ကြည့်မိသူတိုင်း အံ့သြမှင်သက် သွားရလောက်အောင် ကျောပြင်ပေါ် ကို အလေးတုံး ကြီးတင်ကာ လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ သင်ဇာရဲ့ Video လေး

ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံး အမိုက်စားလေးကို ပိုင်ဆိုင် ထားပြီး ပုရိသတွေသာမကဘဲ မိန်းကလေးချင်းတောင် လည်ပြန်ငေးမောရလောက်အောင် လှရက်နိုင်လွန်းသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမကတော့ ခေတ်ရှေ့ပြေးဖက်ရှင်လေးတွေ ဝတ်ဆင်တဲ့ အခါတွင်လည်း လိုက်ဖက်မှုရှိ လွန်းတာကြောင့် အားလုံးက ကြွေနေရတာပါ။ သင်ဇာဟာ ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ချိန်ထိ အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သင်ဇာတစ်ယောက် ကြော်ငြာလေးတွေ တောက်လျှောက် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အမိုက်စား ပုံရိပ်တွေနဲ့ ဗီဒီယိုလေးတွေဟာလည်း ကြည့်မိသူတိုင်း ဟင်ကနဲ ဟာကနဲ ဖြစ်သွားရလောက်အောင်ကိုပင် ဂေါ်လွန်းနေတာပဲ ဖြစ်ပါတယ်။ သင်ဇာကတော့ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် အမြဲတင်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယို လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ကြည့်မိသူတိုင်း အံ့သြမှင်သက် သွားရလောက်အောင် ကျောပြင်ပေါ်ကို အလေးတုံးကြီးတင်ကာ လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ Video လေး ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခန်းတွေ အမြဲပြုလုပ်နေတာကြောင့်လည်း သူမရဲ့ ကိုယ်လုံးလေးက တစ်နေ့ထက် တစ်နေ့ပိုပိုပြီး လှပလာတာလည်း ဖြစ် ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd – Thinzar Wint Kyaw’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *

five × five =