



Crd

unicode

ကြည့်မိသူတိုင်း အံ့သြမှင်သက် သွားရလောက်အောင် ကျောပြင်ပေါ် ကို အလေးတုံးကြီး တင်ကာ လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ သင်ဇာ ရဲ့ Video လေး

ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံးအမိုက်စားလေးကို ပိုင်ဆိုင် ထားပြီး ပုရိသတွေသာမကဘဲ မိန်းကလေးချင်းတောင် လည်ပြန် ငေးမောရလောက်အောင် လှရက်နိုင်လွန်းသူလေး ကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမကတော့ ခေတ်ရှေ့ပြေး ဖက်ရှင်လေးတွေ ဝတ်ဆင်တဲ့ အခါတွင်လည်း လိုက်ဖက်မှုရှိလွန်းတာကြောင့် အားလုံးက ကြွေနေရတာပါ။ သင်ဇာဟာ ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ချိန်ထိ အောင်မြင်မှုတွေကို ထိန်းသိမ်း ထားနိုင်တဲ့ မင်းသမီးလေး တစ်လက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သင်ဇာတစ်ယောက် ကြော်ငြာလေးတွေ တောက်လျှောက် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အမိုက်စား ပုံရိပ်တွေနဲ့ ဗီဒီယိုလေးတွေ ဟာလည်း ကြည့်မိသူတိုင်း ဟင်ကနဲ ဟာကနဲ ဖြစ်သွားရလောက်အောင်ကိုပင် ဂေါ်လွန်းနေတာပဲ ဖြစ်ပါတယ်။ သင်ဇာကတော့ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေသိရှိနိုင်အောင် အမြဲတင်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ကြည့်မိသူတိုင်း အံ့သြမှင်သက်သွား ရလောက်အောင် ကျောပြင်ပေါ်ကို အလေးတုံးကြီး တင်ကာ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ Video လေး ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခန်းတွေ အမြဲပြုလုပ်နေတာကြောင့်လည်း သူမရဲ့ ကိုယ်လုံးလေးက တစ်နေ့ထက် တစ်နေ့ပိုပိုပြီး လှပလာတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သင်ဇာဝင့်ကျော် ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Crd

Add a Comment

Your email address will not be published. Required fields are marked *

twenty + three =