ပိုးေတြ႕လူနာေတြ မ်ားလာတဲ့အတြက္ေၾကာင့္ျပည္ေတာ္ျပန္ေတြျပန္လည္ ဝင္ေရာက္မႈကို ျပန္လည္ စိစစ္ဖို႔ရွိတယ္လို႔သိရ

ပိုးေတြ႕လူနာေတြ မ်ားလာတဲ့အတြက္ေၾကာင့္ျပည္ေတာ္ျပန္ေတြျပန္လည္ ဝင္ေရာက္မႈကို ျပန္လည္ စိစစ္ဖို႔ရွိတယ္လို႔သိရ

တစ္ပတ္အတြင္း ျပည္ေတာ္ျပန္ေတြက ထဲက (၁၉)ဦးမွာ ေရာဂါပိုးေတြ႕ရွိခဲ့ပါတယ္။ေမလ(၁၆)ရက္ေန႔ကေန (၂၃)ရက္ေန႔မနက္ပိုင္းအထိ ပိုးေတြ႕လူနာ (၂၀)ဦးမွာ (၁၉)ဦးကျပည္ပကျပန္လာတဲ့သူေတြျဖစ္ပါတယ္။ျပည္ပကျပန္လာတဲ့သူေတြကို ျမန္မာႏိုင္ငံကို ျပန္လည္အဝင္ခံတဲ့အခါမွာ ေရာဂါပိုးရွိ၊ မရွိ ဓာတ္ခြဲ စစ္ေဆးမႈေတြကို တစ္ဖက္ႏိုင္ငံမွာကတည္းက မလုပ္ေဆာင္ဘဲ ျမန္မာႏိုင္ငံေရာက္မွသာလုပ္ေဆာင္လွ်က္ ရွိပါတယ္။ အခုလို လုပ္ေဆာင္ရျခင္းက တစ္ဖက္ႏိုင္ငံမွာ ေရာဂါပိုးစစ္လို႔ ပိုးေတြ႕ခဲ့ရင္ အဲဒီႏိုင္ငံမွာပဲထားၿပီး လူနာရဲ႕ က်န္းမာေရးစရိတ္ေတြလည္း ထည့္တြက္ရတာေၾကာင့္ ကိုယ္ႏိုင္ငံျပန္ေရာက္မွပဲ ဓာတ္ခြဲ စစ္ေဆးမႈေတြလုပ္ေဆာင္ေနတာပါလို႔ က်န္းမာေရးအိ ပညာျမႇင့္တင္ေရးဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉးေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

“ဘယ္ႏိုင္ငံကေနျပန္ဝင္လာလာ တစ္ဖက္ႏိုင္ငံ မွာက အပူခ်ိန္တိုင္းတာေလာက္ပဲ လုပ္ေဆာင္ၿပီး ကိုယ့္ႏိုင္ငံတြင္းေရာက္ မွ ဓာတ္ခြဲစစ္ေဆးမႈေတြလုပ္တာပါ။ အခုျပည္ေတာ္ျပန္ေတြထဲက ပိုးေတြ႕လူနာေတြရွိလာေပမယ့္ ကိုယ့္ႏိုင္ငံအတြင္းမွာဆိုေတာ့ သူတို႔ကို ကုသမႈေပးေနရတဲ့အပိုင္းေတြမွာလည္း အခက္အခဲ မရွိဘူးေပါ့ေနာ္။ တစ္ဖက္ႏိုင္ငံမွာ စစ္လို႔ ေရာဂါပိုးေတြ႕ ခဲ့ရင္ ဒီဘက္ကို ျပန္လာလို႔မရဘဲ အဲ့ဘက္မွာပဲ ေဆးကုသမႈ ခံယူေနရရင္ သူမ်ားႏိုင္ငံျဖစ္တဲ့အတြက္ လူနာရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ စရိတ္ေတြကိုပါ အားလုံးထည့္တြက္ရမွာေတြရွိတယ္” လို႔ ေဒါက္တာသန္းႏိုင္စိုး ကေျပာပါတယ္။

