အပန္းေျဖ ေရကူးကန္ ေတြမွာ လူေတြ ျပည့္ႏွက္ ေနတဲ့ “ဝူဟန္ၿမိဳ႕”

ဂီတပြဲေတာ္တစ္ခုမွာ ႏွာေခါင္းစည္း ဝတ္မထားၾကတဲ့ လူေထာင္ေပါင္း မ်ားစြာဟာ ေရာ္ဘာေဗာကြင္းေတြေပၚ စီးရင္း တစ္ေယာက္နဲ႔တစ္ေယာက္ ပုခုံးပြတ္တိုက္၊ သီခ်င္းေတြလိုက္ဆို အားေပးေနၾကတာ ေတြ႕ရပါတယ္။ ဒီလိုပုံမ်ိဳးက အခု ၂၀၂၀ ခုႏွစ္မွာ မေတြ႕ရေတာ့ သေလာက္ပါ။ ဒါေပမဲ့ ဒီပုံဟာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ အခု သီတင္းပတ္ကုန္ကပဲ ႐ိုက္ ထားတဲ့ ပုံျဖစ္ပါတယ္။ ဝူဟန္ၿမိဳ႕ဟာ မႏွစ္ေႏွာင္းပိုင္းတုန္းက ကိုဗစ္ ၁၉ ေရာဂါ စျဖစ္ပြားခဲ့တဲ့ ၿမိဳ႕ပါ။

ဂီတေဖ်ာ္ေျဖပြဲတစ္ခုမွာ လူေတြ ေထာင္နဲ႔ခ်ီ ႁပြတ္သိပ္ေန တျခားကမာၻ႔ႏိုင္ငံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားေနမႈကို တားဆီးဖို႔ ဆက္ႀကိဳးစား႐ုန္းကန္ေနၾကခ်ိန္မွာ ဝူဟန္ၿမိဳ႕ကေတာ့ ကပ္ေဘးအႏၲရာယ္ႀကီးကေန ကင္းလြတ္သြားခဲ့ၿပီလို႔ ယူဆရၿပီး ဝူဟန္ၿမိဳ႕မာယာကမ္းေျခ အပန္းေျဖပန္းၿခံထဲက ဒီပုံေတြဟာ လူေတြအၾကား တမဟုတ္ခ်င္း ပ်ံ႕သြားခဲ့ပါတယ္။ ဇန္နဝါရီလတုန္းက ဝူဟန္ၿမိဳ႕မွာ ကိုဗစ္ ၁၉ ေရာဂါ ကမာၻေပၚမွာ ပထမဆုံး စျဖစ္ခဲ့အၿပီး ေလာ့ခ္ေဒါင္းေတြ ခ်ထားစဥ္ လူေတြ၊ ကားေတြ ကင္းမဲ့ ေျခာက္ကပ္ေနခဲ့ပုံေတြနဲ႔ေတာ့ အခုပုံေတြက အကြာႀကီးကြာျခားေနပါတယ္။

ဧၿပီလမွာ ေလာ့ခ္ေဒါင္းေတြ ျပန္႐ုပ္သိမ္းလိုက္ၿပီး ေမလလယ္ကစလို႔ ဝူဟန္ၿမိဳ႕မွာေရာ၊ ဟူေဘးျပည္နယ္မွာပါ ေဒသခံေတြအၾကား အခ်င္းခ်င္း ေရာဂါ ကူးစက္တာမ်ိဳး လုံးဝ မရွိေတာ့ပါဘူး။ ဒီအေတာအတြင္းမွာပဲ တျခားကမာၻ႔ႏိုင္ငံေတြမွာေတာ့ ေရာဂါကူးစက္မႈေတြ တဟုန္ထိုး တိုးလာေနဆဲ ျဖစ္ပါတယ္။ ကမာၻတဝန္းမွာ ေရာဂါကူးစက္မႈေပါင္း ၂၁ သန္းေက်ာ္ ရွိေနပါတယ္။ ေရာဂါကူးစက္မႈကို ေအာင္ေအာင္ျမင္ျမင္ ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့ နယူးဇီလန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံေတြမွာေရာဂါကူးစက္မႈေတြ ေနာက္တစ္ေက်ာ့ ျပန္ျဖစ္ေနပါတယ္။ ဒီေတာ့ လူစုလူေဝးနဲ႔ ဒီလိုပြဲမ်ိဳးေတြ ျပန္က်င္းပခြင့္ျပဳဖို႔ကိုေတာ့ တျခားႏိုင္ငံေတြက အခ်ိန္ကာလအေတာ္ၾကာေလာက္အထိ လုပ္ရဲၾကဦးမယ့္ပုံ မရွိေသးပါဘူး။

