အသုဘ ႐ုပ္အေလာင္း ကို ေဆး႐ုံႀကီး အေအးတိုက္ မွ ထုတ္ယူ လာၿပီး ေသဆုံး သူရဲ႕အိမ္သို႔ ပို႔လိုက္ေသာ အခါ.

အသုဘ ႐ုပ္အေလာင္းကို ေဆး႐ုံႀကီး အေအးတိုက္မွ ထုတ္ယူလာၿပီး နာေရးကားေပၚ တင္၍ ေသဆုံးသူရဲ႕အိမ္သို႔ပို႔ေဆာင္ဖို႔ ေမာင္းထြက္လာခဲ့တယ္။ အိမ္ေ့ရွကိုနာေရးကားေရာက္လာေတာ့ မိဘေက်းဇူးေတြနဲ႔ အယူသီးမႈေတြကို ခြဲျခားသိျမင္နိင္ၿပီး သိပ္ခ်စ္ပါတယ္ဆိုတဲ့ အမွန္တရား။

အသုဘ႐ုပ္အေလာင္းကို ေဆး႐ုံႀကီးအေအးတိုက္မွ ထုတ္ယူလာၿပီး နာေရးကားေပၚတင္၍ ေသဆုံး သူရဲ႕အိမ္သို႔ ပို႔ေဆာင္ဖို႔ေမာင္းထြက္လာခဲ့တယ္…

အိမ္ေ့ရွကိုနာေရးကားေရာက္လာေတာ့ အေလာင္းကို အိမ္ထဲသြင္းမယ္ လုပ္စရာရွိတာလုပ္မယ္ေပါ့ ကားေပၚကေန အေလာင္းခ်မယ္လုပ္ေတာ့ အိမ္ရွင္ေတြကအေျပးေရာက္လာၿပီး မ်က္ရည္ေလးစမ္းတမ္းတမ္းနဲ႔ ဆရာတို႔ အိမ္ထဲအေလာင္းမျပင္ဘူးေနာ္ အိမ္ေ့ရွမွာ ပဲအေလာင္းျပင္ေပးပါေနာ္တဲ့

” အမဘာျဖစ္ လို႔လဲ ” လို႔ကြၽန္ေတာ္ကေမး လိုက္ေတာ့… ဟိုေလ ” ဆရာ အျပင္မွာေသတဲ့ အေလာင္းကို အိမ္ထဲမသြင္းေကာင္းဘူးတဲ့ အိမ္သားေတြခိုက္တက္တယ္ တဲ့ ” ၿပီးေတာ့ ရပ္ကြက္ကလဲမႀကိဳက္ဘူး ရပ္ကြက္နာတယ္တဲ့… ေဟာဗ်ာ…”ဒါနဲ႔အမ အခုေသတဲ့သူက အမနဲ႔ဘာေတာ္လဲ လို႔ေမး လိုက္ေတာ့ “… ဆရာ အခုဆုံးသြား တဲ့သူက ကြၽန္မအေဖ ပါတဲ့.

ေအာ္…ဟုတ္ကဲ့ အမအေဖလား ဒါဆိုအိမ္ထဲ အေလာင္းမျပင္ဘူး အျပင္မွာပဲ အေလာင္းျပင္ မယ္ေပါ့ ဟုတ္လားအမ… ဟုတ္ကဲ့ ဆရာ အျပင္မွာပဲျပင္ေပးပါတဲ့…ေကာင္းပါၿပီအမ ကြၽန္ေတာ္ တို႔ အမတို႔စိတ္တိုင္းက် အျပင္မွာပဲအေလာင္းျပင္ေပးပါမယ္ ငိုတဲ့သူကငိုၾကတယ္ ကြၽန္ေတာ္တို႔လဲ လုပ္စရာ ရွိတဲ့ကိစၥအဝဝ ကိုေဆာင္႐ြက္ေပးၿပီး ကူညီေပးခဲ့ပါၿပီ…

အသုဘအေလာင္းျပင္ၿပီး အျပန္ကားေပၚ မွာ ကြၽန္ေတာ္ အသိအမွန္တရားတစ္ခု ခ်က္ခ်င္း ရလိုက္ပါတယ္ အဲ့ဒါက ဘာလဲဆိုေတာ့….. ေအာ္…. ငယ္စဥ္ေတာင္ေက်းကေလးဘဝကေန လူလားေျမႇာက္ေအာင္ ပညာတက္ႀကီးျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ကိုယ့္ေဖေဖ …

