ပိုက်ဆံ မရှိဘူး လို့ ပါးစပ်က အမြဲပြောနေ သူတွေ အတွက် မျှဝေပေး လိုက်ပါပြီ

ပိုက်ဆံ မရှိဘူး လို့ ပါးစပ်က အမြဲပြောနေ သူတွေ အတွက် မျှဝေပေး လိုက်ပါပြီ

ပိုက်ဆံမရှိဘူးလို့ ပါးစပ်က အမြဲပြောနေရင် တနေ့တခြား ကြပ်တည်း လာတာ ပိုသိသာ လာပါတယ် …။

အဆင်မပြေဘူးလို့ ခနခနတွေးနေ ရင် ပိုပြီး အဆင်မပြေ ဖြစ်လာတယ်။ ဒါ အယူအဆမဟုတ်ဘူး။ ဘာသာရေး အတွေးမဟုတ်ဖူး Psycho သဘောပဲ။ ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်။ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်။ ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်း ကိုယ့်နှုတ်ထွက် စကားတွေအတိုင်း ကိုယ့်ဘဝက ပြောင်းသွားတယ် …။

ဒါ့ကြောင့် အမြဲတမ်း အကောင်း ဘက်ကတွေးပါ။ အကောင်းဘက်ကို တွေးပါ။အောင်မြင် သူလိုတွေးပါ။ အောင်မြင်သူတွေနား ချဉ်းကပ်ပါ လို့ ပြောကြတာပေါ့ ။ လဲကျတာဟာ ပြဿနာ မဟုတ်ဖူးလေ ပြန်မထချင်တော့တာ or ငါ ပြန်မထ နိုင်လောက်ပါဘူး လို့တွေးတာ… လက်လျှော့ လိုက်တော့မယ် ဆိုတာကသာ ပြသနာကြီးပါ မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဘဲ တွေးဖို့ ပိုလိုတာပါ …။

လူတိုင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိတယ်။ဖြေရှင်းပုံပေါ် မူတည်ပြီး လူတွေရဲ့ ဘဝ အခြေအနေတွေ ကွာသွားတာပါ။ သင့်ကို ဆင်းရဲစေမယ့် အချက် (၇) ချက် ဒီအချက်တွေကိုပြင်နိုင်ရင် သင် ဘယ်တော့မှ မဆင်းရဲတော့ပါဘူးနော် …။

၁။ မစဉ်းစားပဲ သုံးတယ်

ဒီနေ့ ကိုယ့် ရဲ့ ပိုက်ဆံသုံးနည်းက နောက် ( ၁၀ ) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေး ကို ထိန်းချုပ် ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်“လိုအပ်တာ” နဲ့ “လိုချင်တာ” ကို မခွဲခြားနိုင်ဘူးဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ် ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာ ကို ဖြစ်စေ ပါတယ် …။

၂။ ဘဝကို အကြွေးရှိအောင် လုပ်ခြင်း

သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ၊ ခရက်ဒစ် အကြွေးကဒ်တစ်ခုခုအကြွေး၊ အပြင်က အကြွေ အရစ်ကျပေးချေခြင်း အကြွေး စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာ နဲ့ အတူတူပါပဲ ဒီတော့ ဒီအချက်တွေ က သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးတက်ရောက်မှုများစွာ ပေးနိုင်မှာပါ …။

၃။ ငွေရေးကြေးရေးပိုင်း အသေးစိပ် မထိန်းသိမ်းခြင်း

ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း၊ အကြွေးဆပ်ရမယ့်ရက် အတိအကျမလုပ်ခြင်း၊ ငွေရေးကြေးရေး အပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း၊ ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း၊ ဒီလို မျိုး အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ်၊ ဒါကြောင့် ဒီလို အရာတွေကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းပါ …။

၎။ အပိုငွေ၊ လိုငွေတွေကို ဘယ်တော့မှ Plan မချခြင်း

ငွေရေးကြေးရေး plan မချခြင်း၊ အနာဂတ် သုံးရမယ့်ငွေကိုကြိုတင် မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကို အမြဲတမ်းကြုံစေပါတယ်၊ ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း (၃) ခု

( ၁ ) ဝင်ငွေ၊ ထွက်ငွေအရင်း( ၂ ) ငွေရေးကြေးရေး အခြေအနေ အရင်း ၃ ) ငွေရေးကြေးရေး စာရင်းဇယားအရင်း တွေကိုကိုယ့်မှာရှိတယ်ဆိုရင် (သိတယ်ဆိုရင်) ဘဝကို ဒီထက်ပိုလွယ်အောင် လုပ်နိုင်ပါတယ် …။

၅။ စုငွေကို အထင်သေးခြင်း

စုငွေရဲ့ အဓိက အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေး ဝီရိယပါပဲ၊ ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့ တူတူပါပဲ …။

၆။ ပန်းတိုင်မရှိတဲ့ ဘဝကို လက်ခံတယ်

ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘောနဲ့တူတူပါပဲ၊ ဘဝ အစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့ လမ်းကြောင်းလေးတွေရှိသင့်ပါတယ်၊ ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင် ရှိရပါမယ် …။

၇။ ငွေရေး ကြေးရေးပိုင်း ဗဟုသုတတွေ ကို အလေးမထားဘူး

ငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှ မဖြေရှင်းနိုင်ဘူး၊ ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ်၊ ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်း ဗဟုသုတကို ရှာဖွေပါ (ဝင်ငွေရှာပါ၊ ငွေဝင် ငွေထွက်ကို control လုပ်ပါ၊ ငွေစုပါ၊ ပြီးရင် အရင်းအနှီး လုပ်ပါ ) ဒီနေ့ကနေ စပါ …။

Credit-khitalin