“ဘာပဲလုပ်လုပ် အများသိဖို့ မလိုဘူး အမှားမရှိဖို့ဘဲ လိုတယ်” ဆိုပြီး ပရိသတ်တွေကို ပြော လာတဲ့ ဖြူဖြူထွေး

ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အနုပညာ လောကမှာ လျှမ်းလျှမ်းတောက်​အောင်မြင်ကျော်ကြားနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဖြူဖြူထွေးက ကျောင်းကပွဲတစ်ခုရဲ့ စင်မြင့်ထက်မှာ ကပြဖျော်ဖြေရင်း လူသိများအောင်မြင်လာတာပဲဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေ ကို အပြုံး နဲ့ ရင်ဆိုင်ရင်း အောင်မြင်မှုတွေကို ရယူခဲ့တဲ့ ဖြူဖြူထွေး က အခုလက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။

လတ်တလော မှာလည်း အနုပညာ လှုပ်ရှားမှုတွေကို ဆက်တိုက် လုပ်ကိုင်နေရတဲ့ ဖြူဖြူထွေးက သူမရဲ့ အားလပ်တဲ့အချိန်လေးတွေမှာ ပရိသတ်တွေ အတွက် အလှပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတာကိုလည်း တွေ့ရပါတယ်။ ရုပ်ရည်လေးက ပြစ်ချက်မရှိလှနေတဲ့အပြင် စိတ်ထားလေးကလည်း မွန်မြတ်ဖြူစင် လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝပိုင်ဆိုင် ထားတာပဲဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတဲ့ ဖြူဖြူထွေးက ယခုမှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်…။

ချစ်စရာကောင်းပြီး ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလေးကိုဝတ်ကာ ရိုးရှင်းလှပတဲ့ အပြုံးချိုချိုလေးတွေ နဲ့ အသည်းယားစရာ ကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ ဖြူဖြူထွေးရဲ့ ပုံလေးတွေတိုင်းက သဘာဝဆန်ပြီး ပြစ်ချက်မရှိ လှနေတဲ့အပြင် ” ဘာပဲလုပ်လုပ် အများ သိဖို့မလိုဘူး အမှားမရှိဖို့ဘဲ လိုတယ်နော်အသဲတို့” ဆိုတဲ့ စာသားလေး ကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်….။

Source – Phyu Phyu Htwe’s FB account

Add a Comment

Your email address will not be published. Required fields are marked *

one + 15 =