ေနပူထဲမွာလႈပ္ရွား႐ုန္းကန္ၿပီး သားသမီးေတြ မ်က္နာမငယ္ရေအာင္ ေကြၽးေမြးျပဳစု ရွာေဖြ ေစာင့္ေရွာက္ခဲ့ရတဲ့ ေဖေဖ… သားသမီးေတြအတြက္ဆို မားမား မတ္မတ္ရပ္တည္ေပးခဲ့တဲ့ ေဖေဖ… အိမ္ေထာင္ဦးစီး သူေတာ္ေကာင္းႀကီး ေဖေဖ… ေဖေဖ ရယ္ … အခု ေဖေဖ ေသဆုံးသြားေတာ့ အိမ္ထဲေတာင္ အဝင္မခံေတာ့ဘူး ေဖေဖရယ္…

အိမ္ေထာင္ဦးစီး ေဖေဖ ႐ုန္းကန္ ရွာေဖြၿပီး စုေဆာင္းကာ ေဖေဖေဆာက္ခဲ့တဲ့ အိမ္ေလး အခု ေဖေဖ ေဂါင္းခ်ဖို႔ေတာင္ ေနရာ မရွိေတာ့ဘူး ေဖေဖရယ္… ေဖေဖ ေကြၽးေမြးျပဳစု ေစာင့္ေရွာက္ ခဲ့တာ နစ္ေပါင္း မ်ားစြာပါ ေဖေဖ အခုေတာ့… ေနာက္ထပ္ ၅ ရက္ေနရင္ ေဖေဖ ကို အိမ္ကေန သားသမီးေတြက ရာသက္ပန္နင္ထုတ္ေတာ့မွာ ေဖေဖရယ္…

ေဖေဖ ေခြၽးနည္းစာေလး နဲ႔ ပိုက္စံစုၿပီး လိုအပ္ရင္ အရန္သင့္ျဖစ္ေအာင္ သားသမီးေတြ အတြက္ ရည္႐ြယ္ကာ ဝယ္ထားတဲ့ ေဖေဖ ေ႐ႊလက္စြပ္ေလး အခုျဖဳတ္ယူသြားၾကၿပီ ေဖေဖရယ္… ေဖေဖတမလြန္ကိုသြားေတာ့ ပုဆိုးအေဟာင္းေလးနဲ႔ အက်ီအႏြမ္းေလး ေဖေဖ အတြက္ဆိုၿပီး ထည့္ေပးလိုက္ၿပီေနာ္ ေဖေဖ…

ရပ္ကြက္က အဝင္မခံဘူးေျပာရေအာင္ ရပ္႐ြာေကာင္းက်ိဳးသာေရး နာေရးေတြ ဆြမ္းေလာင္း အသင္းေတြ ပါဝင္ၿပီး ဦးေဆာင္ဦး႐ြက္တက္အားသေရာကုသိုလ္ယူျပဳလုပ္ခဲ့တဲ့ ေဖေဖ… အခု ေဖေဖ ကိုေတာင္အဝင္မခံေတာ့ဘူး ရပ္ကြက္နာတယ္တဲ့ တရားရဲ႕လားေဖေဖရယ္… ေဖေဖ ေပးခဲ့တဲ့ ေမတၱာ တရားေတြက တန္ဖိုးမျဖတ္နိင္ေအာင္ ႀကီးမားလွပါတယ္ ေဖေဖ ရယ္။

ေနာက္ဆုံး ေဖေဖ ရလိုက္တဲ့ အရာေတြက တန္ဖိုး နည္းလိုက္တာ ေဖေဖ ေဖေဖ… ရယ္ ေလာဘ ေဒါသ ေမာဘ ေတြျပည့္ႏွက္ေနတဲ့ လူ႔ေလာကႀကီးက ကိေလသာအပူမီးေတြ ေတာက္ေလာင္ေနတာပါ။ ဒါန သီလ ဘာဝနာ ေတြကသာ ေဖေဖ ေနာက္ပါမွာ ေကာင္းရာသုဂတိ မွာ ေဖေဖ ေပ်ာ္ေမႊ႕ပါေစေနာ္ ….

