ဒီကနေ့ သြဂုတ်လ (၁၈) ရက်နေ့ မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တဲ့ ထက်ထက်မိုးဦး ရဲ့ ဖခင် ဦးခင်မောင်ကြည် (မြတ်နိုင်-အနုပညာ)




Source: Myo Min Soe’s fb

unicode

ပရိသတ်တွေချစ်ကြတဲ့ ထက်ထက်မိုးဦးကတော့ ငယ်စဉ် အချိန်တုန်းက လျှမ်းလျှမ်းတောက်အော င်မြင်ခဲ့ သူတစ်ယောက်ဖြစ်ပြီး အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အရင်ကလောက် အနုပညာအလုပ်တွေအပေါ် အချိန်မပေးနိုင်တော့တာကို တွေ့ရပါတယ်။ ထက်ထက်မိုးဦးက သူ မ ကို ယ်တိုင်လည်း ကျန်းမာရေးမကောင်းသလို လေဖြတ်ပြီး ဆေးရုံတက် နေရတဲ့ သူမရဲ့ဖခင် ကြီး ကို အနီးကပ်ပြုစုစောင့်ရှောက်ရင်း အားလပ်တဲ့အချိန်တွေမှာသာ ကြော်ငြာအချို့ကို လက် ခံရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ သူမရဲ့ အလုပ်တွေ ထက် လေဖြတ်နေတဲ့ ဖခင်ကြီးရဲ့ အရေးကိစ္စတွေကို ရှေ့တန်းတင်ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ သြဂုတ်လ (၁၈) ရက်နေ့ရဲ့ စိတ် မကောင်းစရာ သတင်းတစ်ခုကတော့ ထက်ထက်မိုးဦးရဲ့ ဖခင်ကြီးက ဘဝတစ်ပါးသို့ ကူး ပြော င်းကွယ်လွန်သွားခဲ့ ပြီဆိုတာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦးကတော့ သူမ ရဲ့ဖခင်ကြီး လေဖြတ်တဲ့အချိန်မှာ ဖခင်နေထိုင်ရာ မိုးကုတ်မြို့ကို လိုက် သွားခဲ့ပြီး မန္တလေး၊ ရန်ကုန်အစရှိတဲ့ မြို့ကြီးတွေက နာမည်ကြီးဆေးခန်းတွေမှာ အကော င်းဆုံးဆရာဝန်တွေနဲ့ ကုသပေးခဲ့တာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးတစ်ယောက်လည်း သွား လေ သူဖခင်ကြီးအတွက် တော်တော်လေး စိတ်ထိခိုက် ဝမ်းနည်းနေရှာမယ် ထင်ပါတယ်။ ဖတ်ရှု ပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Myo Min Soe’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

nineteen − five =