စစ္ေတြ မွာ ကိုဗစ္ ဒုတိယလႈိင္း ျဖစ္တာ ေသခ်ာ သြားပါၿပီ (ေနာက္ထပ္ လူနာ (၁၀) ဦး ထပ္ေတြ႕၊ ကြင္းဆက္ျပတ္ (၅) ဦးရွိ)

ကို ဗစ္ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ ေနာက္ဆုံးရ သတင္းအေျခအေန (၂၁-၈-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီ (၂၁-၈-၂၀၂၀) ရက္ေန႔ အတြက္ ကိုဗစ္ ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၁၀) ဦး ထပ္မံေတြ႕ရွိရပါသည္။

(၂၁-၈-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၄၁၉) ဦးရွိပါသည္။ လူနာေဟာင္း မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ (၄)ဦး ရွိသျဖင့္ ယေန႔အထိ ေရာဂါပိုးကင္းစင္လာသူ စုစုေပါင္း (၃၃၇) ဦး ရွိပါသည္။ ၎တို႔အနက္ (၃၃၁) ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ ရွိပါသည္။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။

(၂၀-၈-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၂၁-၈-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၄၅) ဦးရွိပါသည္။

unicode

စစ်တွေ မှာ ကိုဗစ် ဒုတိယလှိုင်း ဖြစ်တာ သေချာ သွားပါပြီ (နောက်ထပ် လူနာ (၁၀) ဦး ထပ်တွေ့၊ ကွင်းဆက်ပြတ် (၅) ဦးရှိ)

ကို ဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ နောက်ဆုံးရ သတင်းအခြေအနေ (၂၁-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ (၂၁-၈-၂၀၂၀) ရက်နေ့ အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၀) ဦး ထပ်မံတွေ့ရှိရပါသည်။

(၂၁-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄၁၉) ဦးရှိပါသည်။ လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၃၇) ဦး ရှိပါသည်။ ၎င်းတို့အနက် (၃၃၁) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

(၂၀-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၁-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၄၅) ဦးရှိပါသည်။

Add a Comment

Your email address will not be published. Required fields are marked *

one × 3 =