ကိုဗစ် ပျောက်ကင်း လူနာ အဖြစ် သတ်မှတ် ထားသည့် လူနာနံပါတ် (၁၁၁) သေဆုံး

ကိုဗစ် ပျောက်ကင်း လူနာ အဖြစ် သတ်မှတ် ထားသည့် လူနာနံပါတ် (၁၁၁) သေဆုံး

နှစ်ကြိမ် ဆက်တိုက်ပိုး မတွေ့သူတစ်ဦးဖြစ် သည့် လူနာ အမှတ်(၁၁၁)သည် ကင်ဆာရောဂါဖြင့် ဒီနေ့တွင် ကွယ်လွန် သွားကြောင်း လှိုင်သာယာမြို့နယ် ကျန်း မာရေးဦးစီးမှူး ဒေါက်တာခင်ရူပါ စိုးက အတည်ပြုလိုက်ပါတယ်။

လူနာအမှတ် (၁၁၁) ဟာ ကင်ဆာရောဂါကို ကိုဗစ်အတည်ပြုလူနာ မဖြစ်မီကတည်းက ခံစားနေခဲ့ရသူဖြစ်ပြီး နှစ်ကြိမ် ဆက်ပိုးမတွေ့၍ မေလ ၁၁ ရက်တွင် ဝေဘာဂီ ဆေးရုံကြီးမှ ဆင်းခွင့်ရခဲ့ပါတယ်။

ယင်းသေဆုံးလူနာသည် မေလ ၁၁ ရက်က ဝေဘာဂီဆေးရုံ ကြီးမှ ဆင်းခွင့် ရပြီးနောက် မေလ ၁၈ ရက်တွင် ရန်ကုန်ဆေးရုံကြီး သို့တက်ရောက်၍ ကင်ဆာရောဂါအတွက် ကုသမှုခံယူခဲ့ခြင်းဖြစ်ပါတယ်။

“ကင်ဆာဖောင်ဒေးရှင်းက ဖွင့် ထားတဲ့ဆေးရုံ မှာ ယခင်ကပုံမှန် ကုသမှုခံယူနေရသူ တစ်ယောက် ဖြစ်တယ်။ အခုလည်း ကင်ဆာ ရောဂါနဲ့ဆုံးပါးသွားတယ်လို့ သိရ ပါတယ်’’ ဟု လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ဆိုပါတယ်။

“စုစုပေါင်း ၅ ဦးမှာ ၁၁၁နဲ့ ၂၆မှာရောဂါအခံရှိပြီး ကျန်လူနာတွေမှာ ရောဂါအခံမရှိကြပါဘူး။၂၆ကလည်း အခု ကျန်းမာရေးကောင်းမွန် တယ်လို့ သိရပါတယ်။”လို့ ဒေါ်ခင်ရူပါစိုးက ပြောပါတယ်။ ကိုဗစ်ရောဂါ အတည် ပြုလူနာများအနက် ရောဂါခံစား နေရစဉ်အတွင်း သေဆုံးသူ ခြောက်ဦးရှိ ခဲ့သော်လည်း နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိ၍ ဆေးရုံဆင်းခွင့်ရသူများအနက် မေလ ၂၃ ရက်ကသေဆုံး ခဲ့သော လူနာအမှတ်(၁၁၁)မှာ ပထမဆုံး သေဆုံးသည့် လူနာဖြစ် ခဲ့ပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

two + 18 =