ေပါ့ေပါ့ မေနၾကပါနဲ႔။ ေၾကာက္စရာေကာင္းတဲ့ ဗိုင္းရပ္ႀကီး ျမန္မာျပည္မွာ စေနပီဗ်ာ…။

ကူးစက္မႈ အလြန္ ျမန္ဆန္တဲ့ ကိုဗစ္ သေႏၶေျပာင္းပိုးကို ေတြ႕လာရၿပီး ျဖစ္တဲ့ အတြက္ ျပည္သူေတြအေန နဲ႔ သတိထား ဖို႔ ေဆးသုေတသန ဦးစီးဌာ နရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡ ေဒါက္တာေဇာ္သန္းထြန္း က သတိေပး လိုက္ ပါတယ္။ ျပည္ပက ေနျမန္မာႏိုင္ငံ ကို ျပန္ လာတဲ့ အတည္ျပဳလူနာေတြ မွာ ဒီပိုးကိုေတြ႕ရ တဲ့ အျပင္ ရန္ကုန္ အပါအဝင္ ေဒသအမ်ားစု မွာ ေရာဂါ ကာကြယ္ေရးဆိုင္ရာ လိုက္နာရမယ့္ အခ်က္ေတြကို လိုက္နာဖို႔အားနည္းတဲ့ အတြက္ အခုလို ဆိုလိုက္တာ လည္းျဖစ္ပါတယ္။ ျပည္ပက ျပန္လာသူေတြ မွာေတြ႕ရတဲ့ ဓာတ္ခြဲနမူနာ ၅ ခု မွာ ကိုဗစ္ပိုးသေႏၶေျပာင္းကိုေတြ႕ရၿပီး ဒီပိုးကေန ျပည္တြင္းမွာ ကူးစက္မႈျဖစ္ခဲ့ရင္ ဒုတိယ လႈိင္းျဖစ္ႏိုင္ေျခ ရွိတာ ကိုသတိထား ဖို႔လိုတယ္လို႔လည္း ဆို ပါတယ္။

ဒီကိုဗစ္ပိုးသေႏၶေျပာင္း ဟာ ခုန္ေက်ာ္ ကူးစက္တတ္ၿပီး ေရာဂါပိုးရွိသူ ကို ထိေတြ႕မိသူ ကို တိုက္႐ိုက္ ကူးစက္တာ မဟုတ္ဘဲ ဒီလိုထိေတြ႕မိသူ ရဲ႕ မိသားစုဝင္ေတြကို ပါကူးစက္တတ္တာ ကိုေတြ႕လာရၿပီလို႔ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ၊ ဗဟို ကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ ခင္ခင္ႀကီး က သူ႔ရဲ႕ ေဖ့ဘြတ္ခ္မွာ ေရးသားထား ပါတယ္ ။ ဒါေၾကာင့္ အထူးဂ႐ုျပဳစရာ လည္းျဖစ္လာၿပီ လို႔ သိရ ပါတယ္ ။

” ဗီဇေျပာင္းလာတဲ့ ကိုဗစ္ (D614G mutation) ေၾကာင့္ ပိုဆိုးတဲ့ ပိုးျဖစ္လာ ”

တစ္ကမာၻလုံးအတိုင္းအတာ အားျဖင့္ ၆၀ရာခိုင္ႏႈန္းေက်ာ္သည့္ ယခု ဗီဇေျပာင္းလဲလာသည့္ ဗိုင္းရပ္စ္အမ်ိဳးအစား အသစ္ ျဖစ္ေနဟု သုေတသနမ်ားကေထာက္ျပၾကသည္။ S-protein တြင္ D614G mutation ျဖစ္ပါက ဗိုင္းရပ္စ္ပိုးသည္ ဆဲလ္အတြင္း ထိုးေဖာက္ဝင္ေရာက္ႏိုင္စြမ္း ပိုမ်ားလာျခင္း၊ ယခင္ေရာဂါျဖစ္ဖူးသူမ်ား၏ ပဋိပစၥည္းသည္ ဗီဇေျပာင္းေနသည့္ ပိုးကိုဟန႔္တားႏိုင္စြမ္း က်ဆင္းသြားျခင္းတို႔ကိုေတြ႕လာရသျဖင့္ ပိုဆိုးေသာ အေျခအေနကို ျဖစ္ေနႏိုင္ၿပီး ယခင္ျဖစ္ဖူးသူမ်ားတြင္ ပါ ထပ္မံ ျဖစ္ႏိုင္သည့္ အလားအလာရွိေနပါသည္။

India , Iran, Middle-east, Brazil တို႔တြင္ပါ အဆိုပါ ဗီဇေျပာင္းပိုးကို ေတြ႕ေနရၿပီး အေမရိကတြင္ ၇၀ ရာခိုင္ႏႈန္းႏွင့္ အိႏၵိယတြင္ စုစုေပါင္း၏ ၅၀ ရာခိုင္ႏႈန္းအထိေတြ႕ ရွိေနရၿပီဟုဆိုသည္။ မ်ိဳးဗီဇအေျခအေနကို ေစာင့္ၾကည့္ေလ့လာေနဖို႔ လိုအပ္သည့္ အေနအထား ျဖစ္ပါသည္။

