




unicode

တရုတ်ပြည်မှာ စက်ရုံတွေ လည်ပတ် လုပ်ကိုင် နေတဲ့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ အဲဒီကနေ ထွက်ခွာပြီးပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုရင် အခွန်ခုနှိမ်သက်သက်ခွင့်တွေ ပေးမယ်လို့ ဒေါ်နယ်ထရမ့် မနေ့က ပြောဆိုလိုက်ပါတယ်။ဒါ့အပြင် တရုတ်မှာ အလုပ်သွားအပ်တဲ့အမေရိကန်ကုမ္ပဏီ တွေကိုလည်းအစိုးရရဲ့ စီမဲကိန်းသဘောတူညီချက် စာချုပ်တွေ ကနေ ဖယ်ရှား ပစ်မယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါသေးတယ်။

တရုတ်ဆီ ရောက်နေတဲ့ အလုပ် နေရာတွေကို အမေရိက န်ဆီ ပြန်ယူလာမယ့်ကုမ္ပဏီတွေကို ကျုပ်တို့တွေက အခွန်ခုနှိမ်သက်သာခွင့်တွေ ပေးသွားပါမယ်၊ကမ္ဘာ့သမိုင်းရဲ့ အကြီးကျယ်ခမ်းနားဆုံး စီးပွားရေးနိုင်ငံကြီးကို ကျုပ်တို့တည်ထောင်ခဲ့ပါတယ်။အခုလည်းအဲ့ဒီလို ပြန်ဖြစ်အောင် လုပ်သွားပါမယ် လို့ ထရမ့်ကပြောပါတယ်။

မနေ့က ထရမ့်ပြောဆို သွားတဲ့ မိန့်ခွန်းထဲမှာ လာမယ့် ၁၀လ အတွင်းအမေရိကန်မှာ အလုပ်နေရာပေါင်း ၁၀သန်းကို ဖန်တီးပေးမယ် လို့ ကတိပြုပြောဆိုခဲ့ပြီး တရုတ်အပေါ်မှီခိုနေတဲ့အပြစ်ကို အဆုံးသတ်ပစ်မယ်လို့ပြောသွားပါတယ်။ထရမ့်အနေနဲ့ တရုတ်နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Huawei, WeChat နဲ့ ikTokကို ထိုးနှက် တိုက်ခိုက်ပြီးမှာ အခုလိုအမေရိကန်ကုမ္ပဏီတွေက တရုတ်ကနေထွက်ခွာဖို့ဆွဲဆောင် သိမ်းသွင်းလာတာဖြစ်ပြီး အမေရိကန်နဲ့ တရုတ်ကြားမှာ တင်းမာမှုတွေကို လောင်စာမြင့်တင်ပေးတဲ့ နောက်ဆုံးမီးစတစ်ခုလည်းဖြစ်လာပါတယ်။

Credit : climate change inside myanmar

Add a Comment

Your email address will not be published. Required fields are marked *

nineteen − fourteen =