ပရိသတ်တွေ အတွက် အမိုက်စားကကွက်တွေနဲ အပီအပြင် ကထားတဲ့ video လေးတင်ပေး လိုက်တဲ့ ပိုပို

အဆိုတော်မလေး ပိုပိုကတော့ “ချစ်ဖူးခဲ့သမျှ” ဆိုတဲ့ သီချင်းအခွေလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို စတင်ရရှိခဲ့တာ ဖြစ်ပါတယ် ။ သီချင်း အမျိုးအစား အစုံအလင်ကို သီဆိုနိုင်စွမ်းရှိတဲ့ ပိုပိုက သူမကိုယ်တိုင်လည်း တေးသီချင်းတွေ ရေးစပ်သီဆိုလေ့ရှိတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ပိုပိုက သီချင်းအသစ်တွေ ဆက်လက် ဖန်တီးရင်း ဂီတလမ်းကြောင်းထက်မှာ အောင်မြင်စွာ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ် ။

သီချင်းဆိုကောင်းသလို ရုပ်ရည်လေး ကလည်း ချောမောလှပတဲ့ ပိုပိုက ယောက်ျားလေး ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို ပိုမို ရရှိထားတာ ဖြစ်ပါတယ် ။ လတ်တလောမှာ ပိုပိုက နောက်ထပ်ထွက်ရှိမယ့် သီချင်းအသစ်အတွက် အလုပ်တွေကြိုးစားနေသလို အကလည်းလေ့ကျင့်နေတာ ဖြစ်ပါတယ် ။ အခုလည်း ပိုပိုက အားလပ်ချိန်လေး မှာ အကလေ့ကျင့်ရင်း အပီအပြင်ကပြထားတဲ့ ဗီဒီယိုလေး ကို ပရိသတ်တွေအတွက် မျှဝေပေး ထားပါသေးတယ်။

ပိုပိုကတော့ နာမည်ကြီး သီချင်းလေးတစ်ပုဒ်ကို အကဆရာ နဲ့အတူ အတွဲညီညီလေးကပြလိုက်တာပဲ ဖြစ်ပါတယ် ။ အမိုက်စားကကွက်တွေနဲ့ အားရပါးရကနေတဲ့ ဗီဒီယိုလေးကိုတော့ ပိုပိုက “ဝက်ကလေး ကနေပါပြီပေါ့ Dance Practice Coming Soon ” ဆိုပြီး တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး ပိုပိုရဲ့အလန်းစားအကဗီဒီယိုလေးကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Source & Video Credit-ဝတ်ရည်မိုး’s FB Acc