ဟန္ေဆာင္မႈ မရွိပဲ ပါးခ်ိဳင့္ႏွစ္ဖက္ေပၚ ေအာင္ ရယ္ေမာရင္း အသည္းယားစရာ ေကာင္းေလာက္ေအာင္​ ပိုစ့္ေပးေနတဲ့ ေအးျမတ္သူ

ခ်စ္ပရိသတ္ႀကီး​ေရ အကယ္ဒမီ ေအးျမတ္သူ ကေတာ့ အႏုပညာလမ္းေၾကာင္းေပၚကို ဆယ္ေက်ာ္သက္အ႐ြယ္ထဲက ဝင္ေရာက္ခဲ့ၿပီး ယခုလက္ရွိမွာေတာ့ ေနရာတစ္ခုကို အခိုင္အ မာစိုက္ထူထားႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။ ေအးျမတ္သူက ဗီဒီယိုဇာတ္ကားေခတ္ကတည္းက ေအာင္ျမင္ေက်ာ္ၾကားခဲ့ၿပီး ယေန႔တိုင္ အႏုပညာလႈပ္ရွားမႈေတြကို လုပ္ကိုင္ေနတာလည္းျဖစ္ပါတယ္။ သဘာဝ က်ၿပီး ပီျပင္တဲ့ သ႐ုပ္ေဆာင္ေတြေၾကာင့္ သူမ ပါဝင္ထားတဲ့ ဇာတ္ကားေတြကိုလည္း ပရိသတ္ေတြက အႀကိဳက္ေတြ႕ေနၾကတာပါ။

သူမရဲ႕ ၿပဳံးရယ္လိုက္တိုင္းေပၚလာတဲ့ ပါးခ်ိဳင့္ေလးေတြ ေၾကာင့္လည္း ျမင္သူတိုင္း အသည္းယားအခ်စ္ပိုေနရသူေလးပါေနာ္။ အ႐ြယ္နဲ႔မလိုက္ေအာင္ ႏုပ်ိဳေနဆဲျဖစ္တဲ့ ေအးျမတ္သူက လိမၼာေရးျခားရွိၿပီး မိဘကို လုပ္ေကြၽးျပဳစုေနတာျဖစ္လို႔ ပရိသတ္ေတြသာမကပဲ အႏုပညာရွင္အခ်င္းခ်င္းကပါ အခ်စ္ပိုေနတာကိုလည္း ေတြ႕ရပါတယ္။ ေအးျမတ္သူက လတ္တေလာ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ကား႐ိုက္ေတြရပ္နားထားၿပီး photo shootingေလးေတြနဲ႔ ေၾကာ္ျငာေလးေတြကို လက္ခံ႐ိုက္ကူးေနတာလည္းျဖစ္ပါတယ္။

ယေန႔ မွာေတာ့ ေအးျမတ္သူက မိတ္ကပ္ဖန္တီးရွင္ ညီညီေမာင္ စမ္းေခ်ာင္း (သုသု)ရဲ႕ မိတ္ကပ္ျပင္ဆင္မႈ ကို ခံယူၿပီး photo shootingတစ္ခုကို ႐ိုက္ကူးေနတာပါ။ ၾကည္လင္ဝင္းပတဲ့ အသားအရည္ေလးကို ပိုင္ဆိုင္ထားတဲ့ ေအးျမတ္သူက ဆယ္ေက်ာ္သက္တစ္ေယာက္လို ႏုပ်ိဳလွပေနၿပီး အသည္းယားစရာေကာင္းေအာင္ ပိုစ့္ေပးေန ခဲ့တာပဲျဖစ္ပါတယ္။ ေအးျမတ္သူရဲ႕ ပုံေလးေတြတိုင္းက ဆြဲေဆာင္မႈ ရွိၿပီး တမ်ိဳးေလးအလွေတြပိုေနတာေၾကာင့္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္..။

Source – Nyi Nyi Maung’s facebook account

unicode

ချစ်ပရိသတ်ကြီး​ရေ အကယ်ဒမီ အေးမြတ်သူ ကတော့ အနုပညာလမ်းကြောင်းပေါ်ကို ဆယ်ကျော်သက်အရွယ်ထဲက ဝင်ရောက်ခဲ့ပြီး ယခုလက်ရှိမှာတော့ နေရာတစ်ခုကို အခိုင်အ မာစိုက်ထူထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ အေးမြတ်သူက ဗီဒီယိုဇာတ်ကားခေတ်ကတည်းက အောင်မြင်ကျော်ကြားခဲ့ပြီး ယနေ့တိုင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ သဘာဝ ကျပြီး ပီပြင်တဲ့ သရုပ်ဆောင်တွေကြောင့် သူမ ပါဝင်ထားတဲ့ ဇာတ်ကားတွေကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါ။

သူမရဲ့ ပြုံးရယ်လိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်လေးတွေ ကြောင့်လည်း မြင်သူတိုင်း အသည်းယားအချစ်ပိုနေရသူလေးပါနော်။ အရွယ်နဲ့မလိုက်အောင် နုပျိုနေဆဲဖြစ်တဲ့ အေးမြတ်သူက လိမ္မာရေးခြားရှိပြီး မိဘကို လုပ်ကျွေးပြုစုနေတာဖြစ်လို့ ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အချစ်ပိုနေတာကိုလည်း တွေ့ရပါတယ်။ အေးမြတ်သူက လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ကားရိုက်တွေရပ်နားထားပြီး photo shootingလေးတွေနဲ့ ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်။

ယနေ့ မှာတော့ အေးမြတ်သူက မိတ်ကပ်ဖန်တီးရှင် ညီညီမောင် စမ်းချောင်း (သုသု)ရဲ့ မိတ်ကပ်ပြင်ဆင်မှု ကို ခံယူပြီး photo shootingတစ်ခုကို ရိုက်ကူးနေတာပါ။ ကြည်လင်ဝင်းပတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူက ဆယ်ကျော်သက်တစ်ယောက်လို နုပျိုလှပနေပြီး အသည်းယားစရာကောင်းအောင် ပိုစ့်ပေးနေ ခဲ့တာပဲဖြစ်ပါတယ်။ အေးမြတ်သူရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှု ရှိပြီး တမျိုးလေးအလှတွေပိုနေတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်..။

Source – Nyi Nyi Maung’s facebook account

Add a Comment

Your email address will not be published. Required fields are marked *

14 − ten =