လမ္းေဘးေခြး(၃၀၀) ေက်ာ္ ကို (၁၄)ႏွစ္ လုံးလုံး ရက္မပ်က္ပဲ တစ္ရက္ ငါးေသာင္းဖိုး ကုန္က်ခံ ေကြၽးေမြး ေနခဲ့သူ

မုံ႐ြာၿမိဳ႕ ေနရာအႏွံ႔က လမ္းေဘး ေခြး အေကာင္ ၃၀၀ ေက်ာ္ကို ညေနတိုင္း တစ္ရက္ကို ေငြ ၅ ေသာင္းက်ပ္ဖိုးခန႔္ ထမင္းနဲ႔ ၾကက္ေခါင္းဟင္းကို နယ္ၿပီး ၿမိဳ႕အႏွံ႔ ေနရာစုံလိုက္လံ ေကြၽးေမြး၊ တိရိစာၦန္မ်ားရဲ႕ က်န္းမာေရးကိုပါ ေစာင့္ေရွာက္ေပးေနတဲ့ ဦးခင္ေမာင္ဆန္း၊ အမ်ားကေခၚၾကတဲ့ ဂ်ပန္ႀကီး ဆိုတဲ့ ေလးစားဖြယ္ရာ ဦးေလး တစ္ဦး ရွိပါတယ္။

သူဟာ အခုလို လမ္းေဘးေခြး မ်ားကို ေန႔စဥ္ေန႔တိုင္း လိုက္လံ ေကြၽးေမြးေနခဲ့တာ တစ္ရက္ကို ေငြ ၅ ေသာင္းက်ပ္ဖိုးႏွင့္ ႏွစ္ေပါင္း ၁၄ ႏွစ္အတြင္းမွာ တစ္ရက္မွ မပ်က္ကြက္ခဲ့ဘူးလို႔လည္းဆိုပါတယ္။ တစ္ခါတစ္ေလ သူနားတဲ့ရက္ေတြမွာဆို သူရဲ႕ တပည့္ကို ေကြၽးခိုင္းတာျဖစ္ၿပီး အခုလို ေကြၽးေမြးရတဲ့ အေပၚမွာ ဘာေမွ်ာ္လင့္ခ်က္မွလည္း မထားေၾကာင္း ဦးခင္ေမာင္ဆန္းက ေျပာပါတယ္။

video

မ်ိဳးဝင္းထြန္း (မုံ႐ြာ)

Credit to AlinnMyay(အလင္းေျမ)

unicode

မုံရွာမြို့ နေရာအနှံ့က လမ်းဘေး ခွေး အကောင် ၃၀၀ ကျော်ကို ညနေတိုင်း တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးခန့် ထမင်းနဲ့ ကြက်ခေါင်းဟင်းကို နယ်ပြီး မြို့အနှံ့ နေရာစုံလိုက်လံ ကျွေးမွေး၊ တိရိစ္ဆာန်များရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနေတဲ့ ဦးခင်မောင်ဆန်း၊ အများကခေါ်ကြတဲ့ ဂျပန်ကြီး ဆိုတဲ့ လေးစားဖွယ်ရာ ဦးလေး တစ်ဦး ရှိပါတယ်။

သူဟာ အခုလို လမ်းဘေးခွေး များကို နေ့စဉ်နေ့တိုင်း လိုက်လံ ကျွေးမွေးနေခဲ့တာ တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးနှင့် နှစ်ပေါင်း ၁၄ နှစ်အတွင်းမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူးလို့လည်းဆိုပါတယ်။ တစ်ခါတစ်လေ သူနားတဲ့ရက်တွေမှာဆို သူရဲ့ တပည့်ကို ကျွေးခိုင်းတာဖြစ်ပြီး အခုလို ကျွေးမွေးရတဲ့ အပေါ်မှာ ဘာမျှော်လင့်ချက်မှလည်း မထားကြောင်း ဦးခင်မောင်ဆန်းက ပြောပါတယ်။

မျိုးဝင်းထွန်း (မုံရွာ)

Credit to AlinnMyay(အလင်းမြေ)

Add a Comment

Your email address will not be published. Required fields are marked *

fifteen − fifteen =