ကေလးၿမိဳ႕ လမ္းေဘး တြင္ ေတြ႕ရသည့္ ေျခေထာက္ျပတ္ တစ္ခု ပိုင္ရွင္ ေပ်ာက္ဆံုးေန

စစ္ကိုင္း တိုင္းေဒသႀကီး ကေလးၿမိဳ႕နယ္ မဂၤလာဥယ်ာဥ္ ရပ္ကြက္ အတြင္းရွိ လူေနအိမ္မ်ား အနီး လူသြားလမ္းေဘး တြင္ ေျခေထာက္ျပတ္တစ္ခုေတြ႕ရွိခဲ့ၿပီး ပိုင္ရွင္ ကို ရွာမရ ေၾကာင္း သက္ဆိုင္ရာၿမိဳ႕နယ္ ရပ္ကြက္တာဝန္ရွိသူမ်ားထံမွ စုံစမ္း သိရသည္။

ဒူးဆစ္အထက္ လက္ ၅ လုံး ေနရာမွ စတင္ကာ ေျခေခ်ာင္းမ်ား အထိ ပါဝင္သည့္ ဘယ္ဘက္ေျခေထာက္ျပတ္ ကို ေမလ ၁၁ ရက္ေန႔ နံနက္ ၆ နာရီ အခ်ိန္ခန႔္က မဂၤလာဥယ်ာဥ္ရပ္ကြက္ အတြင္းရွိ လူေနအိမ္မ်ားအနီး လမ္းေဘးတြင္ ေတြ႕ရွိခဲ့ေၾကာင္း ၎ ေျခေထာက္ျပတ္ကို ပလက္ စတစ္အိတ္ ဆာလာအိတ္ မ်ားျဖင့္ အထပ္ထပ္ ထုပ္ထားၿပီး စြန႔္ပစ္ထားသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္သည္ဟု မဂၤလာဥယ်ာဥ္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဇာ္လင္း က ေျပာသည္။

“မိုးဇလ႐ုံးရဲ့အေရွ႕ဘက္ ၾသဘာလမ္းေဘး မွာ ေတြ႕ရတယ္။ ေခြးခ်ီခဲ့တာလား ဘာလာေတာ့ မသိဘူး။ ေျခေထာက္ ကို ၾကည့္ရတာ ကေတာ့ ၾကာေတာ့ၾကာပါၿပီ။ အဲ့ဒီ အထုပ္ေတြ႕တဲ့ နားက အိမ္ကေျပာတာကေတာ့ အဲ့ဒီအထုပ္ကို ေတြ႕ေနတာ ႏွစ္ရက္သုံးရက္ေလာက္ေတာ့ ရွိၿပီ လို႔ေတာ့ေျပာတယ္။ သူတို႔ နံလာတဲ့အခါက်ေတာ့ ဝက္ေသတို႔ ေခြးေသတို႔ အထုပ္ႀကီး ခ်တယ္ထင္လို႔ ဖြင့္ၾကည့္လိုက္ေတာ့ ေတြ႕ရတာပဲ။ အဲ့ဒါ နဲ႔ နီးစပ္ရာရဲစခန္းကို အေၾကာင္း ၾကားတယ္။ စည္ပင္ကိုလည္း အေၾကာင္းၾကားၿပီးေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကိုလည္း ထူးျခားျဖစ္စဥ္ဆိုၿပီး သတင္းတင္ျပထားတယ္” ဟု ၎ကေျပာသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကေလးၿမိဳ႕မရဲစခန္းမွ စခန္းမႉးထံ ဆက္သြယ္ေမးျမန္း ခဲ့ရာ ၎တို႔ သြားေရာက္ ၾကည့္ခ်ိန္တြင္ ေျခေထာက္ျပတ္မရွိေတာ့ေၾကာင္း ေျပာသည္။

“အုပ္ခ်ဳပ္ေရးမႉးက ရဲကို သတင္းပို႔လိုက္ေတာ့ ရဲကလာၿပီးၿပီ။ စည္ပင္ကိုပဲ ေခၚၿပီး ဖ်က္ဆီးခိုင္း လိုက္ဆိုေတာ့ ကၽြန္ေတာ္တို႔လဲမီးရွို႔ဖ်က္ဆီးလိုက္ၿပီ။ ဒီဟာနဲ ႔ပတ္သက္ၿပီးေတာ့ ေဆး႐ုံဘက္ ကို ဆက္သြယ္ေမးၾကည့္ေတာ့ ေဆး႐ုံက လည္း လက္သန္းပဲျပတ္ျပတ္ ေျခမပဲ ျပတ္ျပတ္ ပိုင္ရွင္ကို ျပန္ေပးတာမ်ိဳးမရွိဘူး။ သူတို႔ တာဝန္ခံၿပီးေတာ့ ဖ်က္ဆီးေပးတယ္ လို႔ေတာ့ ေျပာတယ္”ဟု ကေလးၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ မွ အမွိုက္သိမ္း တာဝန္ခံ ဦးဝင္းေဇာ္ဦး က ေျပာသည္။

