ကြည်လင် ဝင်းပတဲ့ အသားအရည်လေးက ပေါ်လွင်နေပြီး အဝါရောင် မြန်မာဝတ်စုံလေးနဲ့ ကျက်သရေ ရှိရှိလှနေတဲ့ ဆောင်းယွန်းစံ





unicode

ပရိသတ်ကြီးရေ အနုပညာလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတာမကြာသေး ပေမယ့် ပရိသတ်ရင်ထဲ နေရာတစ်နေရာ အရယူထားနိုင်တဲ့ သူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံ ပဲ ဖြစ်ပါတယ်။ သူမကတော့ အကယ်ဒမီစင်မြင့်ထက်မှာ ရွှေကြိုမယ်လေးအဖြစ်ပါဝင်အားဖြည့်ရင်း အနုပညာ လောကထဲကို စတင်ဝင်ရောက် လာခဲ့ပြီး နောက်ပိုင်းမှာ music video တွေနဲ့ ကြော်ငြာတွေ ကိုလည်း များစွာရိုက်ကူးနေတာကြောင့် အောင်မြင်မှုအသင့်အတင့်ရရှိနေတဲ့ သူလေးလည်း ဖြစ်ပါတယ်။

သူမက ကိုယ်ခန္ဓာ အချိုးအစားပြေပြစ်ပြီး လိုက်ဖက်ညီတဲ့ ဝတ်စုံလေးတွေ ကိုသာ ရွေးချယ်ဝတ်ဆင်တတ်တာကြောင့် သူမရဲ့ ချစ်ပရိသတ်တွေ က ချစ်စနိုးနဲ့ ဖက်ရှင်မင်းသမီးလို့လဲ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သူလည်းဖြစ်ပါတယ်။ ဒါ့အပြင်မင်းသမီးချောလေး ဆောင်းယွန်းက စကားပြောဆို ချိုသာယဥ်ကျေးပြီး ဆွဲဆောင်မှုရှိလွန်းလှတဲ့ အပြုံးချိုချိုလေးတွေကြောင့် ပုရိသတို့ အသည်းစွဲ မင်းသမီးတစ်ယောက်လည်း ဖြစ်သလို မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်ရတဲ့ သူဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။

ဆောင်းယွန်းက ရုပ်ရည်လေးကလည်း ပြစ်ချက်မရှိလှပသလို အသားအရည် လေးကလည်း ကြည်လင်ဝင်းပတာကို တွေ့ရပါတယ်။ ယနေ့မှာတော့ ဆောင်းယွန်းက သူမရဲ့ အသားရည်ကို ပိုမိုထင်ပေါ်စေတဲ့ အဝါရောင်မြန်မာဝတ်စုံလေးကို ဝတ်ဆင်ကာ ပိုစ့်ပေးဓါတ်ဖမ်းနေတာပဲ ဖြစ်ပါတယ်။ ဆောင်းယွန်းရဲ့ ပုံလေးတွေတိုင်းက ကျက်သရေရှိရှိလှနေပြီး ဆွဲဆောင်မှုရှိနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…. ။

Photo credit – Ko Nyi photography

Add a Comment

Your email address will not be published. Required fields are marked *

seventeen + twelve =