ေမလဆန္းပိုင္းက စလို႔ ျပည္ပေရာက္ျမန္မာႏိုင္ငံ သားေတြကို မည္သူမဆို ျပန္လည္လက္ခံလွ်က္ရွိၿပီး ျပည္ေတာ္ျပန္ေတြထဲက ပိုးေတြ႕လူနာေတြမ်ားလာတဲ့အတြက္ေၾကာင့္ ျပည္ေတာ္ျပန္ေတြျပန္လည္ ဝင္ေရာက္မႈကို ျပန္လည္စိစစ္ဖို႔ရွိတယ္လို႔သိရပါတယ္။ေရာဂါျဖစ္ပြားမႈ အမ်ားဆုံးျဖစ္ေန တဲ့ ႏိုင္ငံေတြကျပန္ လာမယ့္သူေတြကို ပုံမွန္ထက္ ထက္ဝက္ေလာက္သာ လက္ခံဖို႔ တာဝန္ရွိသူေတြညႇိႏႈိင္းမႈေတြလုပ္ေနၿပီး လာသမွ်လူအားလုံးသာ လက္ခံေနမယ္ဆိုရင္ ပိုးေတြ႕လူနာေတြ ထပ္မ်ားလာႏိုင္တယ္လို႔ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။

လက္ရွိျမန္မာႏိုင္ငံရဲ႕ COVID 19 ေရာဂါကူးစက္ခံရသူေတြ ရဲ႕ ထက္ဝက္ေက်ာ္ေတြက ေရာဂါေပ်ာက္ကင္းသြားၿပီျဖစ္လို႔ ျပည္တြင္းေရာဂါကူးစက္မႈ ကိုေတာ့ ထိန္းခ်ဳပ္ႏိုင္မယ့္ အေျခအေနမွာရွိေနၿပီး ျပည္ပကျပန္လည္ဝင္ေရးက္လာမငေတြကို ေသခ်ာ စိစစ္သြားမယ္လို႔ ဆိုပါတယ္။ေမလ(၂၃)ရက္ေန႔ မနက္ပိုင္း ထုတ္ျပန္ခ်က္ အထိ ျမန္မာႏိုင္ငံ မွာ COVID 19 အတည္ျပဳလူနာ (၂၀၁)ဦးရွိၿပီး ျပန္လည္ေကာင္းမြန္သူ (၁၁၆)ဦးရွိကာ ေသဆုံးသူ (၆)ဦးရွိပါတယ္။

Credit Duwun

unicode

ပိုးတွေ့လူနာတွေ များလာတဲ့အတွက်ကြောင့်ပြည်တော်ပြန်တွေပြန်လည် ဝင်ရောက်မှုကို ပြန်လည် စိစစ်ဖို့ရှိတယ်လို့သိရ

တစ်ပတ်အတွင်း ပြည်တော်ပြန်တွေက ထဲက (၁၉)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။မေလ(၁၆)ရက်နေ့ကနေ (၂၃)ရက်နေ့မနက်ပိုင်းအထိ ပိုးတွေ့လူနာ (၂၀)ဦးမှာ (၁၉)ဦးကပြည်ပကပြန်လာတဲ့သူတွေဖြစ်ပါတယ်။ပြည်ပကပြန်လာတဲ့သူတွေကို မြန်မာနိုင်ငံကို ပြန်လည်အဝင်ခံတဲ့အခါမှာ ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးမှုတွေကို တစ်ဖက်နိုင်ငံမှာကတည်းက မလုပ်ဆောင်ဘဲ မြန်မာနိုင်ငံရောက်မှသာလုပ်ဆောင်လျှက် ရှိပါတယ်။ အခုလို လုပ်ဆောင်ရခြင်းက တစ်ဖက်နိုင်ငံမှာ ရောဂါပိုးစစ်လို့ ပိုးတွေ့ခဲ့ရင် အဲဒီနိုင်ငံမှာပဲထားပြီး လူနာရဲ့ ကျန်းမာရေးစရိတ်တွေလည်း ထည့်တွက်ရတာကြောင့် ကိုယ်နိုင်ငံပြန်ရောက်မှပဲ ဓာတ်ခွဲ စစ်ဆေးမှုတွေလုပ်ဆောင်နေတာပါလို့ ကျန်းမာရေးအိ ပညာမြှင့်တင်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

