ဘား၊ ႏိုက္ကလပ္ႏွင့္ ေကတီဗီ မ်ား အမွန္တကယ္ ပိတ္ ရန္ ၫႊန္ၾကား၊ မပိတ္ လွ်င္ ဆိုင္ကိုပိတ္သိမ္းမည္

တစ္ ႏိုင္လုံးတြင္ ဘား၊ ႏိုက္ကလပ္ႏွင့္ ေကတီဗီ ဆိုင္မ်ားဖြင့္ခြင့္မျပဳေသးေၾကာင္း ကိုဗစ္ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီ ကထုတ္ျပန္လိုက္ပါတယ္။

ၫႊန္ၾကားခ်က္ မ်ားလိုက္နာ ျခင္းမရွိဘဲ ဖြင့္ေနသည္ ကို စိစစ္ ေတြ႕ရွိပါက ဆိုင္ပိတ္သိမ္းသည္ အထိ အေရးယူသြားမည္ဟု ေကာ္မတီက အသိေပးထား သည္။ ေနျပည္ေတာ္ေကာင္စီအ ပါအဝင္ တိုင္းႏွင့္ျပည္နယ္မ်ား၌ ဟိုတယ္မ်ားႏွင့္ သီးျခားေနရာမ်ား ရွိ ဘား၊ ႏိုက္ကလပ္ႏွင့္ ေကတီဗီ ဆိုင္မ်ားသည္ လက္ရွိကပ္ေရာဂါ ကူးစက္ရန္လြယ္ကူသည့္ေနရာမ်ားျဖစ္သည့္ အတြက္ ဖြင့္လွစ္ ျခင္း ခြင့္မျပဳရန္ႏွင့္ သတ္မွတ္ ၫႊန္ၾကားခ်က္မ်ားကို လိုက္လံ စစ္ေဆးရန္ ေဒသဆိုင္ရာအာ ဏာပိုင္မ်ားသို႔ ၫႊန္ၾကားထားျခင္း ျဖစ္ပါတယ္။

ထို႔အျပင္ ၾသဂုတ္ ၁၂ ရက္ ကျပဳလုပ္ခဲ့သည့္ ဗဟိုေကာ္မတီ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ရန္ကုန္၊ မႏၲေလးႏွင့္ အျခားၿမိဳ႕ ႀကီးမ်ားရွိ စားေသာက္ဆိုင္ႏွင့္တြဲထားသည့္ဘားမ်ားႏွင့္ သီးျခားေန ရာမ်ား ဘားမ်ားဖြင့္ေနသည္ကို ေတြ႕ရွိေနရျခင္းေၾကာင့္ အဆိုပါ ဆိုင္မ်ားကို ပိတ္သိမ္းသည္အထိ ထိေရာက္စြာအေရးယူရန္ ၫႊန္ ၾကားထားပါတယ္။

‘‘အဓိကကေတာ့ ရန္ကုန္ လို၊ မႏၲေလးလိုၿမိဳ႕ႀကီးေတြမွာ ဘားေတြ ျပန္ဖြင့္ေနၾကတယ္။ ဒါက တရားဝင္ဖြင့္ခြင့္ျပဳေသးတာမဟုတ္ဘူး။ ဒီအတြက္ ဘယ္လို အေရးယူႏိုင္တယ္ဆိုတာ အသိ ေပးတာလည္းပါတယ္။ တကယ္ လည္း စိစစ္အေရးယူသြားမယ္’’ ဟု ရန္ကုန္တိုင္း ကိုဗစ္ တားဆီး၊ ကာကြယ္၊ ထိန္းခ်ဳပ္ေရး ေကာ္မတီ ဥကၠ႒ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္း က ေျပာပါတယ္။

ဧၿပီလက စတင္ပိတ္သိမ္း ခိုင္းခဲ့သည့္ ဘား၊ ႏိုက္ကလပ္ႏွင့္ ေကတီဗီ ဆိုင္မ်ားကို လိုက္လံစစ္ေဆး ရန္ ခ႐ိုင္အလိုက္ အာဏာပိုင္မ်ား သို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကတာဝန္ေပးထားေၾကာင္း ၎က ဆိုသည္။ သို႔ေသာ္ အဆိုပါအ ေရးကိစၥႏွင့္ဆက္စပ္၍ အေရးယူ မႈမရွိေသးေပ။ တိုင္းႏွင့္ ျပည္နယ္ အသီးသီး၌ ၫႊန္ၾကားစာကို ၾသ ဂုတ္ ၁၄ ရက္ႏွင့္ ၁၅ ရက္စြဲျဖင့္ ထုတ္ျပန္ ထားေသာ္လည္း ရန္ ကုန္ၿမိဳ႕ရွိ ဘားႏွင့္ ႏိုက္ကလပ္ မ်ားသည္ ၾသဂုတ္ ၁၉ ရက္အထိ ဖြင့္လွစ္ေနဆဲ ျဖစ္ပါတယ္။

