ရှေးခေတ် မြန်မာ အမျိုးသမီး တို့ရဲ့ အတုယူဖွယ် ဆင်ယင်ထုံးဖွဲ့မှုများ

ဝတ်စားဆင်ယင်မှုများနှင့် ထုံးဖွဲ့မှု များဟာ လူမျိုးနှင့် နိုင်ငံအလိုက် ကွဲပြားလေ့ရှိကြပြီး ဒီဆင်ယင်ထုံးဖွဲ့ မှုကနေပဲ ထို လူမျိုးတွေရဲ့ ယဉ်ကျေးမှုနှင့် အကျင့်စရိုက်ကို ခန့်မှန်းနိုင်ပါတယ် ရှေးခေတ်မြန်မာတို့ရဲ့ ဝတ်စား ဆင်ယင် ထုံးဖွဲ့မှုတွေကလည်း တစ်မူထူးခြားပြီး ရိုးရိုးယဉ်ယဉ်လေးနှင့် လှပတာကြောင့် တခြားသော နိုင်ငံတွေရဲ့ အသိအမှတ်ပြုခြင်းနှင့် အားကျခြင်း ကို များစွာ ခံခဲ့ရတာဖြစ်ပါတယ်

မြန်မာဝတ်စုံ ဟာ ဝတ်သူတိုင်း ကို ကျက်သရေ ရှိစေပြီး အိနြေ္ဒသိက္ခာပါ ရှိစေတာကြောင့် အခုချိန်ထိ မြန်မာအမျိုးသမီးတိုင်း စွဲစွဲမြဲမြဲဝတ်ဆင်နေကြတုန်းပါပဲ ဒါပေမယ့်လည်း အချိန်တွေ ကြာလာတာ နှင့်အမျှ ချုပ်လုပ်ဖန်တီးမှုတွေက ခေတ်အလိုက် ပြောင်းလဲလာကြတာကြောင့် ရှေးခေတ် က မြန်မာအမျိုးသမီးတို့ရဲ့ ဆင်ယင်ထုံးဖွဲ့မှု အငွေ့အသက်တွေကတော့ တဖြည်းဖြည်း နှင့် ပျောက်ကွယ်လာတာအမှန်ပါပဲ

ဒါကြောင့် ပရိသတ်တွေအတွက် ပြန်လည် အောက်မေ့ရစေဖို့ ရှေးခေတ် မြန်မာ အမျိုးသမီးတွေ ရဲ့ ကျက်သရေ ရှိလှတဲ့ ဆင်ယင်ထုံးဖွဲ့မှု ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်

crd MyanmaPlatform

Add a Comment

Your email address will not be published. Required fields are marked *

one × two =