ျပည္သူမ်ား လုံးဝ (လုံးဝ) မေပါ့ဆၾကပါႏွင့္

Ref: https://www.biorxiv.org/…/10.1…/2020.06.20.161323v1.full.pdf

https://doi.org/10.1016/j.ijid.2020.05.071

https://www.thailandmedical.news/…/warning-d614g-mutation-c…

Myat Htut Nyunt

unicode

ပေါ့ပေါ့ မနေကြပါနဲ့။ ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်ကြီး မြန်မာပြည်မှာ စနေပီဗျာ…။

ကူးစက်မှု အလွန် မြန်ဆန်တဲ့ ကိုဗစ် သန္ဓေပြောင်းပိုးကို တွေ့လာရပြီး ဖြစ်တဲ့ အတွက် ပြည်သူတွေအနေ နဲ့ သတိထား ဖို့ ဆေးသုတေသန ဦးစီးဌာ နရဲ့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က သတိပေး လိုက် ပါတယ်။ ပြည်ပက နေမြန်မာနိုင်ငံ ကို ပြန် လာတဲ့ အတည်ပြုလူနာတွေ မှာ ဒီပိုးကိုတွေ့ရ တဲ့ အပြင် ရန်ကုန် အပါအဝင် ဒေသအများစု မှာ ရောဂါ ကာကွယ်ရေးဆိုင်ရာ လိုက်နာရမယ့် အချက်တွေကို လိုက်နာဖို့အားနည်းတဲ့ အတွက် အခုလို ဆိုလိုက်တာ လည်းဖြစ်ပါတယ်။ ပြည်ပက ပြန်လာသူတွေ မှာတွေ့ရတဲ့ ဓာတ်ခွဲနမူနာ ၅ ခု မှာ ကိုဗစ်ပိုးသန္ဓေပြောင်းကိုတွေ့ရပြီး ဒီပိုးကနေ ပြည်တွင်းမှာ ကူးစက်မှုဖြစ်ခဲ့ရင် ဒုတိယ လှိုင်းဖြစ်နိုင်ခြေ ရှိတာ ကိုသတိထား ဖို့လိုတယ်လို့လည်း ဆို ပါတယ်။

ဒီကိုဗစ်ပိုးသန္ဓေပြောင်း ဟာ ခုန်ကျော် ကူးစက်တတ်ပြီး ရောဂါပိုးရှိသူ ကို ထိတွေ့မိသူ ကို တိုက်ရိုက် ကူးစက်တာ မဟုတ်ဘဲ ဒီလိုထိတွေ့မိသူ ရဲ့ မိသားစုဝင်တွေကို ပါကူးစက်တတ်တာ ကိုတွေ့လာရပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီး က သူ့ရဲ့ ဖေ့ဘွတ်ခ်မှာ ရေးသားထား ပါတယ် ။ ဒါကြောင့် အထူးဂရုပြုစရာ လည်းဖြစ်လာပြီ လို့ သိရ ပါတယ် ။

” ဗီဇပြောင်းလာတဲ့ ကိုဗစ် (D614G mutation) ကြောင့် ပိုဆိုးတဲ့ ပိုးဖြစ်လာ ”

တစ်ကမ္ဘာလုံးအတိုင်းအတာ အားဖြင့် ၆၀ရာခိုင်နှုန်းကျော်သည့် ယခု ဗီဇပြောင်းလဲလာသည့် ဗိုင်းရပ်စ်အမျိုးအစား အသစ် ဖြစ်နေဟု သုတေသနများကထောက်ပြကြသည်။ S-protein တွင် D614G mutation ဖြစ်ပါက ဗိုင်းရပ်စ်ပိုးသည် ဆဲလ်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ပိုများလာခြင်း၊ ယခင်ရောဂါဖြစ်ဖူးသူများ၏ ပဋိပစ္စည်းသည် ဗီဇပြောင်းနေသည့် ပိုးကိုဟန့်တားနိုင်စွမ်း ကျဆင်းသွားခြင်းတို့ကိုတွေ့လာရသဖြင့် ပိုဆိုးသော အခြေအနေကို ဖြစ်နေနိုင်ပြီး ယခင်ဖြစ်ဖူးသူများတွင် ပါ ထပ်မံ ဖြစ်နိုင်သည့် အလားအလာရှိနေပါသည်။

India , Iran, Middle-east, Brazil တို့တွင်ပါ အဆိုပါ ဗီဇပြောင်းပိုးကို တွေ့နေရပြီး အမေရိကတွင် ၇၀ ရာခိုင်နှုန်းနှင့် အိန္ဒိယတွင် စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းအထိတွေ့ ရှိနေရပြီဟုဆိုသည်။ မျိုးဗီဇအခြေအနေကို စောင့်ကြည့်လေ့လာနေဖို့ လိုအပ်သည့် အနေအထား ဖြစ်ပါသည်။

ပြည်သူများ လုံးဝ (လုံးဝ) မပေါ့ဆကြပါနှင့်

Ref: https://www.biorxiv.org/…/10.1…/2020.06.20.161323v1.full.pdf

https://doi.org/10.1016/j.ijid.2020.05.071

https://www.thailandmedical.news/…/warning-d614g-mutation-c…

Myat Htut Nyunt

Add a Comment

Your email address will not be published. Required fields are marked *

seventeen + 17 =