“ဦး” ဆိုတဲ့ ခေါ်သံကြားရင် အခုထိ ကြက်သီး တဖြန်းဖြန်း ထတုန်း ဆိုတဲ့ ဦးလေးကြီး

“ဦး” ဆိုတဲ့ ခေါ်သံကြားရင် အခုထိ ကြက်သီး တဖြန်းဖြန်း ထတုန်း ဆိုတဲ့ ဦးလေးကြီး

ဦး ဆိုရင် ကြောက်နေရသည် …. ဖုန်းဝင် လာလို့ ကောက်ကိုင် လိုက်တာ ဖေ့ဘုတ်ပေါ်မှာ

မနေ့ကမှ ချစ်သူဖြစ် သွားတဲ့ ခေးလေး ရဲ့ ဖုန်းဖြစ်နေတော့ ကျုပ် ပျော်သွားတယ်…။

“ဦး” “ပြော ခလိန်း”

“ဦး ပျော်လို့ရပြီ သိလား” ချိန်းတွေ့တော့မယ် ထင်တယ် လို့ တွေးမိပြီး ကျုပ် ပီတိတွေ ဖျာနေမိတယ် … ။

“အွန်း ဘာလို့လဲ” “ခလိန်းမှာ ဦးနဲ့ ရတဲ့ ကိုယ်ဝန် ရှိနေပြီလေ”

“ဖူးးးးးး ” သောက်နေ တဲ့ ကော်ဖီတောင် ပါးစပ်က ပြန်ထွက်ကုန်တယ်။ လခွမ်းမှပဲ။

“ဟဲ့ နေပါဦး ခလိန်း ဘာပြော” “ခလိန်းမှာ ဦး နဲ့ ရတဲ့ ကိုယ်ဝန် ရှိနေပြီလို့ ခစ်ခစ်”

“ဟယ် ဘယ့်နှာလုပ် ကိုယ်ဝန် ရှိနေသတုန်း နင်နဲ့ငါ အပြင်မှာ လည်း တစ်ခါမှ မတွေ့ဖူးပဲနဲ့”

“ဦးနော် ဘာလဲ ခေါင်းရှောင်ချင်တာလား တရားစွဲလိုက် ရမလား ပြော”

တစ်ဖက်က လေသံ မာလာတော့ ကျုပ် ဘာပြောရမှန်း မသိတော့ဘူး။ ဒါနဲ့–

“ဟွာလေ ခလိန်းက ကိုယ်နဲ့ ဘယ်တုန်းက ဟွာပြုမိလို့ ဘယ်လို ကိုယ်ဝန်ရှိသွားတာလဲလို့”

“သြော် ဦးက စားပြီးနားမလည် ဝါးပြီးထွေးထုတ်တတ်တဲ့ လူစားကိုး”

“ငင့် ဘလိုလား” “မနေ့ညက cb မှာ ခလိန်း ကို ဦးက ပြောတယ်လေ”

“ဘာကို

“ခလိန်း နားမှာ ဦးအမြဲရှိနေတယ်ဆို ပြီးတော့ ခလိန်းဘေးနား မှာ ဦးရဲ့လိပ်ပြာလေး အမြဲရစ်ဝဲနေတယ်ဆို”

“အင်းလေ”

“ဦး အဲ့လိုပြောနေတုန်း ညက ခလိန်း အခန်းမှာ မီးပျက် သွားတယ် ပန်းအိုးကျ ကွဲတယ် ပန်းအိုးထဲက နှင်းဆီပန်းတွေ ကြေမွသွားတယ်”

“ငှယ် ဘလိုတောင်လား” “အဲ့ဒါ မနက်ကြတော့ ပျို့ချင်သလို ဖြစ်နေလို့ ဆေးခန်းသွားပြတာ ဆရာဝန်က ပြောတယ်”

“အင်း ဘာပြောသတုန်း” “ခလိန်းမှာ ကိုယ်ဝန် သုံးလ ရှိနေပြီ တဲ့”

“ဗုဒ္ဓေါ” “အဲ့ဒါ ဦးနဲ့ရတာ မဟုတ်ရင် ဘယ်သူ နဲ့ ရမတုန်း”

ကျုပ် မျက်ရည်ပါ ဝိုင်းလာတယ်။ သောက်ကျိုးနည်း ဖြစ်ပုံများ … ။ ဖေ့ဘုတ်ပေါ် ရည်းစားထားတဲ့ တဏှာတစ်ကြော

ခုတော့ အဲ့ ကလေးမကို ဘလော့လိုက်ရတယ်။ ဖုန်းနံပတ် ကို ဘလက်လစ် ထဲ ထည့်ရတယ် … ။

ဦး ဆိုတဲ့ ခေါ်သံကြားရင် အခုထိ ကြက်သီး တဖြန်းဖြန်း ထတုန်း။ နင့်မေကလွှားမှပဲ။

(ဤစာကို မျက်ရည် စက်လက်ဖြင့် ရေးသည်။)

#ကိုကောင်း Credit ခွက်ဒစ် အိုးဒစ် ဇလုံဒစ် ပုဂံဒစ် ဇွန်းဒစ်

Add a Comment

Your email address will not be published. Required fields are marked *

3 × one =