ကိုယ္သိပ္ ခ်စ္ပါတယ္ ခ်စ္ပါတယ္ ဆိုၿပီး ပါးစပ္ကေလးနဲ႔ မိဘေက်းဇူးတရားေတြ ကို တန္ဖိုးမျဖတ္လိုက္ၾကပါနဲ႔မိဘေက်းဇူးကို မဆပ္မိၾကလို႔ ေသခါမွေနာင္တမရမိၾကလိုက္ ပါနဲ႔ေနာ္။

ဤစာသားေလးကို မိဘေ က်းဇူးနင့္ အယူသီးမႈေတြကိုပါ ပေပ်ာက္ေအာင္ ကြၽန္ေတာ္ ရင္ထဲကခံစားခ်က္ေလးနဲ႔အတူေရးသားၿပီး မွ်ေဝေပးလိုက္ပါရေစ….

ေက်ာ္ဇင္ (မႏၲေလးသား)

စာေရးသူကို ေလးစားစြာ credit ေပးပါတယ္

unicode

အသုဘ ရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက်မှ ထုတ်ယူလာပြီး နာရေးကားပေါ် တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့ မောင်းထွက်လာခဲ့တယ်။ အိမ်ေ့ရှကိုနာရေးကားရောက်လာတော့ မိဘကျေးဇူးတွေနဲ့ အယူသီးမှုတွေကို ခွဲခြားသိမြင်နိင်ပြီး သိပ်ချစ်ပါတယ်ဆိုတဲ့ အမှန်တရား။

အသုဘရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှ ထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံး သူရဲ့အိမ်သို့ ပို့ဆောင်ဖို့မောင်းထွက်လာခဲ့တယ်…

အိမ်ေ့ရှကိုနာရေးကားရောက်လာတော့ အလောင်းကို အိမ်ထဲသွင်းမယ် လုပ်စရာရှိတာလုပ်မယ်ပေါ့ ကားပေါ်ကနေ အလောင်းချမယ်လုပ်တော့ အိမ်ရှင်တွေကအပြေးရောက်လာပြီး မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်းမပြင်ဘူးနော် အိမ်ေ့ရှမှာ ပဲအလောင်းပြင်ပေးပါနော်တဲ့

” အမဘာဖြစ် လို့လဲ ” လို့ကျွန်တော်ကမေး လိုက်တော့… ဟိုလေ ” ဆရာ အပြင်မှာသေတဲ့ အလောင်းကို အိမ်ထဲမသွင်းကောင်းဘူးတဲ့ အိမ်သားတွေခိုက်တက်တယ် တဲ့ ” ပြီးတော့ ရပ်ကွက်ကလဲမကြိုက်ဘူး ရပ်ကွက်နာတယ်တဲ့… ဟောဗျာ…”ဒါနဲ့အမ အခုသေတဲ့သူက အမနဲ့ဘာတော်လဲ လို့မေး လိုက်တော့ “… ဆရာ အခုဆုံးသွား တဲ့သူက ကျွန်မအဖေ ပါတဲ့.

အော်…ဟုတ်ကဲ့ အမအဖေလား ဒါဆိုအိမ်ထဲ အလောင်းမပြင်ဘူး အပြင်မှာပဲ အလောင်းပြင် မယ်ပေါ့ ဟုတ်လားအမ… ဟုတ်ကဲ့ ဆရာ အပြင်မှာပဲပြင်ပေးပါတဲ့…ကောင်းပါပြီအမ ကျွန်တော် တို့ အမတို့စိတ်တိုင်းကျ အပြင်မှာပဲအလောင်းပြင်ပေးပါမယ် ငိုတဲ့သူကငိုကြတယ် ကျွန်တော်တို့လဲ လုပ်စရာ ရှိတဲ့ကိစ္စအဝဝ ကိုဆောင်ရွက်ပေးပြီး ကူညီပေးခဲ့ပါပြီ…

အသုဘအလောင်းပြင်ပြီး အပြန်ကားပေါ် မှာ ကျွန်တော် အသိအမှန်တရားတစ်ခု ချက်ချင်း ရလိုက်ပါတယ် အဲ့ဒါက ဘာလဲဆိုတော့….. အော်…. ငယ်စဉ်တောင်ကျေးကလေးဘဝကနေ လူလားမြှောက်အောင် ပညာတက်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကိုယ့်ဖေဖေ …

