အခုစစ္ေဆးေန တဲ့ နည္းလမ္း မေျပာင္းရင္ ကိုဗစ္ ဒုတိယလႈိင္းနဲ႔ ေသခ်ာေပါက္ ႀကဳံေတြ႕ရမယ့္ ျမန္မာျပည္

မေန႔က ကိုဗစ္လူနာကိစၥ အေတာ္ေျပာေနၾကလို႔ .. ကြၽန္ေတာ္ စကတည္းက ေျပာပါတယ္။ Local transmission မရွိ မရွိဆိုတုန္းက ဘာနဲ႔ မရွိဘူးေျပာတာလဲ၊ Community Random check လုပ္မွ မလုပ္ဘဲ မရွိဘူးေျပာေနတာ မယုံရပါဘူးလို႔။ တကယ္က လူေတြ ၾကားထဲ ဟိုၿမိဳ႕နယ္နည္းနည္း ဒီၿမိဳ႕နယ္နည္းနည္း random check လုပ္ရပါမယ္။ အထူးသျဖင့္ public service ေပးေနသူေတြကို လုပ္ရပါမယ္၊ ဘတ္စ္ကားဒ႐ိုင္ဘာ၊ စာတိုက္ ဝန္ထမ္း၊ ဘဏ္ဝန္ထမ္း အစရွိတဲ့ တစ္ေန႔တစ္ေန႔ လူေပါင္းမ်ားစြာ ထိေတြ႕ေနတဲ့ လူေတြကို random pick လုပ္ၿပီး test လုပ္ ရပါမယ္။ ဒီလိုမလုပ္ဘဲ ေလဆိပ္အဝင္တင္ပဲ စစ္တယ္ဆို အထဲက လူေတြမွာ ကူးေနခဲ့ရင္ လူေထာင္ခ်ီကူးၿပီးလို႔ ဖုံးမရဘဲ ထေပါက္မွသိမွာပါ။

ဘာလို႔ဖုံးမရဘဲေျပာလဲဆို ကိုယ္ကိုယ္သူသူ ဖ်ားရင္ ဘယ္သူမွ သြားမစစ္ပါဘူး။ ၂၁ ရက္ႀကီး ပိတ္ခံရမွာ ေၾကာက္လို႔ ဖုံးၾကတာပါပဲ။ ဘယ္လိုလူေတြ ေၾကာက္လဲဆို အထူးသျဖင့္ ဝန္ထမ္းမဟုတ္သူ လက္လုပ္လက္စားနဲ႔ လုပ္ငန္းအေသးသမားေတြပါ။ ၂၁ ရက္ကြာဝင္ရင္ ဘယ္က ပိုက္ဆံရမလဲ၊ ပိတ္ထားတာၾကာရင္ လုပ္ငန္းလဲ ျပန္လည္ပတ္ရင္ လူမဝင္လို႔ ျပဳတ္ပါမယ္။ ကြၽန္ေတာ္လဲ အဲ့ဒါကိုပဲ ေၾကာက္တာပါ။ ဝန္ထမ္းက ကြာဝင္ေနခ်ိန္ လခရေနႏိုင္ေပမယ့္ ဆိုင္အေသးေလးေတြ ပိတ္ရရင္ ဝင္ေငြရပ္သြားမွာပါ၊ ငွါးခေတြ ကုန္က်စရိတ္ေတြက မရပ္ပါဘူး။

ဒီလိုလူမ်ိဳးေတြကို ပတ္မေျပးေစခ်င္ရင္ေတာ့ positive ျဖစ္ရင္ ဘယ္လို အေထာက္အပံ့ေတြ ေပးပါမယ္ဆိုၿပီး ျမဴဆြယ္မွရပါမယ္။ မဟုတ္လို႔ကေတာ့ ပတ္ေျပးေနမွာပါ။ ပတ္ေျပးေနရင္ လူေတြၾကား ပ်ံ႕ေနမွာပါ။ အခုေတာင္ ဖ်ားရင္ ဘယ္သူမ်ား သြားအစစ္ခံလို႔လဲ၊ မခံပါဘူး။ ကိုယ့္ဟာကိုယ္ ႐ိုး႐ိုးဖ်ားဆိုၿပီး ေနလိုက္ၾကတာပါပဲ။ သူ႔ဟာသူေပ်ာက္သြားတာပါပဲ။ အဲ့လိုလူေတြထဲ ကိုဗစ္ပါမပါ ဘယ္သူမွ မသိပါဘူး။

