔ေမာင္ေမာင္ကိုေတာ့ ယခုထက္တိုင္ အရိပ္တၾကည့္ၾကည့္ လိုက္လံ ေစာင့္ေရွာက္ေနဆဲျဖစ္ပါတယ္။ ေမသန္းႏုနဲ႔ အိမ္ေထာင္ကြဲ ခဲ့ခ်ိန္မွာ ဦးစင္ေရာ္ေမာင္ေမာင္ဟာ အ႐ြယ္ေကာင္းခ်ိန္ ေနာက္အိမ္ေထာင္ထူေထာင္ႏိုင္ခ်ိန္ျဖစ္ေပမယ့္ မထူေထာင္ခဲ့ပဲတစ္ကိုယ္တည္းဘဝကိုျဖတ္သန္းခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္ေၾကာင့္ျဖစ္တယ္လို႔ ဦးစင္ေရာ္ေမာင္ေမာင္ကေျပာၾကား လာခဲ့ပါတယ္။

“မင္းသန္႔ ေၾကာင့္ ဒီေန႔ ဒီအခ်ိန္ အထိ တစ္ဦးတည္း ေနခဲ့တာပါ။ ေနာက္လည္း အိမ္ေထာင္ထပ္ ျပဳဖို႔ အစီအစဥ္ မရွိပါဘူး။ သား က အေဖ ၊ အေမ အိမ္ေထာင္ကြဲ ခဲ့တဲ့ အခ်ိန္မွာ .. ဘယ္သူ႔ကိုမွ အျပစ္ မေျပာခဲ့ဘူး။ မင္းသန္႔ က မိဘစကားကို အရမ္း နားေထာင္တတ္တဲ့ ကေလးပါ” လို႔ ဦးစင္ေရာ္ေမာင္ေမာင္က ဖြင့္ဟ လာခဲ့တာပါ။

သူ႔အေနနဲ႔ ဇနီးေဟာင္းျဖစ္သူ ေမသန္းႏုကို သားျဖစ္သူေရွ႕မွာ ျပစ္တင္ေျပာဆိုမိတာေတြရွိခဲ့တဲ့ အေပၚ သားျဖစ္သူ မင္းသန္႔ေမာင္ေမာင္က တုံ႔ျပန္ခဲ့ပုံကိုလည္း” ကြၽန္ေတာ္အရင္က ေမသန္းႏုမေကာင္းတဲ့အေၾကာင္း ဘာညာ သူ႔ေရွ႕မွာေျပာျဖစ္တယ္။အဲ့ဒီမွာသူက ကြၽန္ေတာ့္ကို အခန္းတစ္ခုတည္းေသခ်ာေခၚသြားၿပီေျပာျပတယ္။ အေဖ အေဖ့အေမကို မေကာင္းတာေျပာရင္ ႀကိဳက္လားတဲ့။ ကြၽန္ေတာ္က ဘယ္ႀကိဳက္မလဲကြ ဆိုေတာ့ ေမသန္းႏုက ကြၽန္ေတာ့အေမေလ လို႔ ေျပာတယ္။ကြၽန္ေတာ္အဲ့ဒီကစၿပီးေတာ့ သူ႔ေရွ႕မွာ ဘယ္ေတာ့မွ မဆင့္မေကာင္းေၾကာင္းမေျပာေတာ့ဘူး။ ကြၽန္ေတာ္နားလည္သြားတယ္” လို႔ ေျပာျပလာခဲ့တာပါ။

ဒီႏွစ္ ၂၀၂၀ ကေတာ့ ဦးစင္ေရာ္ေမာင္ေမာင္တို႔ မိသားစုအတြက္ အနိမ့္အျမင့္အတက္အက်မ်ားစြာနဲ႔ ျဖတ္သန္းခဲ့ရတဲ့ ႏွစ္တစ္ႏွစ္ပါပဲ ပရိသတ္ႀကီးေရ။ မင္းသန္႔ေမာင္ေမာင္တို႔မိသားစုေလး အျမန္ဆုံး အဆင္ေျပပါေစလို႔လည္း ဆုေတာင္းေပးလိုက္ရပါတယ္ေနာ္။

unicode

မေသန်းနု နဲ့ အိမ်ထောင်ကွဲ ခဲ့ပြီးနောက်ပိုင်း တစ်ကိုယ်တည်း ဘဝကိုဖြတ်သန်း ခဲ့ရတဲ့ အဓိကအကြောင်းအရင်း ကို ဖွင့်ဟလာတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသား ထားသော သတင်း ဖြစ်သည်။

