ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ တြင္ ယေန႔ ည ၈နာရီ မွ စတင္၍ Stay at Home အမိန႔္ ခ်မွတ္ လိုက္ၿပီ …

စစ္ေတြၿမိဳ႕နယ္ကိုStay at Home အျဖစ္ေၾကညာ

စစ္ေတြၿမိဳ႕နယ္မွာ COVID-19 ျပည္တြင္း ကူးစက္မႈလူနာေတြ ေတြ႕ရွိလာရတဲ့အတြက္ စစ္ေတြၿမိဳ႕နယ္မွာ ေနထိုင္သူေတြအေနနဲ႔ ဩဂုတ္(၂၀)ရက္ ည(၈)နာရီကစၿပီး Stay at Homeအစီအစဥ္မွာ အက်ဳံးဝင္တယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။ အဲ့ဒါေၾကာင့္ စစ္ေတြၿမိဳ႕နယ္မွာ ေနထိုင္ သူေတြ အေန နဲ႔ အစိုးရဌာန၊ အဖြဲ႕အစည္း၊ ကုမၸဏီစက္႐ုံ၊ အလုပ္႐ုံေတြမွာ တာဝန္ထမ္းေဆာင္ဖို႔သြားေရာက္တဲ့သူေတြကလြဲၿပီး အိမ္မွာပဲေနဖို႔၊ ေဈးဝယ္ဖို႔အတြက္ တစ္အိမ္တစ္ဦးႏႈန္းသြားဖို႔၊ ေဆး႐ုံ၊ေဆးခန္းသြားရင္ တစ္အိမ္ႏွစ္ဦးႏႈန္းသြားဖို႔၊

အျပင္သြားရင္ႏွာေခါင္းစည္း တပ္ဖို႔၊ ေဈးကို ေမာ္ေတာ္ကားနဲ႔သြားရင္ ယာဥ္ေမာင္းအျပင္တစ္ဦး၊ ေဆး႐ုံ၊ေဆးခန္းကို ေမာ္ေတာ္ယာဥ္နဲ႔သြားရင္ ယာဥ္ေမာင္းအျပင္ႏွစ္ဦးသာ သြားေရာက္ဖို႔၊ အလုပ္သြားသူေတြရဲ႕ႀကိဳ/ပို႔ယာဥ္ေတြကိုပဲ ရပ္ကြက္ေက်ာ္လြန္သြားခြင့္ျပဳဖို႔စတဲ့ အခ်က္ေတြကို လိုက္နာရေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ သတ္မွတ္ဦးေရ ထက္ပိုၿပီး သြား ေရာက္ဖို႔ျဖစ္ေစ၊ အျခားအေရးေပၚကိစၥေတြအတြက္ သြားေရာက္ဖို႔ရွိရင္ျဖစ္ေစ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြရဲ႕ ခြင့္ျပဳခ်က္နဲ႔ သြားလာရမွာျဖစ္ၿပီး အလုပ္သြား၊အလုပ္ျပန္ကလြဲၿပီး ရပ္ကြက္အတြင္းဝင္/ထြက္ခြင့္မျပဳဘူးလို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီအမိန႔္ေတြကို လိုက္နာဖို႔ ပ်က္ကြက္ရင္ ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရး ဥပေဒအရ အေရးယူခံရမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဩဂုတ္(၂၀)ရက္ ည(၈)နာရီထုတ္ျပန္ခ်က္အရ စစ္ေတြမွာ ျပည္တြင္းကူးစက္မႈအျဖစ္သတ္မွတ္ႏိုင္တဲ့COVID-19အတည္ျပဳလူနာ(၃)ဦး ထပ္မံေတြ႕ရွိရၿပီး ျပည္တြင္း ကူးစက္မႈလူနာ (၉)ဦးရွိေနၿပီျဖစ္ပါတယ္..

မူရင္း Onenewsmyanmar

unicode

ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ယနေ့ ည ၈နာရီ မှ စတင်၍ Stay at Home အမိန့် ချမှတ် လိုက်ပြီ …

စစ်တွေမြို့နယ်ကိုStay at Home အဖြစ်ကြေညာ

စစ်တွေမြို့နယ်မှာ COVID-19 ပြည်တွင်း ကူးစက်မှုလူနာတွေ တွေ့ရှိလာရတဲ့အတွက် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ဩဂုတ်(၂၀)ရက် ည(၈)နာရီကစပြီး Stay at Homeအစီအစဉ်မှာ အကျုံးဝင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ အဲ့ဒါကြောင့် စစ်တွေမြို့နယ်မှာ နေထိုင် သူတွေ အနေ နဲ့ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီစက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့သွားရောက်တဲ့သူတွေကလွဲပြီး အိမ်မှာပဲနေဖို့၊ ဈေးဝယ်ဖို့အတွက် တစ်အိမ်တစ်ဦးနှုန်းသွားဖို့၊ ဆေးရုံ၊ဆေးခန်းသွားရင် တစ်အိမ်နှစ်ဦးနှုန်းသွားဖို့၊

အပြင်သွားရင်နှာခေါင်းစည်း တပ်ဖို့၊ ဈေးကို မော်တော်ကားနဲ့သွားရင် ယာဉ်မောင်းအပြင်တစ်ဦး၊ ဆေးရုံ၊ဆေးခန်းကို မော်တော်ယာဉ်နဲ့သွားရင် ယာဉ်မောင်းအပြင်နှစ်ဦးသာ သွားရောက်ဖို့၊ အလုပ်သွားသူတွေရဲ့ကြို/ပို့ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန်သွားခွင့်ပြုဖို့စတဲ့ အချက်တွေကို လိုက်နာရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် သတ်မှတ်ဦးရေ ထက်ပိုပြီး သွား ရောက်ဖို့ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စတွေအတွက် သွားရောက်ဖို့ရှိရင်ဖြစ်စေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ သွားလာရမှာဖြစ်ပြီး အလုပ်သွား၊အလုပ်ပြန်ကလွဲပြီး ရပ်ကွက်အတွင်းဝင်/ထွက်ခွင့်မပြုဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအမိန့်တွေကို လိုက်နာဖို့ ပျက်ကွက်ရင် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူခံရမယ်လို့ ကြေညာလိုက်ပါတယ်။ ဩဂုတ်(၂၀)ရက် ည(၈)နာရီထုတ်ပြန်ချက်အရ စစ်တွေမှာ ပြည်တွင်းကူးစက်မှုအဖြစ်သတ်မှတ်နိုင်တဲ့COVID-19အတည်ပြုလူနာ(၃)ဦး ထပ်မံတွေ့ရှိရပြီး ပြည်တွင်း ကူးစက်မှုလူနာ (၉)ဦးရှိနေပြီဖြစ်ပါတယ်..

မူရင်း Onenewsmyanmar

Add a Comment

Your email address will not be published. Required fields are marked *

two + eleven =