ရင်ပြတ် အင်္ကျီလေး နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေပေါ်လွင်နေတဲ့ “ရွှေကစ်လေး”

Posted on

ပရိသတ်တွေအားလုံးက ချစ်စနိုး နဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီး ချောလေး ဝတ်မှုန်ရွှေရည်ကတော့ နာမည်လေး လှသလို ရုပ်ရည်ရူပါ ကလည်း ချောမော လှပနေသူလေး ဖြစ်ပါတယ် ။ ရွှေကစ်လေးက ကိုရီးယားမလေးတစ်ယောက်လို ဖြူဖွေးဝင်းဥတဲ့အသားအရေလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ခန္ဓာကိုယ် အချိုးအစားကလည်း သွယ်လျနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ရွှေကစ်လေး ကို ယောက်ျားလေး ပရိသတ်တွေ သာမက မိန်းကလေး ပရိသတ်တွေအချင်းချင်းကပါ ချစ်ခင်အားပေးပြီး ဝန်းရံနေကြတာ ဖြစ်ပါတယ် ။

ရွှေကစ်လေးက သရုပ်ဆောင်ပိုင်း မှာလည်း အင်မတန် ထူးချွန်သူဖြစ်ပြီး အကယ်ဒမီရွှေစင်ရုပ်တုနှစ်ခုကို ရယူ ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ ရွှေကစ်လေးက နိုင်ငံတကာနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ ဖက်ရှင် အမြင်လည်းရှိတဲ့ ရွှေကစ်က သူများတွေနဲ့မတူတဲ့ ခပ်မိုက်မိုက်ပုံစံလေး နဲ့ အမြဲတမ်းလှနေတတ်တာ ဖြစ်ပါတယ် ။

အခုလည်း ရွှေကစ်လေးက အနက်ရောင် ရင်ပြတ်အင်္ကျီ နဲ့ အပေါ်ထပ်ကုတ်အင်္ကျီလေးကို အတွဲအဖက် ညီညီဝတ်ဆင်ပြီး ဓာတ်ဖမ်းခဲ့တာ ဖြစ်ပါတယ် ။ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပေါ်လွင်နေတဲ့ ရွှေကစ်လေးကမြင်နေကျပုံစံလေးနဲ့မတူအောင် မိမိုက်ပြီး အရမ်းအထာကျနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေ အတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့အမိုက်စားပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Wutt Hmone Shwe Yi’s IG Acc

zawgyi