ၿငိမ္းသူမင္း

unicode

စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့နယ် မင်္ဂလာဥယျာဉ် ရပ်ကွက် အတွင်းရှိ လူနေအိမ်များ အနီး လူသွားလမ်းဘေး တွင် ခြေထောက်ပြတ်တစ်ခုတွေ့ရှိခဲ့ပြီး ပိုင်ရှင် ကို ရှာမရ ကြောင်း သက်ဆိုင်ရာမြို့နယ် ရပ်ကွက်တာဝန်ရှိသူများထံမှ စုံစမ်း သိရသည်။

ဒူးဆစ်အထက် လက် ၅ လုံး နေရာမှ စတင်ကာ ခြေချောင်းများ အထိ ပါဝင်သည့် ဘယ်ဘက်ခြေထောက်ပြတ် ကို မေလ ၁၁ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်က မင်္ဂလာဥယျာဉ်ရပ်ကွက် အတွင်းရှိ လူနေအိမ်များအနီး လမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်း ၎င်း ခြေထောက်ပြတ်ကို ပလက် စတစ်အိတ် ဆာလာအိတ် များဖြင့် အထပ်ထပ် ထုပ်ထားပြီး စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မင်္ဂလာဥယျာဉ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း က ပြောသည်။

“မိုးဇလရုံးရဲ့အရှေ့ဘက် သြဘာလမ်းဘေး မှာ တွေ့ရတယ်။ ခွေးချီခဲ့တာလား ဘာလာတော့ မသိဘူး။ ခြေထောက် ကို ကြည့်ရတာ ကတော့ ကြာတော့ကြာပါပြီ။ အဲ့ဒီ အထုပ်တွေ့တဲ့ နားက အိမ်ကပြောတာကတော့ အဲ့ဒီအထုပ်ကို တွေ့နေတာ နှစ်ရက်သုံးရက်လောက်တော့ ရှိပြီ လို့တော့ပြောတယ်။ သူတို့ နံလာတဲ့အခါကျတော့ ဝက်သေတို့ ခွေးသေတို့ အထုပ်ကြီး ချတယ်ထင်လို့ ဖွင့်ကြည့်လိုက်တော့ တွေ့ရတာပဲ။ အဲ့ဒါ နဲ့ နီးစပ်ရာရဲစခန်းကို အကြောင်း ကြားတယ်။ စည်ပင်ကိုလည်း အကြောင်းကြားပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုလည်း ထူးခြားဖြစ်စဉ်ဆိုပြီး သတင်းတင်ပြထားတယ်” ဟု ၎င်းကပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်းမှ စခန်းမှူးထံ ဆက်သွယ်မေးမြန်း ခဲ့ရာ ၎င်းတို့ သွားရောက် ကြည့်ချိန်တွင် ခြေထောက်ပြတ်မရှိတော့ကြောင်း ပြောသည်။

“အုပ်ချုပ်ရေးမှူးက ရဲကို သတင်းပို့လိုက်တော့ ရဲကလာပြီးပြီ။ စည်ပင်ကိုပဲ ခေါ်ပြီး ဖျက်ဆီးခိုင်း လိုက်ဆိုတော့ ကျွန်တော်တို့လဲမီးရှို့ဖျက်ဆီးလိုက်ပြီ။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဆေးရုံဘက် ကို ဆက်သွယ်မေးကြည့်တော့ ဆေးရုံက လည်း လက်သန်းပဲပြတ်ပြတ် ခြေမပဲ ပြတ်ပြတ် ပိုင်ရှင်ကို ပြန်ပေးတာမျိုးမရှိဘူး။ သူတို့ တာဝန်ခံပြီးတော့ ဖျက်ဆီးပေးတယ် လို့တော့ ပြောတယ်”ဟု ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီ မှ အမှိုက်သိမ်း တာဝန်ခံ ဦးဝင်းဇော်ဦး က ပြောသည်။

ငြိမ်းသူမင်း

Add a Comment

Your email address will not be published. Required fields are marked *

11 − eight =