




unicode

ကိုယ့်ကိုကိုယ် Instock ပါ လို့ ပရိသတ်တွေကို ညာမပြောချင်တော့ဘူး ဆိုပြီး ချစ်ရသူလေး ကို အလင်းပြ လာတဲ့ ယုသန္တာတင်

နိုင်ငံကျော် မင်းသမီး တစ်လက်ဖြစ်တဲ့ ယုသန္တာတင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ယုသန္တာတင်က လက်ရှိ မှာတော့ သူမရဲ့ ရိုက်ကူးရေးတွေ အကုန်လုံးကို ရပ်နားထားပြီး အားလပ်ချိန်ရတုန်းလေး ခရီးတွေပဲ ဆက်တိုက် သွားနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတာ့ ယုသန္တာတင် ရဲ့ လှုပ်ရှားမှုတိုင်း အားလုံးကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။

လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ကိုယ်ရေးကိုယ်တာ နဲ့ ပက်သတ်တဲ့ ကိစ္စတွေ သိပ်တင်လေ့မရှိတဲ့ ယုသန္တာတင်က ဒီကနေ့မှာတော့ ပရိသတ်တွေကို ကိုယ့်ကို ကိုယ် Instock ပါဆိုပြီး ညာမပြောချင်တော့ဘူးဆိုတဲ့အကြောင်းကို ပြောလာပါတယ်။ ယုသန္တာတင်က ကိုရီးယားမင်းသား Kim Soo Hyun နဲ့ ဓာတ်ပုံလေးတွေ ကို မျှဝေပြီး ပရိသတ်တွေ အသည်းယားအောင် ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ယုသန္တာတင် ကတော့ ပရိသတ်တွေ အသည်း ယားပြီး သိချင်စိတ်တွေ ဖြစ်အောင် စနောက်ကျီစယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အစ အနောက်သန်လွန်းသူလေး ယုသန္တာတင်ကို ပိုချစ်သွားမယ် ထင်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Yu Thandar Tin’s fb
Credit – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

6 + eighteen =