လူနာအမွတ္ (၃၇၈) သည္ ရန္ကုန္ေျမာက္ဥကၠလာ (ည) ရပ္ကြက္တြင္ လူ (၁၅) ေယာက္ နဲ႔အတူ ေနထိုင္ခဲ့

ရခိုင္ျပည္နယ္မွာ ျပည္တြင္း ကိုဗစ္ကူးစက္မႈစျဖစ္တဲ့ စစ္ေတြၿမိဳ႕ စီဘီ ဘဏ္ဝန္ထမ္း၊ လူနာအမွတ္(၃၇၅)နဲ႔ မဆက္စပ္တဲ့ ကိုဗစ္လူနာ(၁) ေယာက္ နဲ႔ ဆက္စပ္ ပိုးေတြ႕လူနာ(၁)ေယာက္ကို ဒီေန႔ၾသဂုတ္လ(၂၀)ရက္၊ မနက္ပိုင္းက စစ္ေတြၿမိဳ႕မွာ ထပ္ေတြ႕ခဲ့ပါတယ္။ဒီေန႔မွာ လူနာသစ္(၂)ေယာက္ထပ္ေတြ႕ခဲ့ၿပီး အဲဒီထဲကတစ္ေယာက္ဟာ ပိုးစ ေတြ႕တဲ့ လူနာအမွတ္(၃၇၅)နဲ႔ မဆက္စပ္တဲ့ အစိုးရဝန္ထမ္း ျဖစ္သူ အသက္(၂၉)ႏွစ္အ႐ြယ္ လူနာအမွတ္(၃၉၆) ျဖစ္တယ္လို႔ ျပည္နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနက သိရပါတယ္။“လူနာအမွတ္(၃၉၆)က စစ္ေတြကဝန္ထမ္းတစ္ေယာက္ပါပဲ။ သူလည္း ဘာမွဆက္စပ္မႈရွိဘူး။ ေရာဂါလကၡဏာျပလို႔ သူ႔ဘာသူ လာျပတာကေန တို႔ဖတ္ယူၿပီးစစ္ေဆးလိုက္တာ။”လို႔ ရခိုင္ျပည္နယ္ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ေျပာပါတယ္။

ဒီေန႔မနက္ေတြ႕တဲ့ ေနာက္တစ္ေယာက္ ကေတာ့ စီဘီ ဘဏ္ဝန္ထမ္း လူနာအမွတ္ (၃၇၅) ေဆးခန္းလာျပလို႔ စစ္ေဆးေပးတာကေန ကူးစက္သြားတဲ့ က်န္းမာေရး ဝန္ထမ္းလူနာအမွတ္(၃၉၅)ျဖစ္ပါတယ္။ဒါ့အျပင္ စီဘီ ဘဏ္ဝန္ထမ္း လူနာအမွတ္(၃၇၅)နဲ႔ ဆက္စပ္တဲ့ ဘဏ္ဝန္ထမ္းမိသားစုထဲက အသက္(၅၀)အ႐ြယ္ လူနာအမွတ္(၃၇၈)မွာ ၾသဂုတ္လ(၁၉)ရက္က ပိုးေတြ႕ရွိခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။အဲဒီလူနာအမွတ္(၃၇၈)ဟာ ပိုးမေတြ႕ခင္တုန္းက ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ “ည”ရပ္ ကြက္က ေနအိမ္တစ္လုံးမွာတည္းခိုၿပီး ေဆးကုသမႈခံယူခဲ့တယ္လို႔ သိရပါတယ္။အဲဒီေနာက္ စစ္ေတြၿမိဳ႕ကို ျပန္သြားခဲ့ၿပီးမွ စီဘီ ဘဏ္ဝန္ထမ္းလူနာအမွတ္(၃၇၅)မွာ ပိုးေတြ႕တာကိုသိရွိခဲ့လို႔ သူ႔ကို အသြားအလာကန႔္သတ္၊ တို႔ဖတ္ယူ စစ္ေဆးၿပီးတဲ့ေနာက္ ပိုးေတြ႕ခဲ့တာျဖစ္ပါတယ္။ဒါေၾကာင့္ ပိုးမေတြ႕ခင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာ ေနထိုင္တုန္းက ထိစပ္ခဲ့တဲ့(၁၅)ေယာက္ကို Q စင္တာဆီ ပို႔ေဆာင္ ထားတယ္လို႔ ေျမာက္ဥကၠလာပၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္က ေျပာပါတယ္။

“ေနတဲ့အခ်ိန္တုန္းကေတာ့ သူ႔မွာ ပိုးမေတြ႕ဘူး။ ျပန္သြားမွ ပိုးေတြ႕လို႔ အဲဒီ (ည) ရပ္ကြက္က အိမ္မွာစုေနထိုင္တဲ့ စက္႐ုံကအလုပ္သမား(၁၅)ေယာက္ကို ဩဂုတ္လ(၁၉)ရက္ညကတည္းက Q စင္တာ ပို႔လိုက္တာ။ အိမ္ကိုေတာ့ ပိတ္ထားလိုက္ၿပီ။”လို႔ ဦးေဇာ္လြင္က ေျပာပါတယ္။ကိုဗစ္ေရာဂါဟာ ခုန္ေက်ာ္ကူးတတ္ၿပီး ေရာဂါ ပိုးေတြ႕သူကေနတစ္ဆင့္ ထိေတြ႕သူကို တိုက္႐ိုက္ ကူးစက္တာ မဟုတ္ဘဲ ထိေတြ႕သူရဲ႕မိသားစုဝင္ေတြ ဆီကူးစက္တာကိုေတြ႕လာရလို႔ အထူးဂ႐ုျပဳစရာျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန ကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲရဲ႕ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာခင္ခင္ႀကီးက ေရးသားထားပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ဩဂုတ္(၂၀)ရက္ေန႔မနက္အထိ ပိုးေတြ႕လူနာ(၃၉၆) ေယာက္ရွိေနၿပီး ျပန္ေကာင္းမြန္သူ (၃၃၃)ေယာက္နဲ႔ ေသဆုံးသူ(၆) ေယာက္ရွိေနပါတယ္။

unicode

လူနာအမှတ် (၃၇၈) သည် ရန်ကုန်မြောက်ဥက္ကလာ (ည) ရပ်ကွက်တွင် လူ (၁၅) ယောက် နဲ့အတူ နေထိုင်ခဲ့

