






ကျွန်တော်မှာရှိတဲ့

Original Gangster

Special 9

သတိအန္တရာယ်ရှိသည်


Mafia City

YONE LAY Page ​တွေနဲ့



source yone lay

unicode

ပရဟိတတွေ လုပ်ကိုင် နိုင်အောင်မို့ ရုပ်ရှင် အစည်းရုံးကို စာမတင်ပဲ ကြောငြာတွေ ရိုက်တော့မယ်လို့ပြောလာတဲ့ ယုန်လေး

အားလုံးကောင်းသော နေ့လေး ဖြစ်ပါစေ ခင်များ . .အရင် လို Post ​တွေပြန်တင်ပါတော့မယ် 🤍 … အချိန်ကာလ တစ်ခုမှ စိတ်ညစ်စရာတွေများစွာကြုံခဲ့ပါတယ် .

အနားမှာရှိပေးတဲ့ မိသားစုလို သူငယ်ချင်းတွေ .. Ph နဲ့ရော Messenger မှာရော အားပေးတဲ့ တစ်ယောက်စီတိုင်းကို အထူးကျေးဇူး တင်ပါတယ် ကျွန်တော် တစ်နှစ် အပိတ်ခံရတယ်အပေါ်မှာ ဘာမှ ပြောစရာမရှိပါဘူး .

ဒါပေမယ့် စားဝတ်နေရေး နဲ့ ကျွန်တော် တာဝန်ယူထားတဲ့ လူတွေအတွက်တော့ ကျွန်တော် ပြန်ရုန်းကန်မှ ရမှာဖြစ်တဲ့ အတွက် . ကျွန်တော်ရှင်သန်နေမှ ရပါမယ် .

We Love Yone Lay .. We Stand With You Yone Lay ဆိုပြီး အားပေးတဲ့ အယောက်စီတိုင်းကို လည်း ကျေးဇူး အထူးတင်ပါတယ်. ကိုယ်ပေါ်မှာ ကျွန်တော့်ပုံ တက်တူးထိုးထားတဲ့ လူတွေ အတွက်လည်း အစီစဉ်လေးတွေ ရှိပါတယ် .

We Love Yone Lay .. We Stan With You Yone Layဆိုပြီး အဖွဲ့တွေ ဖွဲ့ထားပြီး ကျွန်တော်တာဝန်ယူထားတဲ့ လူတွေ နဲ့ ကျွန်တော့် အတွက် ထောက်ပံ့ကြေး သူတို့တက်နိုင်သလောက် လစဉ်ပေးမယ် ထောက်ပံ့မယ်ဆိုပြီးပြောလာတော့ ပျော်ပြီးကြည်းနူးမိသလိုဝမ်းလည်း ဝမ်းနည်းမိပါတယ် .ဘာလို့လဲဆိုတော့ ကျွန်တော်က ပဲ သူများကို ထောက်ပံ့ချင်တာ . ကူညီချင်တာ .

ကျွန်တော် မစွမ်းနိုင်တော့မှာကိုအရင်လို ပြန်မရပ်တည်နိုင် မှာကို အကြောက်ဆုံးပဲ .စရံ ယူစရာ ရိုက်စရာ ရုပ်ရှင်ကားတွေ ပျက်ခဲ့ပါတယ် .အခု လုပ်လို့ရတဲ့ ဘောင်ထဲက အလုပ်လေးတွေကို အရင်ထက် ပိုကြိုးစားပြီး လုပ်ပါမယ် .Fb မှာ Post တင်ပြီး ကျွန်တော် ကြေညာပေးလို့ရပါတယ် . ရုပ်ရှင်အစည်းရုံးကို စော်ကားတာ မဟုတ်ပါဘူး ခင်များရုပ်ရှင်အစည်း ရုံးကို လျောက်လွှာတင်စရာမလိုပဲFb အတွက် ​ကြေညာလေးတွေ ရိုက်ပေးလို့ရပါတယ် .Ph နဲ့ ပဲ ရိုက်မှာ ဖြစ်တဲ့ အတွက် .လူဦးရေး လည်း ရူတင်မှာ မများပါဘူး .ဒါလေးတွေ တော့ လုပ်လို့ရပါတယ် .

ကျွန်တော်မှာရှိတဲ့

Original Gangster

Special 9

သတိအန္တရာယ်ရှိသည်

ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ

Mafia City

YONE LAY Page ​တွေနဲ့

YONE LAY Acc 🇲🇲အားလုံးပေါင်းရင်Follower 3 M လောက်ရှိပါတယ် .ဒါလေး နဲ့ ကျွန်တော် ပြန်ရပ် တည်မယ် .အရင်လို ပရဟိတ တွေ လိုအပ်တဲ့ လူတွေကို ကူဖို့မရရအောင် ပြန်ကြိုးစားမယ် .

အဲ့အတွက် ကျွန်တော့် ကို ကြေညာလေးတွေအပ်ပါ အလုပ်လေးတွေ ပေးဖို့တောင်းဆိုပါတယ်.တက်စွမ်း သလောက်အကောင်းဆုံးကြိုးစားပေးပါမယ် .အားလုံး Peace 🇲🇲 ✌✌✌✌✌ 🇲🇲

source yone lay

Add a Comment

Your email address will not be published. Required fields are marked *

fifteen − four =