ေျမငယ္ေလး ရဲ႕ ေနာက္ဆုံး ႏႈတ္ဆက္ခ်ိန္ေလး ျမင္ေတြ႕ ရေအာင္ ဆိုင္ကယ္ျဖင့္ တစ္ေယာက္တည္း (186) မိုင္ခရီး ႏွင္ ခဲ့တဲ့ အဘိုးအို

သားအခ်စ္ ေျမးအႏွစ္ ဆိုတဲ့ အဘိုးအဘြားေတြ ေျမးအေပၚထားရွိတဲ့ ခ်စ္ေမတၱာဟာ အေတာ္ေလး နက္နဲခိုင္မာလြန္းလွ ပါတယ္။ မၾကာေသးခင္ က social media ေပၚမွာ ေရပန္းစားေနခဲ့တဲ့ ထိုင္းႏိုင္ငံက အဘိုးအို တစ္ဦးဟာ ေျမးငယ္ေလးရဲ႕ေနာက္ဆုံးအခ်ိန္ အသုဘပြဲကို အေရာက္သြားႏိုင္ဖို႔အတြက္ 300km ကြာေဝးတဲ့ သူ၏႐ြာကေန ဆိုင္ကယ္တစ္စီးျဖင့္ ထြက္ခြာလာခဲ့ပါတယ္ ။

အဘိုးအိုရဲ႕အျဖစ္ကို ဓာတ္ဆီဆိုင္ မွာသန႔္စင္ခန္းခဏဝင္ေရာက္အသုံးျပဳဖို႔ ေရာက္ လာတဲ့ Rachot ဆိုတဲ့ အမ်ိဳးသားက ေတြ႕ရွိသြားခဲ့တာပါ။ အေတာ္ေလးကို ညနက္ၿပီးမိုးခ်ဳပ္ ေနတဲ့အခ်ိန္မွာ အဘိုးအိုတစ္ေယာက္ ဓာတ္ဆီဆိုင္မွာ ထိုင္ေနတာကို ေတြ႕ခဲ့လို႔ Rachot က ” အဘိုးက ဘယ္ကေနလာတာလဲ ၊ ညနက္ႀကီးကို တစ္ေယာက္တည္း ဘာ လုပ္ေနတာလဲ ” ဆိုၿပီး ေမးျမန္းခဲ့ပါတယ္။

ထိုအခ်ိန္မွာမွ အဘိုးအိုက” Buriram နယ္ မွာ ေနတာပါ ၊ ေျမးေလးရဲ႕ အသု ဘေၾကာင့္ ဒီကိုေရာက္ လာတာပါ ” ဆိုၿပီး ျပန္လည္ ေျဖၾကားခဲ့ပါတယ္ ။ Buriram နယ္ မွ ႐ြာငယ္ေလးကေန ယခု Khon Kaen ၿမိဳ႕အထိ 300km ခန္ကြာေဝးေၾကာင္း ႏွင့္ 15 ႏွစ္အ႐ြယ္ေျမးေလးမွာေတာ့ ေရနစ္ၿပီးေသဆုံးသြား ခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

အဘိုးအို ရဲ႕ အိတ္ကပ္ထဲမွာေငြ 300 ဘတ္သာ ပါရွိၿပီး Khon Kaen ၿမိဳ႕မွာ ရွိေနတဲ့ မိသားစုဝင္ေတြ ကို စိတ္ဒုကၡမေပးခ်င္လို႔ ဆိုၿပီး ညဖက္ ရဲစခန္း ဒါမွမဟုတ္ ဘုန္းႀကီးေက်ာင္းေတြမွာ အိပ္ဖို႔ စီစဥ္ထားခဲ့တာပါ ။ သို႔ေပမဲ့လည္း ရင္းႏွီးမႈ မရွိတဲ့အရပ္ေဒသျဖစ္ေနခဲ့တဲ့အတြက္ အိပ္ဖို႔ေနရာရွာမေတြ႕ဘဲ ဓာတ္ဆီဆိုင္မွာ သူ၏ဆိုင္ကယ္ေဘး မွာသာ အိပ္ေနခဲ့ရတာျဖစ္ေၾကာင္း Rachot ကို အဘိုးအိုကရွင္းျပခဲ့ပါတယ္ ။

အဘိုးအိုရဲ႕ အျဖစ္ကို ၾကား သိလိုက္ရခ်ိန္မွာ Rachot ဟာ စိတ္မခ်မ္းမသာ ျဖစ္ခဲ့ရၿပီး သူ၏ေငြအခ်ိဳ႕ ႏွင့္ အေဆာင္ပစၥည္းကို ခရီးလမ္းတစ္ေလွ်ာက္ အႏၲရာယ္ကင္းေအာင္ဆိုၿပီး အဘိုးအိုအားေပးခဲ့ပါတယ္ ။ အဘိုးအိုမွာလည္း အေတာ္ေလး ဝမ္းသာ မ်က္ရည္က်သြားခဲ့ၿပီး သူ၏ ႐ြာသို႔ျပန္ေရာက္တာနဲ႔ Rachot အား အဆင္ေျပေျပျပန္ေရာက္ခဲ့ေၾကာင္း ဆက္သြယ္အေၾကာင္းၾကားၿပီး ေက်းဇူးတင္စကားေျပာဆိုခဲ့ပါတယ္ ။ Rachot ရဲ႕ သနားကူညီေဖးမတတ္တဲ့စိတ္ထားကို social media အသုံးျပဳသူမ်ားက ခ်ီးက်ဴးခဲ့ၾကပါတယ္ ။