ကြၽန္ေတာ္ကေတာ့ အခုေတြ႕တာ ဘယ္လိုမွ မေနပါ။ ထင္တာေျပာရရင္ အရင္ကတည္းက လူေတြၾကား carry အေနနဲ႔ မသိမသာပ်ံ႕ေနေလာက္ပါၿပီ။ ရာသီဥတုပူတာရယ္၊ အဲကြန္းခန္းအေရအတြက္နည္းတာရယ္၊ ခံႏိုင္ရည္ရွိတဲ့ လက္လုပ္လက္စားမ်ားတာရယ္၊ လက္ေဆး mask တပ္ၾကတာရယ္ေၾကာင့္ သိပ္မ်ားမ်ား မကူးေသးတာလို႔ ယူဆပါတယ္။ ဘာလို႔လဲဆို အခု အဝင္စစ္လို႔ positive ျပတဲ့သူေတြအမ်ားစု မဖ်ားပါဘူး။ မစစ္ရင္ ဘယ္လိုမွ မသိႏိုင္မယ့္သူေတြပါ။ လူေတြၾကားထဲ ဘယ္ေလာက္ရွိမလဲ ဘယ္လိုမွ မသိႏိုင္ပါ။ ဖ်ားတဲ့သူတိုင္းေတာင္ မစစ္ႏိုင္ဘူးဆို သာမာန္ေကာင္းေနတဲ့သူ ပိုမစစ္ႏိုင္ပါဘူး။

ဒီေတာ့ ေၾကာက္ရင္ ကိုယ့္ဟာကိုယ္သာ သတိထားၾကပါ။ ကိုယ့္ဟာကိုယ္ပဲကယ္ႏိုင္မွာပါ။ ဘယ္သူမွ ေန႔စဥ္ ကေလးတစ္ေယာက္လို တုတ္တစ္ေခ်ာင္းနဲ႔ သတိေပးႏိုင္မွာ မဟုတ္ပါ။

Kyaw Kyaw Sai

unicode

အခုစစ်ဆေးနေ တဲ့ နည်းလမ်း မပြောင်းရင် ကိုဗစ် ဒုတိယလှိုင်းနဲ့ သေချာပေါက် ကြုံတွေ့ရမယ့် မြန်မာပြည်

မနေ့က ကိုဗစ်လူနာကိစ္စ အတော်ပြောနေကြလို့ .. ကျွန်တော် စကတည်းက ပြောပါတယ်။ Local transmission မရှိ မရှိဆိုတုန်းက ဘာနဲ့ မရှိဘူးပြောတာလဲ၊ Community Random check လုပ်မှ မလုပ်ဘဲ မရှိဘူးပြောနေတာ မယုံရပါဘူးလို့။ တကယ်က လူတွေ ကြားထဲ ဟိုမြို့နယ်နည်းနည်း ဒီမြို့နယ်နည်းနည်း random check လုပ်ရပါမယ်။ အထူးသဖြင့် public service ပေးနေသူတွေကို လုပ်ရပါမယ်၊ ဘတ်စ်ကားဒရိုင်ဘာ၊ စာတိုက် ဝန်ထမ်း၊ ဘဏ်ဝန်ထမ်း အစရှိတဲ့ တစ်နေ့တစ်နေ့ လူပေါင်းများစွာ ထိတွေ့နေတဲ့ လူတွေကို random pick လုပ်ပြီး test လုပ် ရပါမယ်။ ဒီလိုမလုပ်ဘဲ လေဆိပ်အဝင်တင်ပဲ စစ်တယ်ဆို အထဲက လူတွေမှာ ကူးနေခဲ့ရင် လူထောင်ချီကူးပြီးလို့ ဖုံးမရဘဲ ထပေါက်မှသိမှာပါ။

