အိမ္သုံး အမ်ိဳးအစား လွ်ပ္စစ္မီး သုံးစြဲမႈကို ဒီဇင္ဘာလ ကုန္ထိ လစဥ္ ၁၅၀ ယူနစ္ အခမဲ့ေပးမည္

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီသည္ ေရာဂါ ပိုးကူးစက္မႈ ကို ဆက္လက္ထိန္းခ်ဳပ္ေဆာင္႐ြက္ရန္အတြက္ ၾသဂုတ္လကုန္ အထိ ရက္တိုးျမႇင့္ လိုက္ၿပီးေနာက္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနသည္ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္မီး သုံးစြဲမႈကို ဒီဇင္ဘာလကုန္ထိ လစဥ္ ၁၅၀ ယူနစ္ အခမဲ့ေပးမည္ ျဖစ္ေၾကာင္း ၾသဂုတ္လ ၁၈ ရက္ ညပိုင္းတြင္ သတင္းထုတ္ ျပန္သည္။

COVID- 19 ေၾကာင့္ ျပည္သူမ်ား စီးပြားေရးအရ စိတ္ဓာတ္ေရးရာ ၾကပ္တည္း ျခင္းမ်ားစြာ ရွိေနသည့္ အတြက္ ၾသဂုတ္လ ၁ရက္မွ ဒီဇင္ဘာလ ၃၁ ရက္ အထိ လစဥ္ ၁၅၀ ယူနစ္အတြက္ ဓာတ္အားက်သင့္ေငြ ကင္းလြတ္ခြင့္ (အခမဲ့) ကို ဆက္လက္ေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္၏ လွ်ပ္စစ္ ဓာတ္အားသုံးစြဲမႈ ယူနစ္မ်ားအနက္မွ

လွ်ပ္စစ္ ဓာတ္အားသုံးစြဲမႈ (၁) ယူနစ္မွ (၁၅၀) ယူနစ္အထိ သုံးစြဲ သူမ်ားသည္ ဓာတ္အားက်သင့္ေငြ ႏွင့္ မီတာဝန္ေဆာင္ခ အပါအဝင္ ကင္းလြတ္ခြင့္ (အခမဲ့) ရရွိမည္ျဖစ္ၿပီး (၁၅၁) ယူနစ္ႏွင့္အထက္ သုံးစြဲသူမ်ားသည္ ယူနစ္ (၁၅၀) အတြက္ ဓာတ္အားက်သင့္ေငြ (၁၁၅၅၀ က်ပ္) ကို ကင္းလြတ္ခြင့္ (အခမဲ့) ရရွိမည္ျဖစ္သည္။ အစိုးရအေနျဖင့္ လွ်ပ္စစ္ ဓာတ္အားအသုံးျပဳမႈ ယူနစ္ေလ်ာ့ခ်ေပးျခင္းကို ၂၀၂၀ ခုႏွစ္ ဧၿပီလတြင္ စတင္ခဲ့သည္။

Credit ျပည္ျမန္မာ

unicode

အိမ်သုံး အမျိုးအစား လျှပ်စစ်မီး သုံးစွဲမှုကို ဒီဇင်ဘာလ ကုန်ထိ လစဉ် ၁၅၀ ယူနစ် အခမဲ့ပေးမည်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသည် ရောဂါ ပိုးကူးစက်မှု ကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်အတွက် သြဂုတ်လကုန် အထိ ရက်တိုးမြှင့် လိုက်ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အိမ်သုံးအမျိုးအစား လျှပ်စစ်မီး သုံးစွဲမှုကို ဒီဇင်ဘာလကုန်ထိ လစဉ် ၁၅၀ ယူနစ် အခမဲ့ပေးမည် ဖြစ်ကြောင်း သြဂုတ်လ ၁၈ ရက် ညပိုင်းတွင် သတင်းထုတ် ပြန်သည်။

COVID- 19 ကြောင့် ပြည်သူများ စီးပွားရေးအရ စိတ်ဓာတ်ရေးရာ ကြပ်တည်း ခြင်းများစွာ ရှိနေသည့် အတွက် သြဂုတ်လ ၁ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ လစဉ် ၁၅၀ ယူနစ်အတွက် ဓာတ်အားကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှု ယူနစ်များအနက်မှ

လျှပ်စစ် ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲ သူများသည် ဓာတ်အားကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပြီး (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲသူများသည် ယူနစ် (၁၅၀) အတွက် ဓာတ်အားကျသင့်ငွေ (၁၁၅၅၀ ကျပ်) ကို ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်သည်။ အစိုးရအနေဖြင့် လျှပ်စစ် ဓာတ်အားအသုံးပြုမှု ယူနစ်လျော့ချပေးခြင်းကို ၂၀၂၀ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည်။

Credit ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *

3 × 4 =