ဒါရိုက်တာ စင်ရော်မောင်မောင် ကတော့ အကယ်ဒမီဆုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာ တစ်ယောက်ဖြစ်သလိုယခုထက်တိုင် ရုပ်ရှင်လောကမှာလေးစားရတဲ့ဒါရိုက်တာတစ်ဦးအဖြစ်တည်ရှိနေတဲ့ သူတစ်ဦးပါ။သရုပ်ဆောင်မေသန်းနုနဲ့အိမ်ထောင်ကွဲခဲ့ပေမယ့်သားဖြစ်သူမင်းသန့်မောင်မောင်ကိုတော့ ယခုထက်တိုင် အရိပ်တကြည့်ကြည့် လိုက်လံ စောင့်ရှောက်နေဆဲဖြစ်ပါတယ်။ မေသန်းနုနဲ့ အိမ်ထောင်ကွဲ ခဲ့ချိန်မှာ ဦးစင်ရော်မောင်မောင်ဟာ အရွယ်ကောင်းချိန် နောက်အိမ်ထောင်ထူထောင်နိုင်ချိန်ဖြစ်ပေမယ့် မထူထောင်ခဲ့ပဲတစ်ကိုယ်တည်းဘဝကိုဖြတ်သန်းခဲ့ရတဲ့ အဓိကအကြောင်းအရင်းကတော့ သားဖြစ်သူ မင်းသန့်မောင်မောင်ကြောင့်ဖြစ်တယ်လို့ ဦးစင်ရော်မောင်မောင်ကပြောကြား လာခဲ့ပါတယ်။

“မင်းသန့် ကြောင့် ဒီနေ့ ဒီအချိန် အထိ တစ်ဦးတည်း နေခဲ့တာပါ။ နောက်လည်း အိမ်ထောင်ထပ် ပြုဖို့ အစီအစဉ် မရှိပါဘူး။ သား က အဖေ ၊ အမေ အိမ်ထောင်ကွဲ ခဲ့တဲ့ အချိန်မှာ .. ဘယ်သူ့ကိုမှ အပြစ် မပြောခဲ့ဘူး။ မင်းသန့် က မိဘစကားကို အရမ်း နားထောင်တတ်တဲ့ ကလေးပါ” လို့ ဦးစင်ရော်မောင်မောင်က ဖွင့်ဟ လာခဲ့တာပါ။

သူ့အနေနဲ့ ဇနီးဟောင်းဖြစ်သူ မေသန်းနုကို သားဖြစ်သူရှေ့မှာ ပြစ်တင်ပြောဆိုမိတာတွေရှိခဲ့တဲ့ အပေါ် သားဖြစ်သူ မင်းသန့်မောင်မောင်က တုံ့ပြန်ခဲ့ပုံကိုလည်း” ကျွန်တော်အရင်က မေသန်းနုမကောင်းတဲ့အကြောင်း ဘာညာ သူ့ရှေ့မှာပြောဖြစ်တယ်။အဲ့ဒီမှာသူက ကျွန်တော့်ကို အခန်းတစ်ခုတည်းသေချာခေါ်သွားပြီပြောပြတယ်။ အဖေ အဖေ့အမေကို မကောင်းတာပြောရင် ကြိုက်လားတဲ့။ ကျွန်တော်က ဘယ်ကြိုက်မလဲကွ ဆိုတော့ မေသန်းနုက ကျွန်တော့အမေလေ လို့ ပြောတယ်။ကျွန်တော်အဲ့ဒီကစပြီးတော့ သူ့ရှေ့မှာ ဘယ်တော့မှ မဆင့်မကောင်းကြောင်းမပြောတော့ဘူး။ ကျွန်တော်နားလည်သွားတယ်” လို့ ပြောပြလာခဲ့တာပါ။

ဒီနှစ် ၂၀၂၀ ကတော့ ဦးစင်ရော်မောင်မောင်တို့ မိသားစုအတွက် အနိမ့်အမြင့်အတက်အကျများစွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ နှစ်တစ်နှစ်ပါပဲ ပရိသတ်ကြီးရေ။ မင်းသန့်မောင်မောင်တို့မိသားစုလေး အမြန်ဆုံး အဆင်ပြေပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်နော်။

Add a Comment

Your email address will not be published. Required fields are marked *

one + twenty =