ဝိုင်းစုခိုင်သိန်း အတွက် ရည်ရွယ် ထားပြီး သီဆို ထားတဲ့ အောင်လရဲ့ “လိုတရ” သီချင်း Official Music Video

ဝိုင်းစုခိုင်သိန်း အတွက် ရည်ရွယ် ထားပြီး သီဆို ထားတဲ့ အောင်လရဲ့ “လိုတရ” သီချင်း Official Music Video.

အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်း ကတော့ ချစ်စရာကောင်းပြီး အေးချမ်းတဲ့ဘဝလေး ကို ပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ်။ အောင်လကလည်း Reason Band နဲ့အတူတူ သီချင်းတွေ ဖန်တီးနေသလို ဝိုင်းစုခိုင်သိန်းကလည်း သူ့ရဲ့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို ချပြနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ဝိုင်းစုခိုင်သိန်း နဲ့ အောင်လတို့နှစ်ယောက်စလုံး ကို အားပေးချစ်ခင်ကြပါတယ်။

အောင်လက ဝိုင်းစုခိုင်သိန်းအတွက် ရည်ရွယ်ထားတဲ့ “လိုတရ” ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်တွေ အားပေးမှု ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အောင်လရဲ့ “လိုတရ”သီချင်းလေးက MV လေးနဲ့တကွ ထွက်ရှိလို့လာတာကို တွေ့ရပါတယ်။

“လိုတရ” သီချင်းလေးက လက်တွေ့ဘဝက စုံတွဲအစစ်တွေနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အောင်လ သီဆိုထားတဲ့ “လိုတရ” သီချင်းလေး MV လေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source: Wine Su’s fb