ရခိုင်ပြည်နယ်မှာ ပြည်တွင်း ကိုဗစ်ကူးစက်မှုစဖြစ်တဲ့ စစ်တွေမြို့ စီဘီ ဘဏ်ဝန်ထမ်း၊ လူနာအမှတ်(၃၇၅)နဲ့ မဆက်စပ်တဲ့ ကိုဗစ်လူနာ(၁) ယောက် နဲ့ ဆက်စပ် ပိုးတွေ့လူနာ(၁)ယောက်ကို ဒီနေ့သြဂုတ်လ(၂၀)ရက်၊ မနက်ပိုင်းက စစ်တွေမြို့မှာ ထပ်တွေ့ခဲ့ပါတယ်။ဒီနေ့မှာ လူနာသစ်(၂)ယောက်ထပ်တွေ့ခဲ့ပြီး အဲဒီထဲကတစ်ယောက်ဟာ ပိုးစ တွေ့တဲ့ လူနာအမှတ်(၃၇၅)နဲ့ မဆက်စပ်တဲ့ အစိုးရဝန်ထမ်း ဖြစ်သူ အသက်(၂၉)နှစ်အရွယ် လူနာအမှတ်(၃၉၆) ဖြစ်တယ်လို့ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။“လူနာအမှတ်(၃၉၆)က စစ်တွေကဝန်ထမ်းတစ်ယောက်ပါပဲ။ သူလည်း ဘာမှဆက်စပ်မှုရှိဘူး။ ရောဂါလက္ခဏာပြလို့ သူ့ဘာသူ လာပြတာကနေ တို့ဖတ်ယူပြီးစစ်ဆေးလိုက်တာ။”လို့ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ဒီနေ့မနက်တွေ့တဲ့ နောက်တစ်ယောက် ကတော့ စီဘီ ဘဏ်ဝန်ထမ်း လူနာအမှတ် (၃၇၅) ဆေးခန်းလာပြလို့ စစ်ဆေးပေးတာကနေ ကူးစက်သွားတဲ့ ကျန်းမာရေး ဝန်ထမ်းလူနာအမှတ်(၃၉၅)ဖြစ်ပါတယ်။ဒါ့အပြင် စီဘီ ဘဏ်ဝန်ထမ်း လူနာအမှတ်(၃၇၅)နဲ့ ဆက်စပ်တဲ့ ဘဏ်ဝန်ထမ်းမိသားစုထဲက အသက်(၅၀)အရွယ် လူနာအမှတ်(၃၇၈)မှာ သြဂုတ်လ(၁၉)ရက်က ပိုးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အဲဒီလူနာအမှတ်(၃၇၈)ဟာ ပိုးမတွေ့ခင်တုန်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ “ည”ရပ် ကွက်က နေအိမ်တစ်လုံးမှာတည်းခိုပြီး ဆေးကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် စစ်တွေမြို့ကို ပြန်သွားခဲ့ပြီးမှ စီဘီ ဘဏ်ဝန်ထမ်းလူနာအမှတ်(၃၇၅)မှာ ပိုးတွေ့တာကိုသိရှိခဲ့လို့ သူ့ကို အသွားအလာကန့်သတ်၊ တို့ဖတ်ယူ စစ်ဆေးပြီးတဲ့နောက် ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ပိုးမတွေ့ခင် မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တုန်းက ထိစပ်ခဲ့တဲ့(၁၅)ယောက်ကို Q စင်တာဆီ ပို့ဆောင် ထားတယ်လို့ မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

“နေတဲ့အချိန်တုန်းကတော့ သူ့မှာ ပိုးမတွေ့ဘူး။ ပြန်သွားမှ ပိုးတွေ့လို့ အဲဒီ (ည) ရပ်ကွက်က အိမ်မှာစုနေထိုင်တဲ့ စက်ရုံကအလုပ်သမား(၁၅)ယောက်ကို ဩဂုတ်လ(၁၉)ရက်ညကတည်းက Q စင်တာ ပို့လိုက်တာ။ အိမ်ကိုတော့ ပိတ်ထားလိုက်ပြီ။”လို့ ဦးဇော်လွင်က ပြောပါတယ်။ကိုဗစ်ရောဂါဟာ ခုန်ကျော်ကူးတတ်ပြီး ရောဂါ ပိုးတွေ့သူကနေတစ်ဆင့် ထိတွေ့သူကို တိုက်ရိုက် ကူးစက်တာ မဟုတ်ဘဲ ထိတွေ့သူရဲ့မိသားစုဝင်တွေ ဆီကူးစက်တာကိုတွေ့လာရလို့ အထူးဂရုပြုစရာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ခင်ကြီးက ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ဩဂုတ်(၂၀)ရက်နေ့မနက်အထိ ပိုးတွေ့လူနာ(၃၉၆) ယောက်ရှိနေပြီး ပြန်ကောင်းမွန်သူ (၃၃၃)ယောက်နဲ့ သေဆုံးသူ(၆) ယောက်ရှိနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

nine − 6 =