အထူး သတိထားဖို႔ လိုတဲ့ စစ္ေတြ က ထူး ဆန္း တဲ့ ခုန္ပ်ံေက်ာ္ ကိုဗစ္ ကူးစက္မႈ အေၾကာင္း

မနက္က ထပ္ေတြ႕ တဲ့ စစ္ေတြ က COVID လူနာ ၂ ဦးဟာ ဟိုတေန႔က လူနာအမွတ္ ၃၇၅ ဘဏ္ဝန္ထမ္း နဲ႔ အတူ တာဝန္ထမ္းေဆာင္ ေနတဲ့ အျခားဘဏ္ ဝန္ထမ္းေတြရဲ႕ မိဘေတြ ျဖစ္ပါတယ္။ သူတို႔က လူနာနံပါတ္ ၃၇၈ နဲ႔ ၃၇၉ ပါ။ ဒါက ဘာကို ျပသလဲ ဆိုရင္ ပိုးက လူနာ ၃၇၅ ကေန သူနဲ႔အတူလုပ္တဲ့ အျခားဝန္ထမ္းဆီ ပါသြားတယ္။ သူတို႔က ဘာမွ မျဖစ္ပဲ ပိုးမေတြ႕ပဲ သူတို႔ မိဘေတြကို သြားကူး တာပါ။ Secondary Contact ပါ။ သတိထားဖို႔ လိုပါတယ္။

လူနာနံပါတ္ ၃၇၇ ကေတာ့ အုန္းေတာေခ် ဘဂၤါလီ ဒုကၡသည္ စခန္းကို တာဝန္အရ သြားေရာက္ခဲ့တဲ့ NGO ဝန္ထမ္းတဦးပါ။ သူကေတာ့ စစ္ေတြ ေဆး႐ုံကို လာျပရာမွာ လကၡဏာ ေတြ ေတြ႕လို႔ ေစာင့္ၾကည့္လူနာ အျဖစ္ သတ္မွတ္ပီး ထားရွိခဲ့တာျဖစ္ပါတယ္။ စစ္ေတြမွာ လူနာနံပါတ္ ၃၇၅ နဲ႔ ထိေတြ႕ခဲ့တဲ့ ဘဏ္ဝန္ထမ္း ေတြသာမက သူတို႔ရဲ႕ မိသားစုေတြကိုပါ Q ထားပီး စစ္ေဆးလို႔ ေတြ႕ရွိခဲ့တာပါ။

က်န္းမာေရးဝန္ႀကီး ဌာနအေနနဲ႔ တတ္ႏိုင္သမွ် လူနာ အကုန္ အုပ္မိေအာင္ ႀကိဳးစားေနပါတယ္။ အမ်ားျပည္သူေတြ အေနနဲ႔လည္း ဒုတိယလႈိင္း မျဖစ္ေအာင္ ကာကြယ္ၾကဖို႔ ဝန္ႀကီးဌာနက ပန္ၾကားလႊာ ထုတ္ထားပါတယ္။ လက္ေဆးပါ။ Mask တပ္ပါ။ တတ္ႏိုင္ သမွ် လူၾကား ထဲ မသြားပါနဲ႔။ အိမ္မွာပဲ ေနၾကပါ။ ၆ ေပအကြာမွ ေနထိုင္ ေျပာဆိုၾကပါ။ ရပ္႐ြာထဲ ႏိုင္ငံျခားက ျပန္လာသူရွိရင္ Q ဝင္ဖို႔ တိုက္ တြန္းပါ။ သတင္းပို႔ပါ။ အထူးမွာခ်င္တာကေတာ့ လုံးဝ မေပါ့သင့္တဲ့ အခ်ိန္တခုကို ထပ္မံရင္ဆိုင္ရမွာျဖစ္လို႔ ၂ ပတ္ေလာက္ေတာ့ အထူးသတိထားၿပီး ေနထိုင္ၾကပါ။

ျပည္သူသာလွ်င္ အဓိက ျဖစ္ပါတယ္။

Nay Thway

unicode

အထူး သတိထားဖို့ လိုတဲ့ စစ်တွေ က ထူး ဆန်း တဲ့ ခုန်ပျံကျော် ကိုဗစ် ကူးစက်မှု အကြောင်း

မနက်က ထပ်တွေ့ တဲ့ စစ်တွေ က COVID လူနာ ၂ ဦးဟာ ဟိုတနေ့က လူနာအမှတ် ၃၇၅ ဘဏ်ဝန်ထမ်း နဲ့ အတူ တာဝန်ထမ်းဆောင် နေတဲ့ အခြားဘဏ် ဝန်ထမ်းတွေရဲ့ မိဘတွေ ဖြစ်ပါတယ်။ သူတို့က လူနာနံပါတ် ၃၇၈ နဲ့ ၃၇၉ ပါ။ ဒါက ဘာကို ပြသလဲ ဆိုရင် ပိုးက လူနာ ၃၇၅ ကနေ သူနဲ့အတူလုပ်တဲ့ အခြားဝန်ထမ်းဆီ ပါသွားတယ်။ သူတို့က ဘာမှ မဖြစ်ပဲ ပိုးမတွေ့ပဲ သူတို့ မိဘတွေကို သွားကူး တာပါ။ Secondary Contact ပါ။ သတိထားဖို့ လိုပါတယ်။

လူနာနံပါတ် ၃၇၇ ကတော့ အုန်းတောချေ ဘင်္ဂါလီ ဒုက္ခသည် စခန်းကို တာဝန်အရ သွားရောက်ခဲ့တဲ့ NGO ဝန်ထမ်းတဦးပါ။ သူကတော့ စစ်တွေ ဆေးရုံကို လာပြရာမှာ လက္ခဏာ တွေ တွေ့လို့ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ပီး ထားရှိခဲ့တာဖြစ်ပါတယ်။ စစ်တွေမှာ လူနာနံပါတ် ၃၇၅ နဲ့ ထိတွေ့ခဲ့တဲ့ ဘဏ်ဝန်ထမ်း တွေသာမက သူတို့ရဲ့ မိသားစုတွေကိုပါ Q ထားပီး စစ်ဆေးလို့ တွေ့ရှိခဲ့တာပါ။

ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ တတ်နိုင်သမျှ လူနာ အကုန် အုပ်မိအောင် ကြိုးစားနေပါတယ်။ အများပြည်သူတွေ အနေနဲ့လည်း ဒုတိယလှိုင်း မဖြစ်အောင် ကာကွယ်ကြဖို့ ဝန်ကြီးဌာနက ပန်ကြားလွှာ ထုတ်ထားပါတယ်။ လက်ဆေးပါ။ Mask တပ်ပါ။ တတ်နိုင် သမျှ လူကြား ထဲ မသွားပါနဲ့။ အိမ်မှာပဲ နေကြပါ။ ၆ ပေအကွာမှ နေထိုင် ပြောဆိုကြပါ။ ရပ်ရွာထဲ နိုင်ငံခြားက ပြန်လာသူရှိရင် Q ဝင်ဖို့ တိုက် တွန်းပါ။ သတင်းပို့ပါ။ အထူးမှာချင်တာကတော့ လုံးဝ မပေါ့သင့်တဲ့ အချိန်တခုကို ထပ်မံရင်ဆိုင်ရမှာဖြစ်လို့ ၂ ပတ်လောက်တော့ အထူးသတိထားပြီး နေထိုင်ကြပါ။

ပြည်သူသာလျှင် အဓိက ဖြစ်ပါတယ်။

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *

one × one =