နေပူထဲမှာလှုပ်ရှားရုန်းကန်ပြီး သားသမီးတွေ မျက်နာမငယ်ရအောင် ကျွေးမွေးပြုစု ရှာဖွေ စောင့်ရှောက်ခဲ့ရတဲ့ ဖေဖေ… သားသမီးတွေအတွက်ဆို မားမား မတ်မတ်ရပ်တည်ပေးခဲ့တဲ့ ဖေဖေ… အိမ်ထောင်ဦးစီး သူတော်ကောင်းကြီး ဖေဖေ… ဖေဖေ ရယ် … အခု ဖေဖေ သေဆုံးသွားတော့ အိမ်ထဲတောင် အဝင်မခံတော့ဘူး ဖေဖေရယ်…

အိမ်ထောင်ဦးစီး ဖေဖေ ရုန်းကန် ရှာဖွေပြီး စုဆောင်းကာ ဖေဖေဆောက်ခဲ့တဲ့ အိမ်လေး အခု ဖေဖေ ဂေါင်းချဖို့တောင် နေရာ မရှိတော့ဘူး ဖေဖေရယ်… ဖေဖေ ကျွေးမွေးပြုစု စောင့်ရှောက် ခဲ့တာ နစ်ပေါင်း များစွာပါ ဖေဖေ အခုတော့… နောက်ထပ် ၅ ရက်နေရင် ဖေဖေ ကို အိမ်ကနေ သားသမီးတွေက ရာသက်ပန်နင်ထုတ်တော့မှာ ဖေဖေရယ်…

ဖေဖေ ချွေးနည်းစာလေး နဲ့ ပိုက်စံစုပြီး လိုအပ်ရင် အရန်သင့်ဖြစ်အောင် သားသမီးတွေ အတွက် ရည်ရွယ်ကာ ဝယ်ထားတဲ့ ဖေဖေ ရွှေလက်စွပ်လေး အခုဖြုတ်ယူသွားကြပြီ ဖေဖေရယ်… ဖေဖေတမလွန်ကိုသွားတော့ ပုဆိုးအဟောင်းလေးနဲ့ အကျီအနွမ်းလေး ဖေဖေ အတွက်ဆိုပြီး ထည့်ပေးလိုက်ပြီနော် ဖေဖေ…

ရပ်ကွက်က အဝင်မခံဘူးပြောရအောင် ရပ်ရွာကောင်းကျိုးသာရေး နာရေးတွေ ဆွမ်းလောင်း အသင်းတွေ ပါဝင်ပြီး ဦးဆောင်ဦးရွက်တက်အားသရောကုသိုလ်ယူပြုလုပ်ခဲ့တဲ့ ဖေဖေ… အခု ဖေဖေ ကိုတောင်အဝင်မခံတော့ဘူး ရပ်ကွက်နာတယ်တဲ့ တရားရဲ့လားဖေဖေရယ်… ဖေဖေ ပေးခဲ့တဲ့ မေတ္တာ တရားတွေက တန်ဖိုးမဖြတ်နိင်အောင် ကြီးမားလှပါတယ် ဖေဖေ ရယ်။

နောက်ဆုံး ဖေဖေ ရလိုက်တဲ့ အရာတွေက တန်ဖိုး နည်းလိုက်တာ ဖေဖေ ဖေဖေ… ရယ် လောဘ ဒေါသ မောဘ တွေပြည့်နှက်နေတဲ့ လူ့လောကကြီးက ကိလေသာအပူမီးတွေ တောက်လောင်နေတာပါ။ ဒါန သီလ ဘာဝနာ တွေကသာ ဖေဖေ နောက်ပါမှာ ကောင်းရာသုဂတိ မှာ ဖေဖေ ပျော်မွှေ့ပါစေနော် ….

ကိုယ်သိပ် ချစ်ပါတယ် ချစ်ပါတယ် ဆိုပြီး ပါးစပ်ကလေးနဲ့ မိဘကျေးဇူးတရားတွေ ကို တန်ဖိုးမဖြတ်လိုက်ကြပါနဲ့မိဘကျေးဇူးကို မဆပ်မိကြလို့ သေခါမှနောင်တမရမိကြလိုက် ပါနဲ့နော်။

ဤစာသားလေးကို မိဘေ ကျးဇူးနင့် အယူသီးမှုတွေကိုပါ ပပျောက်အောင် ကျွန်တော် ရင်ထဲကခံစားချက်လေးနဲ့အတူရေးသားပြီး မျှဝေပေးလိုက်ပါရစေ….

ကျော်ဇင် (မန္တလေးသား)

စာရေးသူကို လေးစားစွာ credit ပေးပါတယ်

Add a Comment

Your email address will not be published. Required fields are marked *

11 + fourteen =