မာန်အောင် တွင် သန္တာကျောက်တန်း တခု ထွက်ပေါ်လာ၊ လူထောင် နဲ့ ချီပြီး လာကြည့်နေကြ

မာန်အောင် တွင် သန္တာကျောက်တန်း တခု ထွက်ပေါ်လာ၊ လူထောင် နဲ့ ချီပြီး လာကြည့်နေကြ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာ အနီး ပင်လယ်ကမ်းစပ် တွင် ဒီရေကျ သွားချိန် အလွန် လှပသော သဘာဝ သန္တာကျောက်တန်းတစ်ခု ပေါ်ထွက်လာသဖြင့် သွားရောက် ကြည့်ရှုသူများဖြင့် အထူးများပြားနေတယ်လို့ သိရပါတယ်။

မာန်အောင်မြို့မှ လူမှုရေး လူပ်ရှားဆောင်ရွက်နေသူ ကိုကျော်မိုးနိုင်က “ဒီသဘာဝ သန္တာကျောက်တန်းက အရင်ကတည်းက ရှိပါတယ်။ ပြင်ကောက်ရွာအနီး ပင်လယ်ကမ်းစပ်မှာပါ။ အခုက ဒီရေခမ်းချိန်ဆို ရေပေါ်ကနေ ပေါ်ထွက်လာတယ်။ ဒီရေ ကျသွားရင် သန္တာကျောက်တန်း ကို ဆင်းကြည့်လို့ရတယ်။ ကျောက်ပွင့်၊ ကျောက်ပန်းတွေနဲ့ အလွန်လှပတဲ့ အတွက် ဒေသခံတွေက သွားရောက်လည်ပတ်ကြည့်ရှုနေကြပါတယ်” လို့ ပြောပါတယ်။

ထိုသို့ လည်ပတ်ကြည့်ရှု ရာတွင် တစ်ချို့ လူငယ်များက သန္တာကျောက်တန်းရှိ ပန်းပွင့်များကဲ့သို့ လှပနေသည့် ကျောက်ပွင့်၊ ကျောက်ပန်း၊ ကျောက်ခက်များ ကို ချိုးဖဲ့ ယူဆောင်နေကြသဖြင့် အဆိုပါ သဘာဝသန္တာကျောက်တန်း ပျက်စီးသွားမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောနေကြ ပါတယ်။

သန္တာကျောက်တန်းမှာ တစ်မိုင်ခန့် အရှည် ရှိမည်ဟု ခန့်မှန်း ရပြီး ပြင်ကျယ်ကြီး တစ်ခုဖြစ်နေကာ ဒီရေကျပြီး လုံးဝ ရေစစ်သွားချိန် တွင် ပေါ်ထွက် လာခြင်းဖြစ်သည်ဟု မာန်အောင် ဒေသခံ ကိုတင်ဝင်းက ပြောပါတယ်။ “သန္တာကျောက်တန်းက ရေအောက်မှာ ရှိနေတော့ ကျောက်ပန်းတွေက လူတွေ လက်နဲ့ ဖဲ့ယူလို့ ရအောင်ထိ မွနေပါတယ်။ အလွန်လှပတဲ့ သဘာဝ ကျောက်တန်းပါ” ဟု ပြောပါတယ်။

သဘာဝ သန္တာကျောက်တန်းကို လွန်ခဲ့သော တစ်ရက်နှစ်ရက်စပြီး ဒေသခံ ပြည်သူများ သွားရောက် လည်ပတ် ကြည့်ရှုနေကြပြီး မေလ ၂၃ ရက်နေ့ကဆိုလျှင် ဒေသခံ ပြည်သူ ထောင်နှင့်ချီပြီး လာကြည့်ကြ တယ်ဟု သိရပါတယ်။

crd : whitesone