အဖိုးကို တတ္ႏိုင္သေလာက္ သြားေရာက္ကူညီရင္း ကြယ္လြန္သြားရွာၿပီ ျဖစ္တဲ့အေဖ့ကို သတိရမိေၾကာင္း ဝမ္းနည္းစြာရင္ဖြင့္လာတဲ့ စီႏြန္

ျမန္မာႏိုင္ငံမွာႏိုင္ငံျခားသား တစ္ေယာက္ျဖစ္ေပမယ့္ အလႉအတန္းေတြကို မၾကာခဏျပဳလုပ္ေလ့ရွိတဲ့ စီႏြန္ကိုေတာ့ ပရိသတ္ႀကီးလည္းရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္။ သူကေတာ့ျမန္မာႏိုင္ငံကိုေရာက္ရွိေနခ်ိန္မွာအႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ကိုင္ေနသလို အမွန္တကယ္လိုအပ္ေနတဲ့ေနရာေတြမွာလည္း ကိုယ္တိုင္သြားေရာက္ကာ မၾကာခဏ အလႉအတန္းေတြျပဳလုပ္ေပးေလ့ရွိတယ္။

လက္ရွိမွာလည္းေလျဖတ္ေဝဒနာ ခံစားေနရတဲ့ ဘဘဦးတင္ျမင့္ဆီ သြားေရာက္ၿပီးေဆးဖိုးေငြ နဲ႔ လိုအပ္တာေလးေတြကိုလႉဒါန္းေပးခဲ့တယ္လို႔သိရပါတယ္။ အဖိုးကိုေတြ႕ေတာ့ကြယ္လြန္သြားရွာၿပီးျဖစ္တဲ့အေဖ့ကိုသတိရမိေၾကာင္း စီႏြန္ကဝမ္းနည္းစြာနဲ႔သူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာကေနယခုလိုပဲရင္ဖြင့္လာခဲ့ပါတယ္။”က်ေတာ္ဦးကိုေတြ႕လိုက္ရတာ က်ေတာ့္အေဖ့ကို သတိရသြားေစတယ္ဗ်ာဦးနဲ႔ေတြ႕ခြင့္ရလို႔အရမ္းေပ်ာ္ပါတယ္

အဖိုးရဲ႕ဘဝအေၾကာင္းကေနသင္ခန္းစာေတြ အမ်ားႀကီးရပါတယ္ခင္ဗ်ာ ေလးစားပါတယ္ခင္ဗ်ာေရွ႕ဆက္ႀကိဳးစားေနပါ က်ေတာ့္တတ္ႏိုင္သေလာက္ကူညီပါ့မယ္ခ်စ္တယ္အဖိုး(အေဖ)”ဆိုၿပီးစီႏြန္ကရင္ဖြင့္ထားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ ဘဘဦးတင္ျမင့္ဆီသြားေရာက္ခဲ့ရင္း ကြယ္လြန္သြားၿပီးျဖစ္တဲ့ဖခင္ကိုသတိရေနတဲ့ စီႏြန္အတြက္ႏွစ္သိမ့္စကားေလးေျပာျပခဲ့ပါဦးေနာ္။

Source:Sinon Loresca

unicode

အဖိုးကို တတ်နိုင်သလောက် သွားရောက်ကူညီရင်း ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့အဖေ့ကို သတိရမိကြောင်း ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ စီနွန်

မြန်မာနိုင်ငံမှာနိုင်ငံခြားသား တစ်ယောက်ဖြစ်ပေမယ့် အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ စီနွန်ကိုတော့ ပရိသတ်ကြီးလည်းရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူကတော့မြန်မာနိုင်ငံကိုရောက်ရှိနေချိန်မှာအနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသလို အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာလည်း ကိုယ်တိုင်သွားရောက်ကာ မကြာခဏ အလှူအတန်းတွေပြုလုပ်ပေးလေ့ရှိတယ်။

လက်ရှိမှာလည်းလေဖြတ်ဝေဒနာ ခံစားနေရတဲ့ ဘဘဦးတင်မြင့်ဆီ သွားရောက်ပြီးဆေးဖိုးငွေ နဲ့ လိုအပ်တာလေးတွေကိုလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ အဖိုးကိုတွေ့တော့ကွယ်လွန်သွားရှာပြီးဖြစ်တဲ့အဖေ့ကိုသတိရမိကြောင်း စီနွန်ကဝမ်းနည်းစွာနဲ့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေယခုလိုပဲရင်ဖွင့်လာခဲ့ပါတယ်။”ကျတော်ဦးကိုတွေ့လိုက်ရတာ ကျတော့်အဖေ့ကို သတိရသွားစေတယ်ဗျာဦးနဲ့တွေ့ခွင့်ရလို့အရမ်းပျော်ပါတယ်

အဖိုးရဲ့ဘဝအကြောင်းကနေသင်ခန်းစာတွေ အများကြီးရပါတယ်ခင်ဗျာ လေးစားပါတယ်ခင်ဗျာရှေ့ဆက်ကြိုးစားနေပါ ကျတော့်တတ်နိုင်သလောက်ကူညီပါ့မယ်ချစ်တယ်အဖိုး(အဖေ)”ဆိုပြီးစီနွန်ကရင်ဖွင့်ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဘဘဦးတင်မြင့်ဆီသွားရောက်ခဲ့ရင်း ကွယ်လွန်သွားပြီးဖြစ်တဲ့ဖခင်ကိုသတိရနေတဲ့ စီနွန်အတွက်နှစ်သိမ့်စကားလေးပြောပြခဲ့ပါဦးနော်။

Source:Sinon Loresca

Add a Comment

Your email address will not be published. Required fields are marked *

9 − five =