




unicode

လှပအောင်နေ ပေးရတာ မိန်းခလေးတွေ တဲ့ တာဝန် ဆိုပြီး အရမ်းလှတဲ့ ပုံတွေတင်ပေးလိုက်တဲ့ သံသာမိုးသိမ့်

ပရိသတ်ကြီးရေ…..သွက်လက်တဲ့ အမူအရာလေးတွေ နဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ Mrtv-4ရဲ့မင်းသမီးချောလေး သံသာမိုးသိမ့်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ဇာတ်လမ်းတွဲများမှာပါဝင်သရုပ်ဆောင်လာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ရုပ်ကို အပီအပြင် သရုပ်ဆောင်နိုင်တာကြောင့် အနုပညာအရည်အချင်းပြည့်ဝတဲ့ သူလေးလည်းဖြစ်ပါတယ်။

သံသာမိုးသိမ့်ဟာ မနေ့ကဖြစ်သည်၊ကျွန်မကမဟေသီစတဲ့ ဇာတ်လမ်းတွဲ တွေနဲ့အောင်မြင်ခဲ့ရုံသာမက မကြာခင်ကပြသခဲ့တဲ့ အချစ်ဖွဲ့လေညင်းဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း မေပျိုဖြူအနေ နဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင် ခဲ့တာဖြစ်ပါတယ်။ သူမ ရဲ့ ပီပြင်ကောင်းမွန်တဲ့သရုပ်ဆောင်ချက်လေးတွေကြောင့် ပရိသတ်ရင်ထဲအပြည့်အဝရောက်ရှိခဲ့သူလေးပါနော်။

သံသာမိုးသိမ့်ဟာ မကြာခဏဆိုသလိုသူမရဲ့လှုပ်ရှားမှုပုံလေးတွေနဲ့ ချစ်စဖွယ် ပုံရိပ် အလန်းလေးတွေကို မကြာခဏဆိုသလိုသူမရဲ့ Facebookစာမျက်နှာမှာ တင်ပေးတတ်ပါတယ်။ အခုလည်း သူမရဲ့ Facebook စာမျက်နှာမှာ အနက်ရောင်ဂါဝန်လေးကိုဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိရှိထိမိနေတဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Photo credit-Than Thar Moe Theint’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *

5 × three =