အပြုံးလေးတွေနဲ့ပဲ ရှေ့ဆက်သွားပါမယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပြီး ချစ်စဖွယ် ပုံလေးတွေကိုတင်ပေးလာခဲ့တဲ့ဖြူဖြူထွေး






unicode

ပရိသတ်ကြီးရေ…..မင်းသမီးလေးဖြူဖြူထွေးကတော့ ချစ်စရာကောင်းပြီး သွက်လက်တဲ့ အမူအရာလေးတွေနဲ့ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားတဲ့သူလေးဖြစ်ပါတယ်နော်။ သူမဟာဟန်ဆောင်မှုကင်းပြီး ရိုးရိုးသားသားနဲ့နေတတ်တဲ့သူလေးလည်း ဖြစ်တဲ့အပြင် အလှူအတန်းဆိုလည်း လက်မနှေးပဲရက်ရက်ရောရော လှူတတ်တဲ့သူလေးဆိုလည်း မမှားပါဘူးနော်။

ဖြူဖြူထွေးလေးဟာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာ လည်းဖြစ်ပြီး ကြော်ငြာတွေဆိုလည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေတာဖြစ်ပါတယ်နော်။ သူမရိုက်တဲ့ကြော်ငြာတွေဟာဆိုရင်လည်း သူမကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ကြီးတွေနဲ့အတူ အသေအချာလေးရိုက်ကူးတာကိုလည်းတွေ့ရပါတယ်။ ဒါ့ပြင်သူမရဲ့ အနုပညာကြေးလေးတွေကိုလည်း တတ်နိုင်သမျှ ရက်ရက်ရောရောနဲ့ လှူဒါန်းတတ်တဲ့သူလေးပါနော်။

ဖြူဖြူထွေးလေးဟာ ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲရပေမယ့် သေချာ အလုပ်ကြိုးစားပြီးပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ “အပြုံးလေးတွေနဲ့ပဲ ရှေ့ဆက်လျှောက်နေမှာ” ဆိုတဲ့ captionလေးနဲ့မြန်မာဆန်ဆန်ဝတ်စုံလေးဝတ်ဆင်ကာ ချစ်ဖို့ကောင်းနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Phyu Phyu Htwe’s Facebook acc

Photo credit-Amazing Grace

Add a Comment

Your email address will not be published. Required fields are marked *

15 − 12 =