အများပြည်သူများ ဝမ်းမြောက် ဝမ်းသာမဆုံး ဖြစ်နေကြရတဲ့ ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒ ရဲ့ လှူ ဒါန်းမှုနောက် တစ်ခု




crd : panpyoelat

unicode

ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒ မှ မီဘေးသင့် အိမ်ထောင်စု များကို လှူဒါန်း ခဲ့တယ်လို့ သိရပါသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စိုင်မြစ်ရွာ မီးဘေးသင့် အိမ်ထောင်စုပေါင်း ၅၂ စုကို တစ်အိမ်ထောင်စုလျှင် (၁)သိန်းစီအလှူနှင့် မီးဘေးသင့် ကယ်ဆယ်ရေးကော်မတီ အဖွဲ့အား (၃)သိန်း စုစုပေါင်း (၅၅)သိန်း ကို လှူဒါန်း ခဲ့ပါသည်။

ဘုန်းဘုန်းကြီးအရှင်ဆေကိန္ဒမှ ဝေဘာဂီဆေးရုံကြီးသို့ ဆိုင်ကယ် လှူဒါန်း ဝေဘာဂီဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများ ဆေးရုံ အဆောင်များ စာရွက် စာတမ်း နှင့် လိုအပ်သည့် ဆေးပစ္စည်းများသယ်ဆောင်ရန်၊ လုပ်ငန်းများလွယ်ကူစေရန် နှင့် အထောက်အပံ့ဖြစ်စေရန် အတွက် လိုအပ်နေသော အရာတစ်ခု ဖြစ်တဲ့ ဆိုင်ကယ် တစ်စီးကိုလည်း လှူဒါန်းခဲ့ ပါသေးတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

eleven + fourteen =