unicode

ဘား၊ နိုက်ကလပ်နှင့် ကေတီဗီ များ အမှန်တကယ် ပိတ် ရန် ညွှန်ကြား၊ မပိတ် လျှင် ဆိုင်ကိုပိတ်သိမ်းမည်

တစ် နိုင်လုံးတွင် ဘား၊ နိုက်ကလပ်နှင့် ကေတီဗီ ဆိုင်များဖွင့်ခွင့်မပြုသေးကြောင်း ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ကထုတ်ပြန်လိုက်ပါတယ်။

ညွှန်ကြားချက် များလိုက်နာ ခြင်းမရှိဘဲ ဖွင့်နေသည် ကို စိစစ် တွေ့ရှိပါက ဆိုင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည်ဟု ကော်မတီက အသိပေးထား သည်။ နေပြည်တော်ကောင်စီအ ပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ဟိုတယ်များနှင့် သီးခြားနေရာများ ရှိ ဘား၊ နိုက်ကလပ်နှင့် ကေတီဗီ ဆိုင်များသည် လက်ရှိကပ်ရောဂါ ကူးစက်ရန်လွယ်ကူသည့်နေရာများဖြစ်သည့် အတွက် ဖွင့်လှစ် ခြင်း ခွင့်မပြုရန်နှင့် သတ်မှတ် ညွှန်ကြားချက်များကို လိုက်လံ စစ်ဆေးရန် ဒေသဆိုင်ရာအာ ဏာပိုင်များသို့ ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။

ထို့အပြင် သြဂုတ် ၁၂ ရက် ကပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ ကြီးများရှိ စားသောက်ဆိုင်နှင့်တွဲထားသည့်ဘားများနှင့် သီးခြားနေ ရာများ ဘားများဖွင့်နေသည်ကို တွေ့ရှိနေရခြင်းကြောင့် အဆိုပါ ဆိုင်များကို ပိတ်သိမ်းသည်အထိ ထိရောက်စွာအရေးယူရန် ညွှန် ကြားထားပါတယ်။

‘‘အဓိကကတော့ ရန်ကုန် လို၊ မန္တလေးလိုမြို့ကြီးတွေမှာ ဘားတွေ ပြန်ဖွင့်နေကြတယ်။ ဒါက တရားဝင်ဖွင့်ခွင့်ပြုသေးတာမဟုတ်ဘူး။ ဒီအတွက် ဘယ်လို အရေးယူနိုင်တယ်ဆိုတာ အသိ ပေးတာလည်းပါတယ်။ တကယ် လည်း စိစစ်အရေးယူသွားမယ်’’ ဟု ရန်ကုန်တိုင်း ကိုဗစ် တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောပါတယ်။

ဧပြီလက စတင်ပိတ်သိမ်း ခိုင်းခဲ့သည့် ဘား၊ နိုက်ကလပ်နှင့် ကေတီဗီ ဆိုင်များကို လိုက်လံစစ်ဆေး ရန် ခရိုင်အလိုက် အာဏာပိုင်များ သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတာဝန်ပေးထားကြောင်း ၎င်းက ဆိုသည်။ သို့သော် အဆိုပါအ ရေးကိစ္စနှင့်ဆက်စပ်၍ အရေးယူ မှုမရှိသေးပေ။ တိုင်းနှင့် ပြည်နယ် အသီးသီး၌ ညွှန်ကြားစာကို သြ ဂုတ် ၁၄ ရက်နှင့် ၁၅ ရက်စွဲဖြင့် ထုတ်ပြန် ထားသော်လည်း ရန် ကုန်မြို့ရှိ ဘားနှင့် နိုက်ကလပ် များသည် သြဂုတ် ၁၉ ရက်အထိ ဖွင့်လှစ်နေဆဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

4 × 2 =