BBC Burmese

unicode

ဂီတပွဲတော်တစ်ခုမှာ နှာခေါင်းစည်း ဝတ်မထားကြတဲ့ လူထောင်ပေါင်း များစွာဟာ ရော်ဘာဗောကွင်းတွေပေါ် စီးရင်း တစ်ယောက်နဲ့တစ်ယောက် ပုခုံးပွတ်တိုက်၊ သီချင်းတွေလိုက်ဆို အားပေးနေကြတာ တွေ့ရပါတယ်။ ဒီလိုပုံမျိုးက အခု ၂၀၂၀ ခုနှစ်မှာ မတွေ့ရတော့ သလောက်ပါ။ ဒါပေမဲ့ ဒီပုံဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အခု သီတင်းပတ်ကုန်ကပဲ ရိုက် ထားတဲ့ ပုံဖြစ်ပါတယ်။ ဝူဟန်မြို့ဟာ မနှစ်နှောင်းပိုင်းတုန်းက ကိုဗစ် ၁၉ ရောဂါ စဖြစ်ပွားခဲ့တဲ့ မြို့ပါ။

ဂီတဖျော်ဖြေပွဲတစ်ခုမှာ လူတွေ ထောင်နဲ့ချီ ပြွတ်သိပ်နေ တခြားကမ္ဘာ့နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုကို တားဆီးဖို့ ဆက်ကြိုးစားရုန်းကန်နေကြချိန်မှာ ဝူဟန်မြို့ကတော့ ကပ်ဘေးအန္တရာယ်ကြီးကနေ ကင်းလွတ်သွားခဲ့ပြီလို့ ယူဆရပြီး ဝူဟန်မြို့မာယာကမ်းခြေ အပန်းဖြေပန်းခြံထဲက ဒီပုံတွေဟာ လူတွေအကြား တမဟုတ်ချင်း ပျံ့သွားခဲ့ပါတယ်။ ဇန်နဝါရီလတုန်းက ဝူဟန်မြို့မှာ ကိုဗစ် ၁၉ ရောဂါ ကမ္ဘာပေါ်မှာ ပထမဆုံး စဖြစ်ခဲ့အပြီး လော့ခ်ဒေါင်းတွေ ချထားစဉ် လူတွေ၊ ကားတွေ ကင်းမဲ့ ခြောက်ကပ်နေခဲ့ပုံတွေနဲ့တော့ အခုပုံတွေက အကွာကြီးကွာခြားနေပါတယ်။

ဧပြီလမှာ လော့ခ်ဒေါင်းတွေ ပြန်ရုပ်သိမ်းလိုက်ပြီး မေလလယ်ကစလို့ ဝူဟန်မြို့မှာရော၊ ဟူဘေးပြည်နယ်မှာပါ ဒေသခံတွေအကြား အချင်းချင်း ရောဂါ ကူးစက်တာမျိုး လုံးဝ မရှိတော့ပါဘူး။ ဒီအတောအတွင်းမှာပဲ တခြားကမ္ဘာ့နိုင်ငံတွေမှာတော့ ရောဂါကူးစက်မှုတွေ တဟုန်ထိုး တိုးလာနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာ ရောဂါကူးစက်မှုပေါင်း ၂၁ သန်းကျော် ရှိနေပါတယ်။ ရောဂါကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တဲ့ နယူးဇီလန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာရောဂါကူးစက်မှုတွေ နောက်တစ်ကျော့ ပြန်ဖြစ်နေပါတယ်။ ဒီတော့ လူစုလူဝေးနဲ့ ဒီလိုပွဲမျိုးတွေ ပြန်ကျင်းပခွင့်ပြုဖို့ကိုတော့ တခြားနိုင်ငံတွေက အချိန်ကာလအတော်ကြာလောက်အထိ လုပ်ရဲကြဦးမယ့်ပုံ မရှိသေးပါဘူး။

BBC Burmese

Add a Comment

Your email address will not be published. Required fields are marked *

sixteen − 1 =