ဘာလို့ဖုံးမရဘဲပြောလဲဆို ကိုယ်ကိုယ်သူသူ ဖျားရင် ဘယ်သူမှ သွားမစစ်ပါဘူး။ ၂၁ ရက်ကြီး ပိတ်ခံရမှာ ကြောက်လို့ ဖုံးကြတာပါပဲ။ ဘယ်လိုလူတွေ ကြောက်လဲဆို အထူးသဖြင့် ဝန်ထမ်းမဟုတ်သူ လက်လုပ်လက်စားနဲ့ လုပ်ငန်းအသေးသမားတွေပါ။ ၂၁ ရက်ကွာဝင်ရင် ဘယ်က ပိုက်ဆံရမလဲ၊ ပိတ်ထားတာကြာရင် လုပ်ငန်းလဲ ပြန်လည်ပတ်ရင် လူမဝင်လို့ ပြုတ်ပါမယ်။ ကျွန်တော်လဲ အဲ့ဒါကိုပဲ ကြောက်တာပါ။ ဝန်ထမ်းက ကွာဝင်နေချိန် လခရနေနိုင်ပေမယ့် ဆိုင်အသေးလေးတွေ ပိတ်ရရင် ဝင်ငွေရပ်သွားမှာပါ၊ ငှါးခတွေ ကုန်ကျစရိတ်တွေက မရပ်ပါဘူး။

ဒီလိုလူမျိုးတွေကို ပတ်မပြေးစေချင်ရင်တော့ positive ဖြစ်ရင် ဘယ်လို အထောက်အပံ့တွေ ပေးပါမယ်ဆိုပြီး မြူဆွယ်မှရပါမယ်။ မဟုတ်လို့ကတော့ ပတ်ပြေးနေမှာပါ။ ပတ်ပြေးနေရင် လူတွေကြား ပျံ့နေမှာပါ။ အခုတောင် ဖျားရင် ဘယ်သူများ သွားအစစ်ခံလို့လဲ၊ မခံပါဘူး။ ကိုယ့်ဟာကိုယ် ရိုးရိုးဖျားဆိုပြီး နေလိုက်ကြတာပါပဲ။ သူ့ဟာသူပျောက်သွားတာပါပဲ။ အဲ့လိုလူတွေထဲ ကိုဗစ်ပါမပါ ဘယ်သူမှ မသိပါဘူး။

ကျွန်တော်ကတော့ အခုတွေ့တာ ဘယ်လိုမှ မနေပါ။ ထင်တာပြောရရင် အရင်ကတည်းက လူတွေကြား carry အနေနဲ့ မသိမသာပျံ့နေလောက်ပါပြီ။ ရာသီဥတုပူတာရယ်၊ အဲကွန်းခန်းအရေအတွက်နည်းတာရယ်၊ ခံနိုင်ရည်ရှိတဲ့ လက်လုပ်လက်စားများတာရယ်၊ လက်ဆေး mask တပ်ကြတာရယ်ကြောင့် သိပ်များများ မကူးသေးတာလို့ ယူဆပါတယ်။ ဘာလို့လဲဆို အခု အဝင်စစ်လို့ positive ပြတဲ့သူတွေအများစု မဖျားပါဘူး။ မစစ်ရင် ဘယ်လိုမှ မသိနိုင်မယ့်သူတွေပါ။ လူတွေကြားထဲ ဘယ်လောက်ရှိမလဲ ဘယ်လိုမှ မသိနိုင်ပါ။ ဖျားတဲ့သူတိုင်းတောင် မစစ်နိုင်ဘူးဆို သာမာန်ကောင်းနေတဲ့သူ ပိုမစစ်နိုင်ပါဘူး။

ဒီတော့ ကြောက်ရင် ကိုယ့်ဟာကိုယ်သာ သတိထားကြပါ။ ကိုယ့်ဟာကိုယ်ပဲကယ်နိုင်မှာပါ။ ဘယ်သူမှ နေ့စဉ် ကလေးတစ်ယောက်လို တုတ်တစ်ချောင်းနဲ့ သတိပေးနိုင်မှာ မဟုတ်ပါ။

Kyaw Kyaw Sai

Add a Comment

Your email address will not be published. Required fields are marked *

seventeen − 10 =