Crd Jasmine (Mckzone Daily) Source worldofbuzz

unicode

မြေငယ်လေး ရဲ့ နောက်ဆုံး နှုတ်ဆက်ချိန်လေး မြင်တွေ့ ရအောင် ဆိုင်ကယ်ဖြင့် တစ်ယောက်တည်း (186) မိုင်ခရီး နှင် ခဲ့တဲ့ အဘိုးအို

သားအချစ် မြေးအနှစ် ဆိုတဲ့ အဘိုးအဘွားတွေ မြေးအပေါ်ထားရှိတဲ့ ချစ်မေတ္တာဟာ အတော်လေး နက်နဲခိုင်မာလွန်းလှ ပါတယ်။ မကြာသေးခင် က social media ပေါ်မှာ ရေပန်းစားနေခဲ့တဲ့ ထိုင်းနိုင်ငံက အဘိုးအို တစ်ဦးဟာ မြေးငယ်လေးရဲ့နောက်ဆုံးအချိန် အသုဘပွဲကို အရောက်သွားနိုင်ဖို့အတွက် 300km ကွာဝေးတဲ့ သူ၏ရွာကနေ ဆိုင်ကယ်တစ်စီးဖြင့် ထွက်ခွာလာခဲ့ပါတယ် ။

အဘိုးအိုရဲ့အဖြစ်ကို ဓာတ်ဆီဆိုင် မှာသန့်စင်ခန်းခဏဝင်ရောက်အသုံးပြုဖို့ ရောက် လာတဲ့ Rachot ဆိုတဲ့ အမျိုးသားက တွေ့ရှိသွားခဲ့တာပါ။ အတော်လေးကို ညနက်ပြီးမိုးချုပ် နေတဲ့အချိန်မှာ အဘိုးအိုတစ်ယောက် ဓာတ်ဆီဆိုင်မှာ ထိုင်နေတာကို တွေ့ခဲ့လို့ Rachot က ” အဘိုးက ဘယ်ကနေလာတာလဲ ၊ ညနက်ကြီးကို တစ်ယောက်တည်း ဘာ လုပ်နေတာလဲ ” ဆိုပြီး မေးမြန်းခဲ့ပါတယ်။

ထိုအချိန်မှာမှ အဘိုးအိုက” Buriram နယ် မှာ နေတာပါ ၊ မြေးလေးရဲ့ အသု ဘကြောင့် ဒီကိုရောက် လာတာပါ ” ဆိုပြီး ပြန်လည် ဖြေကြားခဲ့ပါတယ် ။ Buriram နယ် မှ ရွာငယ်လေးကနေ ယခု Khon Kaen မြို့အထိ 300km ခန်ကွာဝေးကြောင်း နှင့် 15 နှစ်အရွယ်မြေးလေးမှာတော့ ရေနစ်ပြီးသေဆုံးသွား ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

အဘိုးအို ရဲ့ အိတ်ကပ်ထဲမှာငွေ 300 ဘတ်သာ ပါရှိပြီး Khon Kaen မြို့မှာ ရှိနေတဲ့ မိသားစုဝင်တွေ ကို စိတ်ဒုက္ခမပေးချင်လို့ ဆိုပြီး ညဖက် ရဲစခန်း ဒါမှမဟုတ် ဘုန်းကြီးကျောင်းတွေမှာ အိပ်ဖို့ စီစဉ်ထားခဲ့တာပါ ။ သို့ပေမဲ့လည်း ရင်းနှီးမှု မရှိတဲ့အရပ်ဒေသဖြစ်နေခဲ့တဲ့အတွက် အိပ်ဖို့နေရာရှာမတွေ့ဘဲ ဓာတ်ဆီဆိုင်မှာ သူ၏ဆိုင်ကယ်ဘေး မှာသာ အိပ်နေခဲ့ရတာဖြစ်ကြောင်း Rachot ကို အဘိုးအိုကရှင်းပြခဲ့ပါတယ် ။

အဘိုးအိုရဲ့ အဖြစ်ကို ကြား သိလိုက်ရချိန်မှာ Rachot ဟာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပြီး သူ၏ငွေအချို့ နှင့် အဆောင်ပစ္စည်းကို ခရီးလမ်းတစ်လျှောက် အန္တရာယ်ကင်းအောင်ဆိုပြီး အဘိုးအိုအားပေးခဲ့ပါတယ် ။ အဘိုးအိုမှာလည်း အတော်လေး ဝမ်းသာ မျက်ရည်ကျသွားခဲ့ပြီး သူ၏ ရွာသို့ပြန်ရောက်တာနဲ့ Rachot အား အဆင်ပြေပြေပြန်ရောက်ခဲ့ကြောင်း ဆက်သွယ်အကြောင်းကြားပြီး ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ် ။ Rachot ရဲ့ သနားကူညီဖေးမတတ်တဲ့စိတ်ထားကို social media အသုံးပြုသူများက ချီးကျူးခဲ့ကြပါတယ် ။

Crd Jasmine (Mckzone Daily) Source worldofbuzz

Add a Comment

Your email address will not be published. Required fields are marked *

twelve + 12 =