“ဘယ်နိုင်ငံကနေပြန်ဝင်လာလာ တစ်ဖက်နိုင်ငံ မှာက အပူချိန်တိုင်းတာလောက်ပဲ လုပ်ဆောင်ပြီး ကိုယ့်နိုင်ငံတွင်းရောက် မှ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်တာပါ။ အခုပြည်တော်ပြန်တွေထဲက ပိုးတွေ့လူနာတွေရှိလာပေမယ့် ကိုယ့်နိုင်ငံအတွင်းမှာဆိုတော့ သူတို့ကို ကုသမှုပေးနေရတဲ့အပိုင်းတွေမှာလည်း အခက်အခဲ မရှိဘူးပေါ့နော်။ တစ်ဖက်နိုင်ငံမှာ စစ်လို့ ရောဂါပိုးတွေ့ ခဲ့ရင် ဒီဘက်ကို ပြန်လာလို့မရဘဲ အဲ့ဘက်မှာပဲ ဆေးကုသမှု ခံယူနေရရင် သူများနိုင်ငံဖြစ်တဲ့အတွက် လူနာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကိုပါ အားလုံးထည့်တွက်ရမှာတွေရှိတယ်” လို့ ဒေါက်တာသန်းနိုင်စိုး ကပြောပါတယ်။

မေလဆန်းပိုင်းက စလို့ ပြည်ပရောက်မြန်မာနိုင်ငံ သားတွေကို မည်သူမဆို ပြန်လည်လက်ခံလျှက်ရှိပြီး ပြည်တော်ပြန်တွေထဲက ပိုးတွေ့လူနာတွေများလာတဲ့အတွက်ကြောင့် ပြည်တော်ပြန်တွေပြန်လည် ဝင်ရောက်မှုကို ပြန်လည်စိစစ်ဖို့ရှိတယ်လို့သိရပါတယ်။ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်နေ တဲ့ နိုင်ငံတွေကပြန် လာမယ့်သူတွေကို ပုံမှန်ထက် ထက်ဝက်လောက်သာ လက်ခံဖို့ တာဝန်ရှိသူတွေညှိနှိုင်းမှုတွေလုပ်နေပြီး လာသမျှလူအားလုံးသာ လက်ခံနေမယ်ဆိုရင် ပိုးတွေ့လူနာတွေ ထပ်များလာနိုင်တယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ COVID 19 ရောဂါကူးစက်ခံရသူတွေ ရဲ့ ထက်ဝက်ကျော်တွေက ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ပြည်တွင်းရောဂါကူးစက်မှု ကိုတော့ ထိန်းချုပ်နိုင်မယ့် အခြေအနေမှာရှိနေပြီး ပြည်ပကပြန်လည်ဝင်ရေးက်လာမငတွေကို သေချာ စိစစ်သွားမယ်လို့ ဆိုပါတယ်။မေလ(၂၃)ရက်နေ့ မနက်ပိုင်း ထုတ်ပြန်ချက် အထိ မြန်မာနိုင်ငံ မှာ COVID 19 အတည်ပြုလူနာ (၂၀၁)ဦးရှိပြီး ပြန်လည်ကောင်းမွန်သူ (၁၁၆)ဦးရှိကာ သေဆုံးသူ (၆)ဦးရှိပါတယ်။

Credit Duwun

Add a Comment

Your email address will not be published. Required fields are marked *

1 × four =