ဘဂၤလား ပင္လယ္ေအာ္ရွိ ေလဖိအားနည္း ရပ္ဝန္း ေနာက္(၁၂)နာရီ အတြင္း မုန္တိုင္းငယ္ အျဖစ္ပိုမို အားေကာင္းလာမည္ဟု ခန႔္မွန္းရ

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ ယေန႔ ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ယမန္ေန႔က ျဖစ္ေပၚခဲ့ေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာက္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ အိႏၵိယႏိုင္ငံ၊ ဩရိႆျပည္နယ္ေျမာက္ပိုင္းကမ္းေျခႏွင့္ အေနာက္ဘဂၤလား ျပည္နယ္ကမ္းေျခအနီးတို႔တြင္ ဆက္လက္ တည္ရွိေနပါသည္။ အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ ေနာက္ (၁၂)နာရီအတြင္း မုန္တိုင္းငယ္(Depression)အျဖစ္သို႔ ပိုမိုအားေကာင္းလာကာ၊ အေနာက္ဘက္သို႔ ေ႐ြ႕လ်ား ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္း တို႔တြင္ မုတ္သုံေလ အားနည္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားေကာင္းေနပါသည္။

ယေန႔ညေနအထိခန႔္မွန္းခ်က္။ စစ္ကိုင္းတိုင္းေဒသႀကီး ေအာက္ပိုင္းတြင္ ေနရာက်ဲက်ဲ၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔ တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ရခိုင္ျပည္နယ္တြင္ ေဒသအလိုက္ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း ေဒသႀကီးအထက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္း တစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလ သည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအသင့္အတင့္ ရွိမည္။ လႈိင္းအျမင့္မွာ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၂)ေပခန႔္ႏွင့္ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔တြင္ (၅)ေပမွ (၇)ေပခန႔္ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ ခန႔္မွန္းခ်က္။ ရွမ္းျပည္နယ္(ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)၊ ကယားျပည္နယ္၊ ကရင္ ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုးပိုလာႏိုင္ပါသည္။ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန႔္မွန္းခ်က္။ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန႔္မွန္းခ်က္။မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္ယေန႔ညေနအထိခန႔္မွန္းခ်က္။ ေနရာကြက္က်ား ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

unicode

ဘင်္ဂလား ပင်လယ်အော်ရှိ လေဖိအားနည်း ရပ်ဝန်း နောက်(၁၂)နာရီ အတွင်း မုန်တိုင်းငယ် အဖြစ်ပိုမို အားကောင်းလာမည်ဟု ခန့်မှန်းရ

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေနှင့် အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေအနီးတို့တွင် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် (၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ပိုမိုအားကောင်းလာကာ၊ အနောက်ဘက်သို့ ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်။ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Add a Comment

Your email address will not be published. Required fields are marked *

nineteen + 12 =